နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသက်ပုံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ တာဝန်ရှိပုဂ္ဂိုလ် Mr.Ross Farmery အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ၊ ပြည်သူ့လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၇-၁၀-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်
MY EN

(င)- ဦးမဇိုးလောင်ဝီး(လဟယ်မဲဆန္ဒနယ်)

2026-10-09
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးမဇိုးလောင်ဝီး( လဟယ် မဲဆန္ဒနယ်) နာဂ အမျိုးသားပါတီ

လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာအား ဝန်ကြီးဌာနအမည်ပေါက် ကျေးရွာအဖြစ်ရရှိနိုင်ရေး သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          လဟယ်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းပါဝင်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်ကြောင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၄,၃၁၃ ပေအတွင်း တည်ရှိသောမြို့ဖြစ်ပြီး လဟယ်မြို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၂-၇-၁၉၇၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၉၃၅ ဖြင့် မြို့အဖြစ်သတ်မှတ်ခဲ့ကြောင်း၊ လဟယ်မြို့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ တရားဝင်အမည်ပေါက်ရရှိ ပြီးသော ကျေးရွာအုပ်စု ၃၆ အုပ်စုနှင့် ကျေးရွာပေါင်း ၉၇ ရွာတို့ဖြင့် ဖွဲ့စည်း နေထိုင်လျက်ရှိပါကြောင်း ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ တရားဝင်အမည်ပေါက် ဖွဲ့စည်းခွင့် ရထားခြင်းမဟုတ်ဘဲ အခြေကျနေထိုင် သည့်ကျေးရွာများရှိပါပြီး ကာရော်အိုဒေါက်ကျေးရွာ၊ တွေးထွေနောက်အင်းကျေးရွာ၊ ဆပ်ပလော် ရွာသစ်ကျေးရွာ၊ ဂိုးနူကျေးရွာ၊ လောင်လိုးကျေးရွာ၊ ကျန်းကျန်ဂျူကျေးရွာ၊ ဝေါင်းညိုနောင်၊ ကျထောက်ဝုန်းကြောင်ကျေးရွာနှင့် ကားရော်လောင်ကျန်းကျေးရွာ တို့ပဲဖြစ်ပါကြောင်း။ 

ပြည်ထဲရေးအမည်ပေါက်မရရှိသေးသော ကျေးရွာ ၉ ရွာ၏ စတင်တည်ထောင်သည့်ခုနှစ်၊ အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေစာရင်းများပဲ ဖြစ်ပြီး လဟယ်မြို့နယ် အခြေချမြေပုံတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမည်ပေါက်ကျေးရွာများ နေထိုင်သည့် တည်နေရာပြမြေပုံဖြစ်ပါကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လဟယ်မြို့သို့ ကျေးရွာအမည်ပေါက်ရရှိရေး ဆောင်ရွက်ပေးနိုင်ပါရန်နှင့်စပ်လျဉ်းပြီးတော့ ကျေးရွာ ပြည်သူများမှ တင်ပြတောင်းခံထားသော အချက်အလက်များဖြစ်ပြီး အဆိုပါအချက်အလက် များအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပူးတွဲတင်ပြပြီးဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာများမှာ နာဂတောင်တန်း ဒေသတွင် ဒေသခံပြည်သူများအခြေစိုက်ကာ ရိုးရာဓလေ့ထုံးထမ်းများနှင့်အညီ အခြေချနေထိုင်ခဲ့ကြ သည့် ကျေးရွာများဖြစ်ပြီး နာဂဒေသ၏ ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ပထဝီအနေအထားအရ အဆိုပါကျေးရွာများတွင် အိမ်ခြေနှင့်လူဦးရေမှာ တောင်ပေါ်ဒေသစံနှုန်းများ နှင့်အညီ အခြေတကျရှိနေပြီးဖြစ်ကြောင်း၊ သို့သော်လည်း အဆိုပါကျေးရွာများသည် ယနေ့ထက်တိုင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ တရားဝင်အမည်ပေါက်စဉ် ရွာမြေအဖြစ်ဝင်ရောက်ခြင်းမရှိသေးသည်ကို တွေ့ရှိရပြီး တရားဝင်အမည်ပေါက်မရရှိသေးခြင်းကြောင့် ဒေသခံပြည်သူများမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားပြုလုပ်ရာတွင် လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာ‌ရေးနှင့် မီးလင်းရေးလုပ်ငန်း များ ဘတ်ဂျက်တောင်းခံဆောင်ရွက်ရာတွင်လည်းကောင်း အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲများနှင့် နစ်နာမှုများစွာ ကြုံတွေ့လျက်ရှိပါကြောင်း။

လဟယ်မြို့နယ်အတွင်းရှိ တရားဝင်ကျေးရွာအမည်ပေါက် ရရှိရေးနှင့်စပ်လျဉ်းပြီး ၂၀၁၇ ခုနှစ်၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့ဖူးပြီး မိမိတို့နာဂဒေသသည် ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေးအင်မတန်ခက်ခဲ သော ဒေသတစ်ခုဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှုအနောက်ကျဆုံးသော ဒေသတစ်ခုလည်းဖြစ်ကြောင်း၊ ဒေသခံမိဘပြည်သူများ၏ ကြုံတွေ့နေရသောအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါမေးခွန်းများအား မေးမြန်းလိုပါကြောင်း၊ လဟယ်မြို့နယ်အတွင်းရှိ အဆိုပါကျေးရွာများအား ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ တရားဝင်ကျေးရွာအမည်ပေါက်အဖြစ် သတ်မှတ်ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ၊ အကယ်၍ တရားဝင်အမည်ပေါက်သတ်မှတ်ပေးရန် အစီအစဉ်ရှိပါက ဒေသခံပြည်သူများ၏အခက်အခဲကို ထောက်ထား ငဲ့ညှာ၍ မည်သည့်အချိန်ကာလအတွင်း ကွင်းဆင်းစိစစ်ခြင်းနှင့် အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်း လုပ်ငန်းစဉ်များကို အပြီးသတ်ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူက

          စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်မှာ မြို့ ၂ မြို့၊ ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၃၆ အုပ်စုနှင့် ကျေးရွာပေါင်း ၉၇ ရွာတည်ရှိကြောင်း၊ လဟယ်မြို့နယ်အတွင်းမှာ ရှိသည့် တရားဝင်ကျေးရွာအဖြစ် သတ်မှတ်ခြင်းမခံရသေးသော အံ့ပေါ်ကျေးရွာအုပ်စုရှိ ဝေါင်းညိုနောင် ကျေးရွာသည် ၂၀၁၁ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး အိမ်ခြေ ၅၀ လုံး၊ အိမ်ထောင်စု ၅၀ စုနှင့် လူဦးရေ ၂၇၉ ဦးနေထိုင်လျက်ရှိကြောင်း စိစစ်တွေ့ရှိရကြောင်း၊ နောက်ညူခါဆန်ကျေးရွာအုပ်စုမှာရှိသည့် ကျထောက်ဝုန်းကြောင်ကျေးရွာသည် ၂၀၁၉ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး အိမ်ခြေ ၃၅ လုံး၊ အိမ်ထောင်စု ၄၃ စုနှင့် လူဦးရေ ၂၀၈ ဦး နေထိုင်လျက်ရှိပြီး တွေးထွေနောက်ကုန်း ကျေးရွာအုပ်စုရှိ တွေးထွေနောက်အင်းကျေးရွာသည် ၂၀၁၄ ခုနှစ်မှာတည်ထောင်ခဲ့ပြီး အိမ်ခြေ ၅၅ လုံး၊ အိမ်ထောင်စု ၆၁ စုနှင့် လူဦးရေ ၂၃၇ ဦး နေထိုင်လျက်ရှိကြောင်း၊ ဆော်လော်နောက်ကုန်း‌ကျေးရွာ အုပ်စုအတွင်းမှာရှိသည့် ဆပ်ပလော်ရွာသစ်ကျေးရွာသည် ၂၀၁၄ ခုနှစ်မှာတည်ထောင်ခဲ့ပြီး အိမ်ခြေ ၇၃ လုံး၊ အိမ်ထောင်စု ၈၀ စုနှင့် လူဦးရေ ၃၉၅ ဦး နေထိုင်လျက်ရှိကြောင်း၊ ယမ်းကြိမ် ကျေးရွာအုပ်စုအတွင်းမှာရှိသည့် ကျန်းကျန်ဂျူကျေးရွာသည် ၂၀၀၆ ခုနှစ်မှာတည်ထောင်ခဲ့ပြီး အိမ်ခြေ ၃၇ လုံး၊ အိမ်ထောင်စု ၃၈ စုနှင့် လူဦးရေ ၁၃၇ ဦးနေထိုင်လျက်ရှိကြောင်း။

          ကားရော်နောက်ညိုကျေးရွာအုပ်စုအတွင်းမှာရှိသည့် ကာရော်အိုဒေါက်ကျေးရွာသည် ၂၀၀၄ ခုနှစ် မှာတည်ထောင်ပြီး အိမ်ခြေ ၂၃ လုံး၊ အိမ်ထောင်စု ၃၀ စုနှင့် လူဦးရေ ၁၀၆ ဦးနေထိုင်လျက်ရှိပြီး ကားရော်လောင်ကျန်းကျေးရွာသည် ၂၀၂၅ ခုနှစ်မှာတည်ထောင်ပြီး အိမ်ခြေ ၅၃ လုံး၊  အိမ်ထောင်စု ၅၃ စုနှင့် လူဦးရေ ၁၈၇ ဦးနေထိုင်လျက်ရှိကြောင်း၊ ကာမွေလောရီကျေးရွာအုပ်စု၊ ဂိုးနူကျေးရွာသည် ၂၀၁၉ ခုနှစ်မှာတည်ထောင်ပြီး အိမ်ခြေ ၃၃ လုံး၊ အိမ်ထောင်စု ၃၃ စုနှင့် လူဦးရေ ၃၀၁ ဦး နေထိုင်လျက်ရှိပြီး လောင်လိုးကျေးရွာသည် ၂၀၁၇ ခုနှစ်မှာတည်ထောင်ပြီး အိမ်ခြေ ၅၃ လုံး၊ အိမ်ထောင်စု ၅၃ စုနှင့် လူဦးရေ ၃၇၂ ဦးနေထိုင်လျက်ရှိကြောင်း စိစစ်တွေ့ရှိရကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်ထားသည့် ကျေးရွာများအဖြစ် သတ်မှတ်နိုင်ရေး အတွက် ခုနတင်ပြခဲ့သည့်အထဲမှာ ပါသည့်အတိုင်းပဲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၄ မှာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသအတွင်းမှာရှိသည့် ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်မြေများပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကနေပြီးတော့မှ နိုင်ငံတော်သမ္မတထံထောက်ခံတင်ပြပြီးတော့ နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားရှိပြီးဖြစ်ကြောင်း။

          ကျေးရွာ ၉ ရွာသည်လဟယ်မြို့မှမိုင် ၅၀ ခန့်အကွာမှာရှိသည့်မြန်မာ-အိန္ဒိယနယ်စပ်အတွင်းမှာ တည်ရှိပြီးတောရိုင်းမြေများပေါ်မှာအခြေချနေထိုင်လျက်ရှိသည့်ကျေးရွာများဖြစ်သည့်အပြင်တောင်ပေါ် ဒေသတွင်နေထိုင်သည့် ကျေးရွာများဖြစ်သည့်အတွက် တောတောင် အတက်အဆင်း‌ပေါများခြင်း၊ ဆိုင်ကယ်၊ ခြေလျင်ခရီးဖြင့်သွားလာနိုင်သည့် သွားလာရခက်ခဲသော ကျေးရွာများဖြစ်ခြင်းတို့ကြောင့် လက်ရှိကာလမှာ ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်သည့် ကျေးရွာအဖြစ်ဆောင်ရွက်နိုင်ခြင်းမရှိသေးသော်လည်းပဲ ခုန လွှတ်တော်ကိုယ်စားလှယ် ကြီးတင်ပြသလို ကျေးရွာနေပြည်သူများ၏ သဘောဆန္ဒဖြင့်တင်ပြလာသည့် တင်ပြချက်များအပေါ်မှာ အထက်ဌာနအဆင့်ဆင့်သို့ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီစိစစ်တင်ပြပြီးတော့ ကျေးရွာ အုပ်စု၊ ကျေးရွာများတိုးချဲ့ခြင်း၊ ပယ်ဖျက်ခြင်း၊ အမည်ပြောင်းခြင်း၊ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း နယ်မြေဒေသအခြေအနေအရ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ကွင်းဆင်းစိစစ်၍ မြေရာဇဝင်စိစစ်ခြင်းများဖြင့် နိုင်ငံတော်သမ္မတ၏ခွင့်ပြုချက်ရရှိရေးကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ခံတင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်များအရ ပြန်လည်ဖြေကြားခဲ့ပါသည်။