Coronavirus Disease 2019 (COVID- 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ၂၃-၄-၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၃၉၂/ ၂၆၄/ COVID- 19/ ကော်မတီ (၂၀၂၀) အရ ရက်တိုးမြှင့်သတ်မှတ်ထားပါသဖြင့် လွှတ်တော်လေ့လာရေး လာရောက်ခွင့်အား ဆက်လက်၍ ခေတ္တယာယီရပ်နားထားပါကြောင်းနှင့် လွှတ်တော်လေ့လာရေး ပြန်လည်ခွင့်ပြုမည့်ရက်အား အသိပေး ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ပန်ကြားအပ်ပါသည်။
ပြည်သူ့လွှတ်တော်ရုံး
(၂၉.၄.၂၀၂၀)
| လွှတ်တော်သို့လာရောက်လေ့လာနိုင်မည့်အချိန်များ |
တနင်္လာနေ့မှ သောကြာနေ့ အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၁၆ နာရီအထိ (အစိုးရရုံးပိတ်ရက်များ မပါ) လာရောက်လေ့လာနိုင်ပါသည်။ ဆက်သွယ်ရန်ဖုန်း - eMail – Online မှတဆင့်လျှောက်ထားမည်ဆိုပါက (၅)ရက် ကြိုတင် လျှောက်ထားနိုင်ပါသည် 
|
| လာရောက်လေ့လာသူများအနေဖြင့်လိုက်နာရမည့်စည်းကမ်းများ |
၁။ | လေ့လာသူများ၏ အချက်အလက်များကို ဖြည့်စွက်ရာတွင် အမည်၊ မှတ်ပုံတင်အမှတ် (မှတ်ပုံတင် မရှိသူများ/ ပျက်စီး/ ပျောက်ဆုံးသူများအတွက် သက်ဆိုင်ရာရပ်ကွက်၏ နေထိုင်ကြောင်း ထောက်ခံ ချက်များ၊ ကျောင်းသားဖြစ်ပါက ကျောင်းသားကတ်)၊ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာတို့ကို တစ်ပါတည်း ပြည့်စုံစွာ ဖြည့်စွက်၍ လျှောက်ထားပါရန်။ | ၂။ | လွှတ်တော်သို့ လာရောက်လေ့လာသည့်နေ့တွင် မှတ်ပုံတင်/ ထောက်ခံစာမူရင်းများ ယူဆောင် လာပါရန်။ | ၃။ | မြန်မာဆန်ဆန် ဝတ်စားဆင်ယင်ကြရန် (ဥပမာ - စကတ်တို၊ ဘောင်းဘီတို၊ လည်ဟိုက်အင်္ကျီ၊ လက်ပြတ် အင်္ကျီ စသည်တို့ မဝတ်ဆင်ရ)။ | ၄။ | ဧည့်သည်တော်များအနေဖြင့် ဂိတ်အမှတ်(၁) ကြိုးတံတားဂိတ်မှ စတင်ဝင်ရောက်၍ လုံခြုံရေးအရ စစ်ဆေးခြင်းကို ကြည်ဖြူစွာခံယူရန်နှင့် ဝင်/ထွက်ခွင့် လည်ဆွဲကတ်များအား စနစ်တကျ ထုတ်ယူပြီး ပျောက်ဆုံးမှု မရှိစေရေး ဂရုပြုကြရန်။ (တက္ကဆီနှင့် ဆိုင်ကယ်များ ဝင်ခွင့်မပြု) | ၅။ | သတ်မှတ်ထားသည့်နေရာများတွင် လေ့လာရန်နှင့် ဆူညံခြင်း မပြုကြရန်။ | ၆။ | လွှတ်တော်အစည်းအဝေးခန်းမအတွင်းသို့ မှတ်သားစရာ စာအုပ်၊ ဘောပင်နှင့် ခဲတံမှလွဲ၍ ကျန်ပစ္စည်း များအား ယူဆောင်ခြင်းမပြုရ။ | ၇။ | ကလေးငယ်များပါရှိသည့် မိဘများအနေဖြင့် အစည်းအဝေးခန်းမပြင်ပရှိ သတ်မှတ်နေရာတွင်သာ နေ၍ အစည်းအဝေးကျင်းပနေပုံအား လေ့လာရန်။ | ၈။ | လေ့လာသူများအနေဖြင့် အစားအသောက်များ၊ ရုပ်ရှင်/ ရုပ်သေကင်မရာ၊ ရေဒီယို၊ ကက်ဆက်၊ လက်ကိုင်ဖုန်း(စက်ပိတ်ထားပါရန်)၊ အသံလွှင့် အသံဖမ်းကိရိယာများအား သတ်မှတ်ထားသည့် Locker ထဲတွင် သော့ခတ်သိမ်းဆည်းရန်နှင့် သော့နံပါတ်များအား လုံခြုံရေးဝန်ထမ်းများထံ စာရင်း ပေးပြီး သော့များကို မိမိကိုယ်တိုင် စနစ်တကျ သိမ်းဆည်းရန်။ | ၉။ | အစည်းအဝေးခန်းမအတွင်းသို့ အစားအသောက်များ ယူဆောင်လာခြင်း မပြုရ။ | ၁၀။ | လေ့လာရေးစင်မြင့်တွင် နေရာယူသည့်အခါ ထိုင်ခုံပေါ်တွင် ဒူးထောက် ထိုင်ခြင်း၊ ရှေ့ခုံပေါ် ခြေထောက် တင်ခြင်း၊ စားပွဲပေါ် မှောက်အိပ်ခြင်း မပြုလုပ်ရ။ | ၁၁။ | လွှတ်တော်အစည်းအဝေး ခန်းမအတွင်းသို့ ဥက္ကဋ္ဌကြွရောက်လာစဉ်နှင့် ခန်းမအတွင်းမှ ပြန်လည် ထွက်ခွာစဉ် ဧည့်သည်တော်များအားလုံး မတ်တပ်ထရပ်ပေးကြပါရန်နှင့် အခမ်းအနားမှူးမှ အားလုံးထိုင်နိုင်ပါပြီဆိုမှ ထိုင်ပေးကြပါရန်။ | ၁၂။ | လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် လွှတ်တော်ကိုယ်စားလှယ်များက အစီအစဉ်တစ်ခုပြီးတိုင်း လက်ခုပ် ဩဘာတီးသည့်အချိန်တွင် ဧည့်သည်တော်များအနေဖြင့် လက်ခုပ်တီးခြင်း မပြုလုပ်ကြရန်။ | ၁၃။ | အစည်းအဝေး ခေတ္တရပ်နား/ ပြီးဆုံးချိန်မှသာ အစည်းအဝေးခန်းမအတွင်းမှ ထွက်ခွာရန်။ | ၁၄။ | လေ့လာခြင်းခရီးစဉ်ပြီးဆုံးပါက အမှတ်(၂) ကြိုးတံတားဂိတ်တွင် ဝင်/ထွက်ခွင့် ကတ်များအား ထုတ်ယူထားသည့် အရေအတွက်အတိုင်း စနစ်တကျ အပ်နှံပြီးမှ ပြန်လည်ထွက်ခွာရန်။ |
| | | | | | | | | | | | | | | | | | | | | | | | | | |
|