နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် မိုးနဲမြို့နယ်မှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၃-၁၁-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသက်ပုံ မြန်မာ - တရုတ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ တာဝန်ရှိပုဂ္ဂိုလ်များအား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်ခရိုင်မှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ
MY EN

(ဌ)- ဦးစိုင်းကံ(မိုင်းရှူးမဲဆန္ဒနယ်)

2026-11-16
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးစိုင်းကံ (မိုင်းရှူး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မိုင်းရှူးမြို့ရှိ နိုင်ငံ့ဝန်ထမ်းများ နေထိုင်ရေးအတွက် RC လေးထပ်ဆောင်တစ်လုံးကို မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း 

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း မြို့နယ်အဆင့်နှင့် ခရိုင်အဆင့်တွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်းများတို့သည် မိမိတို့၏ မူလနေရပ် ဒေသ အသီးသီးမှခွဲခွာ၍ ယခုရုံးစိုက်ရာဒေသဖြစ်သည့် မိုင်းရှူးမြို့သို့လာရောက်ပြီး နိုင်ငံ့တာဝန်များကို ကြိုးပမ်း ထမ်းဆောင်လျက်ရှိကြပါကြောင်း၊ ယခုလို အဆိုပါအရပ်ဒေသများမှ လာရောက်ပြီးတာဝန်ထမ်းဆောင် ကြသော ဝန်ထမ်းများအနေဖြင့် ရုံးစိုက်ရာမြို့အတွင်း အပြင်ပြင်ပနေအိမ်များ ငှားရမ်းနေထိုင်ကြရာတွင် အိမ်ငှားရမ်းခဈေးနှုန်းကြီးမားခြင်း၊ နေထိုင်ရေးအဆင်မပြေခြင်း၊ လုံခြုံရေးဆိုင်ရာခက်ခဲခြင်း၊ သွားလာ ရေးခက်ခဲခြင်းစသည့် အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရပါသဖြင့် ဝန်ထမ်းများသက်သာချောင်ချိ ရေးနှင့် ရုံးလုပ်ငန်းများ စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ရေးအတွက် များစွာအဟန့်အတား ဖြစ်ပေါ်လျက်ရှိနေပါကြောင်း။

သို့ဖြစ်ပါ၍ ရပ်ဝေးဒေသမှ လာရောက်တာဝန်ထမ်းဆောင်နေကြရသော နိုင်ငံ့ဝန်ထမ်းများနှင့် အဆင်မပြေကြသည့် ဒေသခံဝန်ထမ်းများတို့ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရေးနှင့် လုပ်ငန်းတာဝန် များကို စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် သင့်လျော်သော RC လေးခန်းတွဲ၊ လေးထပ်ဆောင် အဆောက်အဦတစ်လုံးကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်များတွင် ကူညီဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင် က

နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့မှ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပြီး အဆိုပါအစိုးရအဖွဲ့များမှ ချမှတ်ပေးထားသော ရည်မှန်းချက် တာဝန်များအတိုင်း ၎င်းတို့ကွပ်ကဲမှုအောက်ရှိ ညွှန်ကြားရေးမှူးဦးစီးသော မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ နှစ်အလိုက်ဘဏ္ဍာ ရန်ပုံငွေခွင့်ပြုမှုအရ ရှမ်းပြည်နယ်အတွင်းရှိ အိမ်ရာအခက်အခဲရှိသောမြို့များကို စိစစ်ရွေးချယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဝန်ထမ်းအိမ်ရာများကို ဆောင်ရွက် ပေးလျက်ရှိရာ စုစုပေါင်း ဝန်ထမ်းအိမ်ရာ အဆောက်အဦ ၁၉၅ လုံး၊ အခန်းပေါင်း ၂၁၂၈ ခန်း တည်ဆောက်ပေးပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့ ၁၂ မြို့တွင် ဝန်ထမ်းအိမ်ရာ အဆောက်အဦ အလုံးရေ ၈၀ လုံး၊ အခန်းပေါင်း ၁၁၅၄ ခန်း ဆောင်ရွက်ပေးထားခြင်းဖြစ်ပါကြောင်း။

မိုင်းရှူးမြို့တွင် ဝန်ထမ်းအိမ်ရာများကို စီမံဆောက်လုပ်ပေးရန်အတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ မြေနေရာရရှိရေး ကနဦး လျာထားဆောင်ရွက်ရမည်ဖြစ်ပြီး မြေနေရာသတ်မှတ်ပြီးလျှင် ဝန်ထမ်းအိမ်ရာလိုအပ်ချက်ကို စိစစ်၍ နှစ်အလိုက် ရန်ပုံငွေအခြေအနေအရ လျာထားဆောင်ရွက် သွားရမည်ဖြစ်ပြီး လတ်တလော ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးစိုင်းကံ(မိုင်းရှူးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

မိုင်းရှူးမြို့နယ်သည် ပတ္တမြားထွက်သော မြို့ဖြစ်သည့်အတွက် ဒေသခံပြည်သူလူထုများနှင့် နိုင်ငံ့ဝန်ထမ်းများသည် ကုန်ဈေးနှုန်းကြီးမားမှုဒဏ်ကို ခံစားနေရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နေထိုင်ရေးမှအစအခက်အခဲရှိပါကြောင်း၊ မြေနေရာ မိမိတို့သတ်မှတ်ဒေသရှိပါကြောင်း၊ ထို့ကြောင့် အထူးအနေဖြင့် ပြန်လည်သုံးသပ်၍ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင် က

ပထမဆုံးဦးစားပေးမှာ မြေနေရာရရှိရေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ရမည်ဖြစ်ပါကြောင်း၊ မြေနေရာရရှိပြီးလျှင် ဝန်ထမ်းလိုအပ်ချက် ဝန်ထမ်းများရှိသည့် အိမ်ခန်းလိုအပ်ချက်များကို စိစစ်သုံးသပ် ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာငွေရရှိမှုအခြေအနေပေါ်မူတည်၍ ဆုံးဖြတ်‌ဆောင်ရွက်သွားရန် ထိုသို့ သွားသည်ကို တင်ပြခဲ့ပါသည်။