နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၄-၁၁-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေး မှတ်တမ်းစာအုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂-၁၁-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
MY EN

(င)-ဦးဝင်းဇော်(ပင်းတယမဲဆန္ဒနယ်)

2026-11-04
တတိယအကြိမ်
တတိယ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးဝင်းဇော် ( ပင်းတယ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာလျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပင်းတယမြို့နယ် အတွင်းမှာရှိသည့် သိမ်ကုန်းကျေးရွာအုပ်စု၊ ညောင်ကောက်ကျေးရွာအုပ်စု၊ ညောင်ဝန်းကျေးရွာအုပ်စု၊အင်းငယ်ကျေးရွာအုပ်စု၊ မဲနယ်တောင်ကျေးရွာအုပ်စု အပါအဝင် သိမ်ကုန်း ကျေးရွာ ဓာတ်အားခွဲရုံအနီး ပတ်ဝန်းကျင်ကျေးရွာ ၂၁ ရွာအား လျှပ်စစ်မီးလင်းရေး နှင့်စပ်လျဉ်းပြီး မေးမြန်းသွားမည်ဖြစ်ပါကြောင်း။ 

ပင်းတယမြို့နယ်တွင် ၆၆ ကေဗွီ ဓာတ်အားခွဲရုံတစ်ရုံတည်ရှိပြီး ၎င်းဓာတ်အားခွဲရုံမှ ရပ်ကွက် ၁၃ ရပ်ကွက်နှင့် ကျေးရွာများသို့ လည်းကောင်း၊ ရွာငံမြို့နယ်သို့ ၃၃ ဓာတ်အားလိုင်းတစ်လိုင်း၊ ကလောမြို့နယ် ဘော်ဆိုင်းသို့ ၃၃ ဓာတ်အားလိုင်း နှစ်လိုင်း ခွဲဝေဖြန့်ဖြူး အသုံးပြုလျက် ရှိပါကြောင်း၊ ပင်းတယမြို့နယ်ရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံနှင့် အလှမ်းဝေးကွာသော ပင်းတယမြို့နယ်ရှိ ကျေးရွာများ သို့ ဓာတ်အားထပ်ဆင့်ဖြန့်ဖြူးပေးနိုင်ရန်အတွက် သိမ်ကုန်းကျေးရွာမှာ ၃၃ ကေဗွီ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ထားရှိပြီး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလမှာ လျှပ်စစ်ဓာတ်အား စမ်းသပ်ပို့လွှတ်ပြီးလည်း ဖြစ်ပါကြောင်း၊ သိမ်ကုန်း ဓာတ်အားခွဲရုံအနီးပတ်ဝန်းကျင်တွင် ရှိသောကျေးရွာများမှာ သိမ်ကုန်း ကျေးရွာ၊ ပင်စိမ်းပင်ကျေးရွာ၊ ကုန်း‌ဇောင်းကျေးရွာ၊ အုတ်အက်ကျေးရွာ၊ တပ်ကြီးကျေးရွာ၊ နောင်သခေါ် ကျေးရွာ၊ တံတားကြီးကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ဖနန်ကျေးရွာ၊ ပန်းအိုးကွဲကျေးရွာ၊ ညောင်ကောက် ကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ ညောင်ဝန်းကျေးရွာ၊ ခံတောင်ကျေးရွာ၊ ညောင်ပင်ဝိုင်း ကျေးရွာ၊ ပြင်သာကျေးရွာ၊ မျောက်ရွှေပုထိုး ကျေးရွာ၊ ကြံခင်းမြောင်ကျေးရွာ၊ မဲနယ်တောင်ကျေးရွာ၊ လင်းလယ်အင်းကျေးရွာနှင့် မြေပြိုကျေးရွာစသော ကျေးရွာ ၂၁ ရွာ သည် ယနေ့ချိန်အထိ လျှပ်စစ်မီး ရရှိခြင်းမရှိသေးသည့်အတွက် အဆိုပါကျေးရွာရှိ ပြည်သူများ လျှပ်စစ်မီးကို မျှော်လင့်တောင့်တ လျက် ရှိနေကြပါကြောင်း။ 

၎င်းကျေးရွာ ၂၁ ရွာသည် လျှပ်စစ်မီးမရရှိခြင်းကြောင့် အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကြကျန်နေခဲ့ရပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်းများလည်း ကွာဟလာပြီး တစ်နိုင်တစ်ပိုင်စီးပွားရေး အသေးစား၊ အလတ်စား စက်မှုလက်မှုကဏ္ဍများ၊ ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်မျာ၊ လက်ဖက်နှင့် ကော်ဖီလုပ်ငန်းရှင်များ လျှပ်စစ်သုံးစွဲရရှိနိုင်မည်ဆိုပါက ကျေးလက်နေပြည်သူများ အလုပ်အကိုင်နှင့် စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ သစ်တောများပြုန်းတီးမှု လျော့နည်းလာမည် ဖြစ်ပြီး မြို့ပြနှင့် ကျေးလက်ကွာဟမှုကိုလည်း အထောက်အကူဖြစ်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပင်းတယမြို့နယ်အတွင်း သိမ်ကုန်း ဓာတ်အားခွဲရုံအနီး ပတ်ဝန်းကျင်ကျေးရွာ ၂၁ ရွာ လျှပ်စစ်မီးရရှိနိုင်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ပေးနိုင်ရန်အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်မှစတင်ပြီး နှစ်အလိုက်ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော် က

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ သိမ်ကုန်းကျေးရွာအုပ်စု၊ ညောင်ကောက် ကျေးရွာအုပ်စု၊ ညောင်ဝန်းကျေးရွာအုပ်စုမှာပါတဲ့ အင်းငယ်ကျေးရွာအုပ်စု၊ မဲနယ်တောင် ကျေးရွာအု ပ်စု၊ ရွှေပုထိုးကျေးရွာအုပ်စု၊ တောင်ရှည်ကျေးရွာအုပ်စုနှင့် ပန်းစစ်ကျေးရွာအုပ်စု ၈ အုပ်စုတွင် ကျေးရွာပေါင်း ၂၂ ရွာရှိပြီး အင်းငယ်ကျေးရွာအုပ်စု အင်းငယ်ကျေးရွာသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်၊ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် မီးလင်းပြီးဖြစ်သည့်အတွက် ကျေးရွာ ၂၁ ရွာ မီးလင်းရန် ကျန်ရှိနေပါကြောင်း၊ အဆိုပါ ကျေးရွာ ၂၁ ရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက်ကို ၃၃/၁၁ ကေဗွီ သိမ်ကုန်းရှိ သိမ်ကုန်း ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ သိမ်ကုန်းဓာတ်အားလိုင်းမှ ကျေးရွာ ၁၁ ရွာ အားလည်းကောင်း၊ ပင်းတယမြို့၊ ၆၆/၁၁ ကေဗွီ ပင်းတယ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ ထိုးပုံဓာတ်အားလိုင်းမှကျေးရွာ ၆ ရွာနှင့် ၁၁ ကေဗွီ မြို့တွင်းဓာတ်အားလိုင်းမှ ကျေးရွာ ၄ ရွာ  လည်းကောင်း အဆင့်ဆင့် ဓာတ်အားချိတ်ဆက်သွယ်တန်းရမည်ဖြစ်ပါကြောင်း။

ပင်းတယခွဲရုံကို ၆၆/၃၃၊ ၃၀ အမ်ဗွီတစ်လုံးနှင့် ၆၆/၁၁ ကေဗွီအေ ၂၀ အမ်ဗွီအေ တစ်လုံးထိုင် ထားခြင်းဖြစ်ပါကြောင်း၊ ၎င်းမှ သိမ်ကုန်းကို ၃၃ ကေဗွီဓာတ်အားလိုင်း သွယ်ယူပြီး သိမ်ကုန်းမှာ ၃၃/ ၁၁ ကေဗွီအေ ၁၀ အမ်ဗွီအေ ထရန်စဖော်မာထိုင်ပြီး ဓာတ်အားဖြန့်ဖြူးခြင်း ဖြစ်ပါကြောင်း၊   ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ သိမ်ကုန်းဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ သိမ်ကုန်းဓာတ်အားလိုင်းမှ သိမ်ကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာ သိမ်ကုန်း၊ ကုန်စောင်း၊ ပင်စိမ်းပင်နှင့် အုံအက် ညောင်ကောက် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၃ ရွာ ပန်းအိုးကွဲ၊ ဖနံနှင့် ညောင်ကောက် ညောင်ဝန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ၃ ရွာ ပိန္နဲကုန်း၊ ညောင်ဝန်းနှင့် ခံတောင် ရွှေပုထိုး ကျေးရွာအုပ်စုအတွင်းရှိ တပ်ကြီးကျေးရွာ၊ စုစုပေါင်းကျေးရွာ ၁၁ ရွာ လျှပ်စစ်ဓာတ်အားရရှိရေး အတွက် စုစုပေါင်း ၁၁ ကေဗွီ ဓာတ်အားလိုင်း ၈.၈၇ မိုင်၊ ၅၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံး၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁၂ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁၆.၆ မိုင် တည်ဆောက်ရန် လိုအပ်ပြီး စုစုပေါင်း ခန့်မှန်း ကျပ် ၄,၈၉၆.၆၂၅ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ကျေးရွာ ၁၁ ရွာအနက် သိမ်ကုန်းကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁.၃ မိုင် တည်ဆောက်ရန် ကျပ် ၁၉၉.၂၄၉ သန်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ် ရှမ်းပြည်နယ် အစိုးရ၏ ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း။                       

သိမ်ကုန်းဖီဒါကနေမှ ကျေးရွာ ၁၁ ရွာကို ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ၄၀၀ ဗို့ ဓာတ်အား လိုင်းထရန်စဖော်မာ ထိုင်ပြီးတားပေးမည် ဖြစ်ပါကြောင်း၊ ၆၆/၁၁ ကေဗွီ ၂၀ အမ်ဗွီအေ ပင်းတယ ဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ ထိုးပုံ ဓာတ်အားလိုင်းမှ အင်းငယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၃ ရွာ ညောင်ပင်ဝိုင်း၊ ပြင်သာ၊ ရွှေပုထိုး(မြောက်)၊ ရွှေပုထိုးကျေးရွာအုပ်စုအတွင်းရှိ နောင်တခေါကျေးရွာ၊ တောင်ရှည်ကျေးရွာအုပ်စု အတွင်းရှိ တံတားကြီးကျေးရွာ၊ ညောင်ကောက်ကျေးရွာအုပ်စုအတွင်းရှိ သရက်ကုန်းကျေးရွာ စုစုပေါင်း  ကျေးရွာ ၆ ရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် စုစုပေါင်း ၁၁ ကေဗွီ ဓာတ်အားလိုင်း ၄.၄၆ မိုင်၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၈ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁၁.၃ မိုင် တည်ဆောက်ရန် လိုအပ်ပြီး စုစုပေါင်း ခန့်မှန်းကျပ် ၃,၀၀၉,၉၄၂ သန်းခန့် ကုန်ကျမည်ဖြစ်ပါ ကြောင်း၊  အဆိုပါကျေးရွာ ၆ ရွာ အနက် ရွှေပုထိုး(မြောက်)ကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ဝ.၂ မိုင်၊ ၁၀ဝ ကေဗွီအေ ထရန်စဖော်မာ ၂ လုံးနှင့် ၄၀ဝ ဗို့ ဓာတ်အားလိုင်း ၂.၇၅ မိုင် တည်ဆောက်ရန် လိုအပ်မည်ဖြစ်ပြီး ၂ဝ၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ၊ ရှမ်းပြည်နယ်အစိုးရ ငွေလုံးငွေရင်း  ရန်ပုံငွေတွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၀.၂ မိုင်၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း တစ်မိုင်အတွက် ကျပ် ၂၅၈.၂၀၈ သန်းအားထည့်သွင်း လျာထားပြီးဖြစ်၍ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်း ၁.၇၅ မိုင်ကိုဆောင်ရွက်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ 

          ၆၆/၁၁ကေဗွီ ၂ဝ အမ်ဗွီအေ ပင်းတယဓာတ်အား ခွဲရုံ၏ ၁၁ကေဗွီ မြို့တွင်းဓာတ်အားလိုင်းမှ ဓာတ်အားရယူရမည့် မဲနယ်တောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၃ ရွာဖြစ်သည့် မဲနယ်တောင်၊ လင်းလေအင်းနှင့် မြေပြိုနှင့်တောင်ရှည် ကျေးရွာအုပ်စုအတွင်းရှိ ကြံခင်းမြောက်ကျေးရွာ၊ စုစုပေါင်းကျေးရွာ ၄ ရွာ ဓာတ်အားရရှိရေးအတွက် စုစုပေါင်း ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၄.၃၅ မိုင်၊ ၁၆ဝ ကေဗွီအေ ထရန်စဖော်မာ ၂ လုံး၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၅ လုံး၊ ၅၀ ကေဗွီအေ ထရန်စဖော်မာ ၅ လုံး နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁၆ မိုင် တည်ဆောက်ရန် လိုအပ်ပြီး စုစုပေါင်း ခန့်မှန်းကျပ် ၅,၅၈၂.၃၄၃ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း။ 

သို့ဖြစ်ပါ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ကျေးရွာအုပ်စု ၈ စုရှိ ကျေးရွာ ၂၁ ရွာအတွက်ကို  ဓာတ်အားရရှိရေးအတွက်ကို ၁၁/၀.၄ ကေဗွီ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်း ၁.၃ မိုင် တည်ဆောက်ခြင်းလုပ်ငန်း အတွက် ကျပ် ၁၉၉.၂၄၉ သန်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရဖြည့်စွက် ရန်ပုံငွေတွင် လည်းကောင်း၊ ရွှေပုထိုး(မြောက်)ကျေးရွာ ဓာတ်အားရရှိနိုင်ရေး ၁၁ ကေဗွီ ဓာတ်အားလိုင်း ၀.၂ မိုင်၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း တစ်မိုင် တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျပ် ၂၅၈.၂၀၈သန်း အား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရ ငွေလုံးငွေရင်းရန်ပုံငွေတွင်လည်းကောင်း ထည့်သွင်းလျာထားပြီးဖြစ်သဖြင့် အဆိုပါ ကျေးရွာအတွက် လျာထားရန်ကျန်ရှိသည့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံး၊ ၄၀၀ ဗို့ ဓာတ်အား လိုင်း ၁.၇၅ မိုင်နှင့် ကျန်ကျေးရွာ ၁၉ ရွာ ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂၇.၄၈ မိုင်၊ ၁၁/၀.၄ ကေဗွီ ၅၀ ကေဗွီအေ ထရန်စဖော်မာ ၇ လုံး၊ ၁ဝဝ ကေဗွီအေ ထရန်စဖော်မာ ၂၂ လုံး၊ ၁၆၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၄၁.၆ မိုင် တည်ဆောက်ခြင်း တို့အား ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်မှစ၍ ရှမ်းပြည်နယ်အစိုးရ ငွေလုံးငွေရင်း ရန်ပုံငွေတွင် ဘဏ္ဍာနှစ် အလိုက် ဦးစားပေး ထည့်သွင်းလျာထားသွားမည်ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေခွင့်ပြုရရှိမှု အပေါ် မူတည်၍ ကျေးရွာစဉ်အလိုက် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။