နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်၊ပို့ဆောင်ဆက်သွယ်ရေး၊ဒီဂျစ်တယ်နှင့်သိပ္ပံနည်းပညာကော်မတီ ဥက္ကဋ္ဌဒေါက်တာနန္ဒာလှမြင့် Telecom International Myanmar Co.,Ltd(Mytel)မှChief Representive Officer Mr. Le Van Tuyenဦးဆောင်သောအဖွဲ့အားလက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်များမှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၉-၁၁-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပမှုကို လာရောက်လေ့လာ
MY EN

(ဈ)- ဦးမြင့်စိုးဆင့်(မော်လိုက်မဲဆန္ဒနယ်)

2026-11-09
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
မေးခွန်း
ဦးမြင့်စိုးဆင့်( မော်လိုက် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မော်လိုက်မြို့၊ အခြေခံပညာမူလတန်းကျောင်း၊ အမှတ် (၂) ၌ တစ်ထပ်ကျောင်းဆောင် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မော်လိုက်မြို့တွင် အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်း၊ အခြေခံပညာအလယ် တန်းကျောင်းခွဲတစ်ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ငါးကျောင်းရှိပါကြောင်း၊ မော်လိုက်မြို့၊ အောင်ပင်လယ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်း အမှတ် (၂) ကျောင်း၌ ကျောင်းသား ၂၉၃ ဦးရှိပြီး ဆရာ ဆရာမ ပြည့်စုံလုံလောက်မှုရှိပါကြောင်း၊ ပင်မကျောင်းဆောင် တစ်ဆောင်၊ ယာယီကျောင်း ဆောင်တစ်ဆောင်၊ အန္တရာယ်ဆောင် တစ်ဆောင် စုစုပေါင်း သုံးဆောင်ရှိပါကြောင်း၊ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေ အုတ်ညှပ်၊ သွပ်မိုး၊ ကွန်ကရစ်ခင်း စာသင်ခန်းလေးခန်းပါ တစ်ထပ် ကျောင်းဆောင်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ တည်ဆောက်ပေးခဲ့ပါကြောင်း၊ အလျား ၅၀ ပေ၊ အနံ ၃၀‌ ပေ၊ အမြင့် ၁၂ ပေ သွပ်မိုး၊ ကျောက်ပြား တစ်ဝက်ကာ မြေစိုက် ကျောင်းဆောင်ကို ၂၀၂၅ ခုနှစ် မိဘများ၏ ထည့်ဝင်ငွေနှင့် တည်ဆောက်ထားပါကြောင်း၊ အလျား ၁၄၄ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၆ ပေ၊ အုတ်ညှပ်၊ သွပ်မိုး၊ အောက်ထပ်ကွန်ကရစ်ခင်း၊ အပေါ်ထပ် ကြမ်းခင်းနှစ်ထပ်ကျောင်းဆောင်ကို ၁၉၅၉ ခုနှစ်တွင် ဌာနနှင့် မိဘများပူးပေါင်းရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ပါကြောင်း၊ သက်တမ်း ၆၇ နှစ်ရှိပြီဖြစ်သည့်အတွက် ပျက်စီးယိုယွင်းလျက် အန္တရာယ်ဆောင်အဖြစ်တွေ့ရှိရပါကြောင်းနှင့် စာသင်ခန်း မလုံလောက်သည့်အတွက် အဆိုပါအန္တရာယ် ကျောင်းဆောင်၌ သင်ကြားနေရပါကြောင်း။

အန္တရာယ်ဆောင်အားဖျက်သိမ်း၍ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ တစ်ထပ်ကျောင်းဆောင်ကို တည်ဆောက်ပေးရန်အစီအစဉ် ရှိ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က

အခြေခံပညာဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းတည်ဆောက်ရေးခွင့်ပြုရန်ပုံငွေ ၁၁ ဘီလီယံနှင့် လုပ်ငန်းပေါင်း ၅၄ ခုကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း မြေဧရိယာသည် ၂.၁၄ ဧက ကျယ်ဝန်းပါ ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ အမှတ် (၂) အခြေခံပညာ မူလတန်းကျောင်း တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၀၀ ဦးနှင့်  ဝန်ထမ်း ၁၄ ဦးဖြင့် သင်ကြားသင်ယူမှု လုပ်ငန်းများဆောင်လျက်ရှိပါကြောင်း။

အဆိုပါကျောင်းတွင် စုစုပေါင်း အဆောင် သုံးဆောင်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ အန္တရာယ်ဆောင်တွင် သင်ကြားနေ သည့် စာသင်ခန်းနှစ်ခန်း၊ ယာယီဆောင်တွင် သင်ကြားနေသည့် စာသင်ခန်းတစ်ခန်း စုစုပေါင်းစာ သင်ခန်းသုံးခန်းအတွက် အန္တရာယ်ကျောင်းဆောင်ကို ဖျက်သိမ်းပြီး (၆၀x၃၀)ပေ RC တစ်ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းတည် ဆောက်ရေးဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး တန်းစီဇယားဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးမြင့်စိုးဆင့်(မော်လိုက်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

၆၀ x ၃၀ ပေ RC တစ်ထပ်ကျောင်းဆောင်ကို လျာထားခွင့်ပြုပေးသည့်အတွက် ဒုတိယ ဝန်ကြီးကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ကျောင်းဆောင်သုံးဆောင်၏ ဥပဓိရုပ်ပကတိအခြေအနေ များကိုလည်း မှတ်တမ်းဓာတ်ပုံများနှင့်တကွ တင်ပြထားပြီးဖြစ်ပါကြောင်း၊ အလျား ၁၄၄၊ အနံ ၃၀ ပေ၊ အမြင့် ၂၆ ပေ နှစ်ထပ်အန္တရာယ်ရှိ ကျောင်းဆောင်ကို ဖျက်သိမ်းပြီး (၁၂၀x၃၀) ပေ ကျောင်း ဆောင်သစ်ကို တောင်းခံခြင်းဖြစ်ပါကြောင်း၊ ကျောင်းဆောင်သစ်ဆောက်ရန်အတွက် နေရာလည်း ပြည့်စုံလုံလောက်မှုရှိပါကြောင်း၊ ကျောင်းသားနှင့်စာသင်ခန်းလိုအပ်ချက်များအရ (၁၂၀x၃၀)ပေ RC တစ်ထပ်ကျောင်းဆောင်အဖြစ် လျာထားခွင့်ပြုပေးနိုင်ပါရန် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က

(၁၂၀x၃၀) ပေအတွက်ကို ကွင်းဆင်း၍ ထပ်ပြီးစိစစ်မည်ဖြစ်ပြီး စိစစ်ပြီးမှ မိမိတို့ စီစဉ်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။