နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၈-၁၀-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်
MY EN

(ဋ)-ဒေါက်တာထိန်ဝင်း(ကျောင်းကုန်းမဲဆန္ဒနယ်)

2026-10-28
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
မေးခွန်း
ဒေါက်တာထိန်ဝင်း (ကျောင်းကုန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဒေါင့်ကြီး တိုက်နယ်ဆေးရုံအား ပြန်လည်တည်ဆောက်ပေးရန်နှင့် ကျန်းမာရေးဝန်ထမ်းအိမ်ရာ အသစ် တည်ဆောက်ပေးရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ကျောင်းကုန်းမြို့နယ်သည် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၆၅ အုပ်စု စုစုပေါင်း အုပ်စု ၇၀ နှင့် ကျေးရွာပေါင်း ၄၁၃ ရွာ၊ လူဦးရေ ၁၇၉,၀၀၀ ကျော် နေထိုင်လျက်ရှိပါ​ကြောင်း၊ တစ်နှစ်အောက် ကလေး ၂,၁၄၃ ဦး၊ ငါးနှစ်အောက်ကလေး ၁၁,၉၂၀ ဦး၊ လူဦးရေသိပ်သည်းမှု ၂၆၄ ပါစတုရန်း မီတာရှိပြီး မြို့နယ်ဆေးရုံ ခုတင် ၁၀၀ ဆေးရုံတစ်ရုံ၊ တိုက်နယ် ဆေးရုံ ၁၆ ခုတင်ဆံ့ ဆေးရုံ သုံးရုံ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကျန်းမာရေးဌာနတစ်ခု၊ ကျေးလက်ကျန်းမာရေးဌာန (RHCE) ၉ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ Sub-Center ၅၁ ခု စုစုပေါင်း ၆၅ ခုဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း။

ဒေါက်ကြီး တိုက်နယ်တွင် ကျေးရွာအုပ်စု ၈ အုပ်စုရှိပြီး ကျေးရွာပေါင်း ၄၉ ရွာရှိပါကြောင်း၊ လူဦးရေ ၁၈,၀၉၀ ဦး လွှမ်းခြုံမှုရှိပြီး တစ်နှစ်အောက်ကလေး ၂၄၉ ဦးရှိပြီး ငါးနှစ်အောက်ကလေး ၁,၆၈၆ ဦးရှိပါကြောင်း၊ လူဦးရေသိပ်သည်းမှု ၅၁,၉၅၉ ပါစတုရန်းမိုင်ဖြစ်ပါကြောင်း၊ ဒေါင့်ကြီးတိုက်နယ် ဆေးရုံ၏ ခွင့်ပြုဝန်ထမ်းအင်အား ၁၉ ဦးရှိသော်လည်း ယနေ့အထိ ခန့်အပ်ဝန်ထမ်းအင်အား ၉ ဦး ဖြစ်ပြီး ဆရာဝန်တစ်ဦးသာရှိသည့်အတွက် ဆရာဝန်နှင့်ပြည်သူအချိုးက ၁ : ၁၈၀၉၀ ဦးဖြစ်ပါ ကြောင်း၊ ဆေးရုံ သည် ၁၆ ခုတင်ဆံ့ဆေးရုံဖြစ်သော်လည်း အသုံးပြုခုတင် ၃၀ ရှိပါကြောင်း၊ လက်ရှိအခြေအနေအရ တောင်ကြီးတိုက်နယ်၏ မြေဧရိယာ အကျယ်အဝန်းသည် ၄.၁၉ ဧကဖြစ်ပါ ကြောင်း၊ ၁၆.၄.၁၉၈၃ ရက်နေ့မှာ စတင်ပြီး RC တစ်ထပ်အနေဖြင့် တည်ဆောက်ခဲ့သော်လည်းပဲ ယနေ့အခြေအနေတွင်  လက်ရှိဝန်ထမ်းအိမ်ရာ အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ခြင်း မရှိ တော့ပါ‌ကြောင်း၊ ဝန်ထမ်းအိမ်ရာဆောက်လက်စအိမ်ရာသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကုမ္ပဏီတစ်ခုမှနေပြီး ဆက်လက်ဆောင်ရွက်ခြင်းမရှိဘဲ တစ်ပိုင်းတစ်စ ဆောင်ရွက်ထားသည့် ဝန်ထမ်း အိမ်ရာအနေအထားကို တင်ပြခြင်းဖြစ်ပါကြောင်း။ 

သို့ဖြစ်ပါ၍ အဆောက်အဦ၏ ဥပဓိရုပ်မကောင်းသည့်အပြင် ခိုင်ခံ့မှုမရှိသည့် တိုက်နယ် ဆေးရုံ၏ ပင်မအဆောက်အဦ ခွဲစိတ်ခန်းအပါ စံကိုက်အဆောက်အဦသစ် တစ်ခုတည်ဆောက် ပေးရန် အစီအစဉ် ရှိ/ မရှိနှင့် ဝန်ထမ်းအိမ်ရာ တစ်ခုအား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ၊ အစီအစဉ်ရှိပါကမည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

 ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာတင်ထွန်း က

ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကြီးတိုက်နယ်ဆေးရုံတွင် ဝန်ထမ်းအိမ်ရာများဆောက်လုပ်ခြင်း လုပ်ငန်း ၄ ခုကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် Ayar Moon ကုမ္ပဏီကနေ နှစ်ခန်းတွဲ ဆရာဝန် အိမ်ရာကို လုပ်ငန်းတန်ဖိုး ကျပ်သန်း ၃၆.ဝ၄ ဖြင့်လည်းကောင်း၊ လေးခန်းတွဲ ဝန်ထမ်း အိမ်ရာကို လုပ်ငန်းတန်ဖိုး ကျပ်သန်း ၄၃.၈၂ ဖြင့်လည်းကောင်း၊ လေးခန်းတွဲ သူနာပြုအိမ်ရာကို လုပ်ငန်းတန်ဖိုး ကျပ်သန်း ၄၈.၄၄ ဖြင့်လည်းကောင်း၊ သုံးခန်းတွဲ ဝန်ထမ်းအိမ်ရာကို လုပ်ငန်းတန်ဖိုး ကျပ်သန်း ၃၉.၅၉ ဖြင့်လည်းကောင်း တင်ဒါအောင်မြင်ခဲ့ပါကြောင်း၊၂၀၁၈-၂၀၁၉ မှ ၂၀၂၁-၂၀၂၅ ထိ ၆ လ ဘဏ္ဍာရေးနှစ်အထိကို အဆိုပါလုပ်ငန်း ၄ ခုစလုံး ၃၈ ရာခိုင်နှုန်းစီ ပြီးစီးခဲ့ပြီး လုပ်ငန်းပြီးစီးမှု ရာခိုင်နှုန်းအတွက် ငွေပေးချေခဲ့ပြီးဖြစ်ပါကြောင်း၊ ကုမ္ပဏီမှလုပ်ငန်းများပြီးပြတ်အောင် ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းအာမခံငွေ (Performance Guarantee) ကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းယူပြီးဖြစ်ပါကြောင်းနှင့် စာချုပ်ရပ်စဲရေး လုပ်ငန်းစဉ် များကို ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနကနေ စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်ထမ်း အိမ်ရာများ၏ ကျန်ရှိလုပ်ငန်းများအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေပြန်လည် လျာထားပေးမည်ဖြစ်ပြီး တိုက်နယ်ဆေးရုံအဆောင်အဦကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် သာမန် အသုံးစရိတ်ရန်ပုံငွေဖြင့် ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။