နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၈-၁၀-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်
MY EN

(ဌ)- ဦးအောင်နိုင်(ဝေါမဲဆန္ဒနယ်)

2026-10-28
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးအောင်နိုင် (ဝေါ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဝေါမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် လက်ထောက်ဆရာဝန်(အထူးကု)တစ်ဦးကို မည်သည့်အချိန်တွင် တာဝန်ချထားပေးမည်ကို  သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ဝေါမြို့နယ်သည် ကုသရေးဌာနအနေဖြင့် ၂၅ ခုတင်ဆံ့ဆေးရုံ တစ်ရုံနှင့် ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံ ခြောက်ရုံရှိသည့်အနက် သရက်သမိန်ဆေး ရုံတစ်ရုံသာလျှင် ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ကျန်ဆေးရုံအားလုံး ကုသရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် အနေ အထားရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ပြင်ပလူနာ ၂၈,၃၀၂ ဦး၊ အတွင်းလူနာ ၈,၅၆၅ ဦး၊ အကြီးစားခွဲစိတ်မှု ၉၃၈ ကြိမ်၊ အသေးစားခွဲစိတ်မှု ၁,၀၄၂ ကြိမ်ကို ဆောင်ရွက်နိုင်ပြီး ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ ပြင်ပလူနာ ၁၉,၃၂၁ ဦး၊ အတွင်းလူနာ ၅,၂၆၃ ဦး၊ အကြီးစားခွဲစိတ်မှု ၅၇၂ ကြိမ်၊ အသေးစားခွဲစိတ်မှု ၇၄၃ ကြိမ်တို့ကို ဆောင်ရွက်၍ ပြည်သူလူထုသည် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ပါကြောင်း၊ မြို့နယ်အတွင်းရှိသည့် ဆေးရုံများသည် မီးဖွားလူနာများ မီးဖွားရန်အတွက် လည်းကောင်း၊ တခြားခွဲစိတ်ကုသမှုများအတွက်လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှု အဆင်ပြေလျက် ရှိသော်လည်း နာမကျန်းလူနာများအတွက် အထူးကုဆရာဝန်နှင့်ပြသရန် လိုအပ်ပါက ပဲခူး၊ ရန်ကုန် စသည်ဖြင့် သွားရောက်ကုသရသည့်အနေအထားဖြစ်ပါကြောင်း။

မိမိတို့ မြို့နယ်အတွင်း၌လည်း ပြင်ပကုသိုလ်ဖြစ်ဆေးခန်းလည်း ဝေါမြို့တွင်ရှိသည့် အတွက် လူနာ ၁,၀၀၀ ခန့်ကို လစဉ်စောင့်ရှောက်လျက်ရှိပါကြောင်း၊ ဤသို့အခြေအနေတွင် အထူးကု ဆရာဝန်တစ်ဦးရှိမည်ဆိုလျှင် မိမိတို့မြို့နယ်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ သို့သော်လည်း မိမိလေ့လာချက်အရ အဆင့်မြှင့် ခုတင် ၅၀ ဖြစ်မှ   ၂၅ ခုတင်သာ ရှိ၍ မိမိတို့တို့ဆေးရုံတွင် အထူးကုဆရာဝန် ခန့်ထားပေးရန်အစီအစဉ်တွင် မျှော်လင့်ချက်သိပ်မရှိသည့် အနေအထားမျိုးဖြစ်ပါကြောင်း၊ သို့သော်လည်း မိမိတို့မြို့နယ်တွင် ခုတင် ၅၀ အဆင့်ဆိုသည်မှာ လက်ရှိအနေအထားတွင် မလိုအပ်သေးပါကြောင်း၊ ထို့ကြောင့် ဒီကြားထဲတွင် အထူးကု ဆရာဝန် ခန့်ထားပေးနိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးနိုင် မည်ကို သိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။

အဖြေ
အဖြေ

 ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာတင်ထွန်း က

ဝေါမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ကုသရေးဆိုင်ရာ အရည်အချင်းပြည့်မီသော မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းနိုင်နှင့်အတူ လက်ထောက်ဆရာဝန် လေးဦး၊ သွားနှင့်ခံတွင်း ဆရာဝန် တစ်ဦး၊ သူနာပြု ၁၃ ဦးနှင့် အခြားကျန်းမာရေးဝန်ထမ်းများအပါအဝင် စုစုပေါင်း ကျန်းမာရေးဝန်ထမ်း ၃၀ ဦး တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ဝေါမြို့နယ်၊ ပြည်သူ့ဆေးရုံသည် ၂၅ ခုတင်ဆံ့ပြည်သူ့ဆေးရုံဖြစ်ပါသဖြင့် အထူးကုဆရာဝန်များ ခန့်ထားရန်အတွက် ဖွဲ့စည်းပုံ မရှိ သေးပါကြောင်းနှင့် လတ်တလောကာလမှာ နေ့စဉ်အတွင်းလူနာ ၂ဝ ဦးနှင့် ပြင်ပလူနာ ၁၄ ဦးတို့ကို မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့်အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပါကြောင်း ပြန်လည်‌ဖြေကြားခဲ့ပါသည်။