နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၈-၁၀-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်
MY EN

(ည)- ဒေါ်ဇာခြည်လွင်(မိုးညိုမဲဆန္ဒနယ်)

2026-10-28
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
မေးခွန်း
ဒေါ်ဇာခြည်လွင် (မိုးညို မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မြို့နယ်ပြည်သူ့ဆေးရုံအတွက် လျှပ်စစ်ဓာတ်အားပေးမီးစက် ပံ့ပိုးရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိတို့မိုးညိုမြို့နယ်သည် လျှပ်စစ် မီးကို အချိန်အကန့်အသတ်ဖြင့်ရရှိ၍ တချို့နေ့များတွင် အကြောင်းအမျိုးမျိုးကြောင့် တစ်နေကုန် ပျက်သည့်အချိန်များလည်းရှိပါကြောင်း၊ မိုးညိုပြည်သူ့ ဆေးရုံကြီးမှ အရေးပေါ်ကိစ္စများ ဆောင်ရွက် ရမည်ဆိုလျှင် လျှပ်စစ်မီးရှိမှသာ အဆင်ပြေ မည်ဖြစ် သောကြောင့် 25 KVA Generator လိုအပ်လျက် ရှိပါကြောင်း၊ မိုးညိုမြို့နယ်သည် ပုဂ္ဂလိက ဆေးရုံများလည်းမရှိသောကြောင့် ပြည်သူ့ဆေးရုံကိုသာ ပြည်သူများက အားကိုး နေရပါကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ မေတ္တာစေတနာဖြင့် ဆောင်ရွက်ပေးလာမှုကို ပြည်သူများသည် မျှော်လင့်နေကြရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းသောမြို့နယ် ဖြစ်သည့် အတွက် လည်း အရေးပေါ်လူနာများကို တခြားမြို့နယ်များသို့ သွားရောက်ကုသလျှင် လမ်းခရီး ကြန့်ကြာခြင်း၊ အရေးပေါ်ကားတိမ်းမှောက်၍ အသက်အန္တရာယ် ထိခိုက်နိုင်ခြင်းများ ဖြစ်လာ နိုင်ပါကြောင်း၊  သို့ဖြစ်ပါ၍ မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံ၌ ကုသ စောင့်ရှောက်မှုပေးနိုင်ရန် 25 KVA Generator တစ်လုံးသည် တပ်ဆင်ပေးရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း က 

မိုးညိုမြို့နယ်ဆေးရုံတွင် လိုအပ်သည့် 25 KVA Generator တောင်းခံ လာမှုအပေါ်တွင် ကုသရေးဦးစီးဌာန၏ ၂၈-၉-၂၀၂၆ ရက်စွဲပါစာအမှတ်၊ ကုသ/ ဖြန့်ဖြူးရေး/၂ဝ၂၆ (၁၁၂၃) ဖြင့် 25 KVA Generator တစ်လုံး ထောက်ပံ့ပေးပြီးဖြစ်၍ ၇-၁ဝ-၂ဝ၂၆ ရက်တွင် မိုးညိုပြည်သူ့ဆေးရုံတွင် တပ်ဆင်ပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။