နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် မေးခွန်းများနှင့်အဆိုများ ဆောင်ရွက်ခဲ့မှု အခြေပြဇယား ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့်် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ တတိယအကြိမ် လွှတ်တော်များ၏ တတိယပုံမှန်အစည်းအဝေးများအောင်မြင်စွာ ပြီးမြောက်ခြင်း ဂုဏ်ပြုညစာ စားပွဲကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး
MY EN

(ဏ)- ဦးစိုင်းကျော်လှ(ကွန်ဟိန်းမဲဆန္ဒနယ်)

2026-11-16
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးစိုင်းကျော်လှ(ကွန်ဟိန်း မဲဆန္ဒနယ်) ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)

ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ရှိ ပြည်ထောင်စုလမ်းမကြီး ၃ မိုင်အား အဆင့်မြှင့်တင်ပေးရန်နှင့် လမ်းပခုံး သားများ ပြုပြင်ချဲ့ထွင်ပေးပါရန် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့သည် ပင်လယ်ရေ မျက်နှာပြင်အထက် ၂,၆၁၅ ပေတွင်တည်ရှိပြီး စိမ်းလန်းသော တောင်ကုန်းတောင်တန်းများနှင့် ပတ်လည် ဝိုင်းရံ၍ တိုင်းရင်းသားလူမျိုးများစုံလင်စွာဖြင့် ချစ်ကြည်ရင်းနှီးစွာနေထိုင်လျက်ရှိသော လှပသာယာ ဖွယ်ကောင်းသော မြို့လေးတစ်မြို့ဖြစ်ပါကြောင်း၊ ကာလိမြို့သည် ရှမ်းလူမျိုးအများစုနေထိုင် လျှက်ရှိ ကြပြီး ဗမာလူမျိုး၊ ပလောင်၊ လားဟူ၊ တရုတ်၊ အိန္ဒိယနွယ်ဖွားလူမျိုးများအပါအဝင် လူဦးရေစုစုပေါင်း ၁၀,၁၃၉  ဦး နေထိုင်လျှက်ရှိကြပါကြောင်း၊ ကာလိမြို့တွင်းလမ်းသည် မိတ္ထီလာ-တောင်ကြီး-လွိုင်လင်-နမ့်စန်-ကွန်ဟိန်း-ကာလိ-မိုင်းပျဉ်း-ကျိုင်းတုံ-တာချီလိတ် လမ်းမကြီးဖြစ် သော အာရှ လမ်းမကြီး (AH2) သည်အနောက်မှ အရှေ့သို့ ဖြတ်သန်းဖောက် လုပ်ထားလျက် ရှိပါကြောင်း၊ ၎င်းအပြင် ကာလိမြို့မှ မိုင်းစံမြို့-မိုင်းရှူးမြို့-တန့်ယန်းမြို့- လားရှိုးမြို့သို့ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချိတ်ဆက်ထားသော စစ်ရေးအရ မဟာဗျူဟာ ကျသော မြောက်ပိုင်းလမ်းလည်းရှိပါကြောင်း။

ထို့ကြောင့် ကာလိမြို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဆက်သွယ်ရာ လမ်းဆုံပေါ်၌လည်း တည်ရှိနေပါကြောင်း၊ ကာလိမြို့အတွင်းမှ ဖြတ် သန်း ဖောက်လုပ်ထားသော ပြည်ထောင်စုလမ်းမကြီးအားအသုံးပြု၍ ကုန်စည်ပို့ဆောင်ရေး ယာဉ် ကြီးများ၊ ယာဉ်ငယ်များ၊ အိမ်စီးကားများနှင့်စက်တပ်ယာဉ်များသည် နေ့စဉ်ဖြတ်သန်းသွားလာ လျက်ရှိပါ ကြောင်း၊နေ့စဉ်တိုးပွါးလာလျက်ရှိသောလူဦးရေ၊ ယာဉ်စီးရေများအရ ပြည်ထောင်စုလမ်းမကြီး၏ ကာလိမြို့တွင်း လမ်းသည် ကျဉ်းမြောင်းလာလျက်ရှိပြီး လမ်းပခုံးသားများ၌လည်း များစွာပျက်စီး လာလျက်ရှိပါကြောင်း၊ ကုန်တင်ယာဉ်ကြီးများသည် မြို့အတွင်းဖြတ်သန်းသွား လာကြရာတွင် ယာဉ် နှစ်စီးသည် ကောင်းစွာ ရှောင်တိမ်းနိုင်သော အခြေအနေမရှိ၍ ယာဉ်ကြောပိတ် ဆို့မှုများ နေ့စဉ်ဖြစ် ပေါ်လျက်ရှိပါကြောင်း၊ စာသင်ကျောင်းများဖွင့်စဉ်ကာလများတွင် ယာဉ် ကြောပိတ်ဆို့မှု ပိုမိုဖြစ်ပွားလျက်ရှိပြီး ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရန်အတွက် ယာဉ်ထိန်းရဲများ အကူအညီဖြင့် ကျောင်းတက်၊ ကျောင်းဆင်း အချိန်များတွင် ကြပ်မတ်ဆောင်ရွက်ရှိပါကြောင်း၊ ကာလိမြို့အတွင်း ဖြတ်သန်းဖောက်လုပ်ထားသော ပြည်ထောင်စုလမ်းမကြီး ၃ မိုင်ခန့်သည် ၂၄ ပေအကျယ် လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်နှင့် လမ်းပခုံးသားများပြုပြင်ချဲ့ထွင်ပေးရေးလုပ်ငန်းသည် မဖြစ်မနေ ဦးစားပေး ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ မည်ကဲ့သို့စီမံဆောင်ရွက်ပေးနိုင်မည်ကို မေးမြန်းခဲ့ ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင် က 

 မိတ္တီလာ-တောင်ကြီး-ကျိုင်းတုံ- တာချီလိတ်လမ်း၏ မိုင်တိုင် ၂၆၂/၆ မှ ၂၆၅/၆ အတွင်း ၃ မိုင်အရှည်ရှိသည့် လမ်းအပိုင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ လက်ရှိ လမ်းအခြေအနေတွင်  ၁၈ ပေအကျယ် ကတ္တရာလမ်းဖြစ်ပါကြောင်း၊ တစ်ရက်တွင် ပျမ်းမျှယာဉ်စီးရေ ၆၂၄ စီးခန့် ဖြတ်သန်း သွားလာလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း လမ်းမိုင်ပေါင်း ၃,၄၁၀ မိုင် ၃ ဖာလုံရှိပြီး လက်ရှိအခြေအနေတွင် ကတ္တရာကွန်ကရစ် (AC)လမ်း ၇၃ မိုင် ၁ ဖာလုံ၊ ကွန်ကရစ်လမ်း ၃၂ မိုင် ၆ ဖာလုံ၊ ကတ္တရာလမ်း ၂,၁၄၃ မိုင် ၄ ဖာလုံ၊ ကျောက်ခင်းလမ်း ၂၂၅ မိုင် ၁ ဖာလုံ၊ Paid လမ်းအနေနှင့် ၆၆ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အမာခံလမ်း ၁၁၇ မိုင် ၇ ဖာလုံ၊ မြေလမ်း ၆၅၉ မိုင်နှင့် ဆိုင်ကယ်လမ်း ၁၅၉ မိုင် Unpaid ၃၄ ရာခိုင်နှုန်းရှိ ပါကြောင်း၊ အဆိုပါလမ်းပိုင်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ပြည်နယ်ရန်ပုံ ငွေဖြင့် ၁၈ ပေအကျယ် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ၆.၆ ဖာလုံ၊ ၂၄ ပေ အကျယ် ကတ္တရာလမ်းချဲ့ ခင်းခြင်း ၁ ဖာလုံ၊ ကျောက်စီရေ မြောင်းတည်ဆောက်ခြင်း ၅၅၈ ပေ ဆောင်ရွက်လျက်ရှိပါကြောင်း။ 

၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၄ ပေအကျယ် ကတ္တရာခင်းခြင်း ၇ ဖာလုံ ဆောင်ရွက်ရန် လျာထားပါကြောင်းနှင့် ကျန်ရှိသည့်လမ်းပိုင်းသည် ၁၈ ပေအကျယ် ကတ္တရာလမ်းအဆင့်မှ ၂၄ ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်းနှင့် အမာခံလမ်းပခုံး ပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ပြည်နယ် (ဖြည့်စွက်) ရန်ပုံငွေမှစတင်၍ နှစ်အလိုက်ရန်ပုံငွေ လျာထားသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။