နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၈-၁၀-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်
MY EN

(ဍ)-စိုင်းအောင်ခမ်း(မိုင်းယောင်းမဲဆန္ဒနယ်)

2026-10-28
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
မေးခွန်း
စိုင်းအောင်ခမ်း (မိုင်းယောင်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မိုင်းယောင်းမြို့နယ်၊ နမ့်ဟင်းချောင်း၊ လက်ရိုက်ရေလွှဲဆည်အား ကျောက်စီကွန်ကရစ် ရေလွှဲဆည် တည်ဆောက်ပေးရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

မိုင်းယောင်းမြို့နယ်၊ ဝမ်မန်းကျေးရွာအုပ်စု၊ နောင်ဘိုးကျေးရွာတောင်သူလယ်သမားများ စိုက်ပျိုးရေလုံလောက်စွာရရှိရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ခိုင်မာသော ကျောက်စီကွန်ကရစ် ရေလွှဲဆည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိနှင့်စပ်လျဉ်းပြီး လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်ပြသွားမည်ဖြစ်ပါကြောင်း၊ မိုင်းယောင်းမြို့နယ်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အစွန်ဆုံး မြို့ တစ်မြို့ဖြစ်ပြီး တောင်တန်းကြီးများ လေးဘက်လေးနံဝိုင်းပတ်ထားသော လွင်ပြင် ငယ်မြို့ တစ်မြို့ဖြစ်ပါကြောင်း၊ လူဦးရေ ၃၆,၀၀၀ ကျော်နေထိုင်ပြီး လယ်မြေဧကပေါင်း ၁၈,၀၀၀ ကျော် ရှိပါကြောင်း၊ မြို့နယ်ပတ်ပတ်လည်ရှိ တောင်တန်းများကိုမြစ်ဖျားခံပြီး မိုင်းယောင်းလွင်ပြင်အတွင်း ဖြတ်သန်းစီးဆင်းပြီး မဲခေါင်မြစ်အတွင်းစီးဝင်သော ချောင်းမြောင်းများကို ဒေသခံတောင်သူလယ် သမားများက အားကိုးအားထားပြု၍ ချောင်းရိုးတစ်လျှောက် ကိုယ်ထူကိုယ်ထဒေသလက်ရိုက်ဆည် အဆင့်ဆင့်တည်ဆောက်ကာ နှစ်စဉ်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် အသက်မွေးဝမ်းကျောင်းများရှိပါကြောင်း။ 

မိုင်းယောင်းမြို့နယ်ရှိ ရေလွှဲဆည်များစွာ အနက်မှ ဝမ်မန်းကျေးရွာအုပ်စု၊ နောင်ဘိုးကျေးရွာ အနီးရှိ နမ့်ဟင်းချောင်းရေလွှဲဆည်သည် ရေဆင်း ဧရိယာ ၁၃.၅ စတုရန်းမိုင်၊ ချောင်းအလျား ၉ မိုင်ခန့်ရှိသော နမ့်ဟင်းချောင်းကို မှီခိုအားထားပြီး ဒေသထွက်မျောတိုင်များ၊ သစ်၊ ဝါးများဖြင့် ဒေသ လုပ်လက်ရိုက်ရေလွှဲဆည်ကို ကိုယ်ထူကိုယ်ထစုပေါင်းဆောင်ရွက်ရပြီး နှစ်စဉ်စိုက်ပျိုးရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိ သော်လည်းတောင်ပေါ်ဒေသဖြစ်သည်နှင့်အညီ မိုးရွာသွန်းမှုများပါက တစ်ဟုန်ထိုးဆင်းလာသည့် တောင်ကျချောင်းရေစီးအားဒဏ်ကိုမခံနိုင်ပဲ နှစ်စဉ်နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ခန့်ကျိုးပေါက် လျက်ရှိပါကြောင်း၊ ၎င်း အခြေအနေများကြောင့် တောင်သူလယ်သမားများက နှစ်စဉ်အကြိမ်ကြိမ် ပြန်လည်ပြုပြင်နေရသဖြင့် ကုန်ကျစရိတ်များပြားခြင်း၊ စိုက်ပျိုးသည့်ဧကများ သဖြင့် စိုက်ပျိုးရေ လုံလောက်စွာမရရှိခြင်း၊ အထူးသဖြင့် စပါးအောင်ရေလိုအပ်ချိန်တွင် ဆည်ကျိုး ပေါက်ပါက အချိန်မီ မပြုပြင်နိုင်ပါက စပါးအထွက် နှုန်းလျော့ကျခြင်း စသည့်အခက်အခဲများနှစ်စဉ် ကြုံတွေ့လျက်ရှိပါကြောင်း။ 

အဆိုပါရေလွှဲဆည်ကို အခိုင်အမာကွန်ကရစ်ဆည်အဖြစ် တည်ဆောက်ပေးမည်ဆိုပါက တောင်သူလယ်သမားများ မိုးစပါးအပြင် နွေစပါး အခြားသီးနှံနှင့် ငါးမွေးမြူရေးလုပ်ငန်းများပါ တိုးချဲ့ လုပ်ကိုင်လာနိုင်မည်ဖြစ်သဖြင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ သို့ပါ၍ မိုင်းယောင်းမြို့နယ်၊ ဝမ်မန်းကျေးရွာအုပ်စု နောင်ဘိုးကျေးရွာ အနီးရှိ နမ့်ဟင်းချောင်းဒေသလုပ်လက်ရိုက်ရေလွှဲဆည်အား သက်ဆိုင်ရာဝန်ကြီးဌာနမှ အခိုင်အမာ ကျောက်စီကွန်ကရစ်ရေလွှဲဆည်အဖြစ် တည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ /မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

အဖြေ
အဖြေ

 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော် က

နမ့်ဟင်းချောင်းသည် ချောင်းအလျား ၉ မိုင် ခန့် ရှည်လျားပြီး နမ့်ဝမ်းချောင်း အတွင်းသို့ စီးဝင် သောချောင်းဖြစ်ပါကြောင်း၊  နောင်ဘိုးကျေးရွာအနီး၊ နမ့်ဟင်းချောင်းပေါ်တွင် တောင်သူများမှ မျော၊ ဝါးများဖြင့် ကိုယ်ထူကိုယ်ထလက်ရိုက်ရေလွှဲ ဆည်ပြုလုပ်၍ နမ့်ဟင်း ချောင်းမှရေကိုသွယ်ယူပြီး လယ်မြေဧရိယာ ၁၅၁ ဧကအား စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါကြောင်း၊ အဆိုပါ ကိုယ်ထူကိုယ်ထလက်ရိုက်ရေလွှဲ ဆည်သည် -မျော၊ ဝါးများဖြင့် ပြုလုပ်ထားခြင်း၊ မိုးရွာသွန်းမှု များပြားပါက တစ်ဟုန်ထိုးစီးဆင်းလာသည့် နမ့်ဟင်းချောင်း၏ ရေစီးအားဒဏ်ကိုမခံနိုင်ဘဲ မကြာခဏ ကျိုးပေါက်လေ့ရှိသဖြင့် အကြိမ်ကြိမ် ပြုပြင်ထိန်းသိမ်းနေရခြင်း၊ စိုက်ပျိုးရေ လုံလောက် စွာ မရရှိခြင်းနှင့် နှစ်စဉ်ပြုပြင်နေရသဖြင့် ကုန်ကျစရိတ်များပြားခြင်းတို့ကြောင့် တောင်သူများ အခက်အခဲကြုံတွေ့နေရသဖြင့် အခိုင်အမာကျောက်စီ ကွန်ကရစ်ရေလွှဲဆည်အဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ နောင်ဘိုး လက်ရိုက်ရေလွှဲဆည်အား ကျောက်စီ ကွန်ကရစ်ရေလွှဲဆည်အဖြစ် အဆင့်မြှင့်တင်တည်ဆောက်ပေး နိုင်မည်ဆိုပါက ဝမ်မန်းကျေးရွာ အုပ်စု၊ နောင်ဘိုးကျေးရွာရှိဒေသခံတောင်သူများ၏ လယ်မြေဧက ၁၅၁ ဧကအား အောင်ရေရရှိသည် အထိစိုက်ပျိုးရေလုံလောက်စွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ နောင်ဘိုးလက်ရိုက်ရေလွှဲဆည်အား အခိုင်အမာကျောက်စီကွန်ကရစ် ရေလွှဲဆည် အဖြစ် အဆင့်မြှင့်တင်တည်ဆောက်ပေးနိုင်ရန် လိုအပ်သည့် ရန်ပုံငွေကို သင့်လျော်ရာဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ၎င်းလုပ်ငန်းအား ဆောင်ရွက်ပေးခြင်းဖြင့် ဒေသအတွက် စီးပွားရေး ဆိုင်ရာအကျိုးအမြတ်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးမှုဆိုင်ရာ အကျိုးအမြတ်များ ရရှိမည်ဖြစ်ပါ ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ဖြေကြားချက်များနှင့် အတူ ပေါင်းစပ်ဖြေကြားခဲ့ပါသည်။