MY EN

(စ)- ဦးဇော်မင်း (ကျုံပျော်မဲဆန္ဒနယ်)

2026-10-07
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးဇော်မင်း (ကျုံပျော် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကျုံပျော်မြို့နယ်၊ ခရိုင်ပညာရေးမှူးရုံး၌ ပညာရေးအထောက်အကူပြုသိုလှောင်ရုံ ဆောက်လုပ်ပေး ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကျုံပျော်မြို့နယ်ရှိ ခရိုင်ပညာရေးမှူးရုံး၏ သတ်မှတ်ထားသည့် မြေနေရာတွင် ပညာရေး အထောက်အကူပြု သိုလှောင်ရုံတစ်လုံး မဖြစ်မနေလိုအပ်လျက် ရှိနေသည့် အကြောင်းများကြောင့် ခွင့်ပြုတည်ဆောက်ပေးပါရန် အစီအစဉ် ရှိ မရှိ သိလိုပါသဖြင့် မေးမြန်း တင်ပြရခြင်း ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အခြေခံပညာ အလယ်တန်း၊ မူလတန်းကျောင်းများ၊ စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများတွင် ပညာသင်ကြားနေကြသည့်ကျောင်းသား ကျောင်းသူ များအတွက်  ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဆရာကိုင် လမ်းညွှန် စာအုပ်များ၊ သင်ထောက်ကူ ပစ္စည်းများနှင့် အခြေခံပညာရေးဆိုင်ရာ စာအုပ်စာတမ်းနှင့် ပစ္စည်းများကို အခမဲ့ ထောက်ပံ့ပေးနေခြင်းဖြစ်ပါကြောင်း၊ ယခုလိုထောက်ပံ့ပေးနိုင်ရန် ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာန၏ အစီအစဉ် ကြီးကြပ်မှုနှင့်  သက်ဆိုင်ရာခရိုင်ပညာရေးမှူးရုံးများရှိ သိုလှောင်ရုံ များသို့  အချိန်မီအရောက် ပို့ဆောင် ကြပါကြောင်း၊ ထို့နောက် ခရိုင်ပညာရေးမှူးများမှတစ်ဆင့်သက်ဆိုင်ရာ မြို့နယ်အသီးသီး၊ ကျောင်းအသီးသီးကို  ဖြန့်ဝေ ဆောင်ရွက်ရပါကြောင်း။

ကျုံပျော်မြို့နယ်ပညာရေးမှူးရုံးကို ၂၅-၈-၂၀၂၂ ရက်က ကျုံပျော်မြို့တွင်စတင် ဖွင့်လှစ်ခဲ့ ပါကြောင်း၊ ခရိုင်အတွင်းရှိ ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်များရှိ အခြေခံပညာ စာသင်ကျောင်းပေါင်း ၇၀၃ ကျောင်း နှင့် ဘုန်းတော်ကြီးသင်ပညာ သင်ကျောင်း ၆ ကျောင်း ရှိ၍ စာသင်ကျောင်းပေါင်း ၇၀၉ ကျောင်းနှင့် ကျောင်းသား ကျောင်းသူပေါင်း ၁၀၅,၇၆၂ ဦး တို့အတွက် အတန်းလိုက်ကျောင်းသုံးစာအုပ်များနှင့် ဗလာစာအုပ်၊ ဆရာလမ်းညွှန်စာအုပ်များ၊ သင်ထောက်ကူ ကျောင်းသုံးပစ္စည်းများကို နိုင်ငံတော်က အခမဲ့ဖြန့်ဝေပေးပါသော်လည်း ပစ္စည်းထား သိုရန် သိုလှောင်ရုံ မရှိသည့်အတွက် အဆိုပါပစ္စည်းများကို ကျုံပျော်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမတစ်ခု၌ ခေတ္တလက်ခံ သိုလှောင်ထားရပြီး ဖြန့်ဝေ ပေးရခြင်းဖြစ်သည့်အတွက် ရေရှည်တွင်ဆောင်ရွက်နိုင်ရန်  အခက်အခဲများရှိလာပါကြောင်း၊ ယခုလို အခက်အခဲပြဿနာများကြောင့် ခရိုင်ပညာရေးမှူးရုံး မြေနေရာ တွင် သိုလှောင်ရုံ တည်ဆောက် ရန် သတ်မှတ်ပေးထားသောမြေနေရာတွင် အဆိုပါကျောင်းသုံးစာအုပ် စာတမ်းများ၊ ဗလာစာအုပ်များ၊ ဆရာကိုင်လမ်းညွှန်စာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ၊ လူငယ်များ အတွက် အခြား အကျိုးပြုသည့် အားကစား၊ကျန်းမာရေးနှင့်ကျောင်းသုံးပစ္စည်းများ စနစ်တကျ လက်ခံ ထားသို ဖြန့်ဝေပေးနိုင်ရန်အတွက် အလျား ၁၂၀ ပေ အနံ ၃၀ ပေရှိ RC တစ်ထပ်သိုလှောင်ရုံ တစ်ခုတင်ပြထား ခြင်းဖြစ်ပါကြောင်း၊ တင်ပြပါအမှန်တကယ်လိုအပ်လျက်ရှိသည့် ခရိုင်ရုံး သိုလှောင် ရုံတစ်လုံးကို တည်ဆောက်ခွင့် ခွင့်ပြုပေးပါရန်နှင့်အစီအစဉ် ရှိ မရှိကို သိရှိလိုပါ ကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင် က

ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ပညာရေးမှူးရုံးသည် (၁၀၀ x ၃၀) ပေ RC ၂ ထပ် အဆောက်အဦကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေး ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ပြီး ဝန်ထမ်းအင်အားအနေဖြင့် အရာထမ်း ၁၅ ဦး၊ အမှုထမ်း  ၂၃ ဦး စုစုပေါင်း ဝန်ထမ်း ၃၈ ဦး တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြ သွားသည့် ခရိုင်ပညာရေးမှူးရုံးတွင် လိုအပ်နေသည့် မြို့နယ်များသို့ဖြန့်ဝေမည့် ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်များ၊ ဆရာကိုင်ဆရာလမ်းညွှန်စာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ၊ ဗလာစာအုပ်များ ထားသိုနိုင်ရေး အတွက်လိုအပ်လျက်ရှိသော အဆောင်အတွက်(၁၂၀ x ၃၀) ပေ RC ၁ ထပ် သိုလှောင်ရုံ အားလာမည့်ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်းတည်ဆောက်ရေးရန်ပုံငွေဖြင့် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ ပါသည်။