နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများနှင့် အလုပ်သင်ရှေ့နေများအား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့( Myanmar Parliamentary Union-MPU) ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဗီယက်နမ်နိုင်ငံ၊ သံအမတ်ကြီး H.E.Mr. Nguyen Anh Duc ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ မှတ်တမ်းအကျဉ်းချုပ် (၁၅-၁၀-၂၀၂၆)
MY EN

(ဃ)- ဦးစန်းမောင်(ဘိုကလေးမဲဆန္ဒနယ်)

2026-10-19
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးစန်းမောင် (ဘိုကလေး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဘိုကလေးမြို့နယ်၊ ဟေမန်ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် မည်သည့် ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးမည်ကို  သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဟေမန်ကျေးလက်ကျန်းမာရေးဌာနသည် ဘိုကလေးမြို့နယ်၏ အောက်ဘက်တွင်ရှိ၍ ၎င်း ဒေသတွင် ကျေးလက်ကျန်းမာရေးဌာနတစ်ခုရှိပါကြောင်း၊ ထိုကျေးလက် ကျန်းမာရေးဌာန၏ အကျိုးပြုနိုင်သည့် လူဦးရေသည် ၃၇,၈၄၇ ဦးရှိ၍ ကျေးရွာပေါင်းသည်လည်း ၇၄ ရွာရှိကြောင်း၊ ဘိုကလေးမြို့နယ်သည် ဧရိယာ ၅သိန်း ကျော်ရှိ၍ လယ် ၃၆၀,၀၀၀ စိုက်ပျိုးသည့်ဒေသဖြစ်ပါ ကြောင်း၊ ဟေမန်ကျေးလက် ကျန်းမာရေးဌာနမှ ဘိုကလေးကိုသွားမည်ဆိုလျှင် ကုန်းလမ်းမရှိပါ ကြောင်း၊ ရေလမ်းတစ်ခုတည်းကိုသာ အားကိုးရပါကြောင်း၊ ရေလမ်းတစ်ခုတည်း အားကိုးသည့် လမ်း ဖြစ်သည့် ညီနောင်ရေကျော်မှ မိုးတွင်းတွင် ရေကျလျှင် သွားမရပါကြောင်း၊ နွေဆိုလျှင် ကုန်းပေါ်နေပါကြောင်း၊ ထို့ကြောင့် ၎င်းဒေသတွင်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ကောင်းရန် အတွက် ထိုဒေသ၏ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံ အဖြစ် အဆင့်တိုး မြှင့် ပေးမည်ဆိုလျှင် ဒေသခံပြည် သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလည်း ကောင်းလာ မည်ဖြစ်သကဲ့သို့ ဘဝအရည်အသွေးများလည်း မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ထိုဒေသတွင်ရှိသည့် ပုဂ္ဂိုလ်များသည်လည်း ကျန်းမာရေးစောင့်ရှောက်မှုကိုရယူလိုသည့်အတွက် တက်ကြွသော စိတ်ထား ဖြင့် မြေနေရာများလည်း ရှာဖွေပြီးဖြစ်ပါ ကြောင်း။

ထို့ကြောင့် ဟေမန်ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့် ပေးနိုင်လိုသည့်ဆန္ဒနှင့် အဆင့်တို့မြှင့်ပေးနိုင်မှု ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း က

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်သည် ခုတင် ၁၀၀ ဆံ့ မြို့နယ်ဆေးရုံ တစ်ရုံ၊ ကဒုံကနိတိုက်နယ်ဆေးရုံ၊ ကမာကလူ တိုက်နယ်ဆေးရုံ၊ စက်ဆန်းတိုက်နယ်ဆေးရုံ၊ မြင်းကကုန်းတိုက် နယ်ဆေးရုံ၊ ကြိမ်ချောင်းကြီးတိုက်နယ် ဆေးရုံနှင့် ကွင်းကြီးတိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံ ၇ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၁၁ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၆၄ ခုတို့ဖြင့် ကျန်းမာရေးစောင့် ရှောက်မှုပေးလျက်ရှိပါကြောင်း၊  ဟေမန် ကျေးလက် ကျန်းမာရေး ဌာန(ပင်မ)နယ်မြေတွင် အိမ်ခြေ ၁,၃၈၃၊ လူဦးရေ ၆,၈၀၆ ဦးရှိပါကြောင်း၊ ဟေမန်ကျေးလက် ကျန်းမာရေးဌာနပိုင်နယ်မြေ တစ်ခုလုံး တွင် အိမ်ခြေ ၈,၁၄၇၊ လူဦးရေ ၃၇,၈၄၇ ဦး ရှိပါကြောင်း၊ ဟေမန်ကျေးလက် ကျန်းမာရေး ဌာနသည် ရေလမ်းခရီးအားကိုး၍အသုံးပြုနေရပြီး ကမာကလူ တိုက်နယ်ဆေးရုံကို ၄၅ မိနစ်ခန့်၊ ဘိုကလေး ပြည်သူ့ဆေးရုံသို့ မော်တော်ဘုတ်ဖြင့် ၁ နာရီခွဲခန့်၊ မြင်းကကုန်းတိုက်နယ်ဆေးရုံသို့ မော်တော်  ဘုတ်ဖြင့် ၂ နာရီခွဲခန့်သွားရပါကြောင်း၊ ဟေမန်ကျေး လက် ကျန်းမာရေးဌာန၏ အထွေအထွေ ဆေးခန်းလာသည့် လူနာသစ်၊ လူနာဟောင်းဦးရေသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တိုး တက်လာမှုမရှိခြင်း၊ လွှမ်းခြုံလူဦးရေ ၃၇,၀၀၀ ကျော်ရှိ သော်လည်း အနီးဆုံးဆေးရုံများကို သွားရောက်ရန် ၄၅ မိနစ်မှ ၁ နာရီခွဲခန့်သာကြာမြင့်ခြင်း၊ တိုက်နယ်ဆေးရုံ ဆောက်လုပ်ရန် မြေနေရာ အကျယ်အဝန်း လုံလောက်မှုမရှိခြင်းတို့ကြောင့် ဟေမန်ကျေးလက်ကျန်းမာရေး ဌာနကိုတိုက်နယ်ဆေးရုံအဖြစ်တိုးမြှင့်ဖွင့်လှစ်ပေးရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်း၊ နောင်တွင် မိမိတို့  ထိုလူနာများ ဆေးရုံအသုံးပြုလာနိုင်မှု အခြေအနေ၊ လူ့စွမ်းအားအရင်းအမြစ်မွေး ထုတ်နိုင်မှု အခြေ အနေ၊ နယ်မြေဒေသမှ တိုက်နယ် ဆေးရုံ ဆောက်လုပ်ရန် နေရာရရှိပါက မြေရရှိမှု အခြေအနေ အစရှိသည့် နိုင်ငံတော် ဘဏ္ဍာရေး အခြေ အနေ ထိုအခြေအနေများအပေါ်တွင် မိမိတို့သုံး သပ်၍ နောင် တွင်စီစဉ် ရန်လိုအပ်ပါက စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။