MY EN

(ဂ)- ဦးစန်းမောင်(ဘိုကလေးမဲဆန္ဒနယ်)

2026-10-05
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးစန်းမောင် (ဘိုကလေး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဘိုကလေးမြို့နယ်၊ ကဒုံကနိတိုက်နယ်ဆေးရုံရှိ ဓာတ်မှန်စက်မှာ ပျက်စီးနေပါသဖြင့် အစားထိုးတပ်ဆင်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကဒုံကနိတိုက်နယ်ဆေးရုံတွင် သီတဂူဆရာတော်ကြီးမှ နာဂစ် ကာလတွင် ဓာတ်မှန်စက် လှူဒါန်းထားပါကြောင်း၊ ယခု နှစ် ၂၀ နီးပါးဖြစ်သည့်အတွက် ထိုဓာတ်မှန်စက်သည် ပျက်စီးယိုယွင်းပါကြောင်း၊ ၎င်းပျက်စီးယိုယွင်းနေသည့်ဓာတ်မှန်စက်ကို အစားထိုးတပ်ဆင်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းလိုပါကြောင်း။

ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ၊ ဘိုကလေးနှင့် ၄၂ မိုင်ကွာဝေး၍ ပင်လယ်ပြင် မေးတင်သည့်ရွာ ဖြစ်ပါကြောင်း၊ ဧရိယာကျယ်ပြန့်ပြီး‌ ကျေးရွာများတွင်လည်း မြို့ပေါက်လေး တစ်ခုလို ဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စုအတွင်း၌ ကျေးရွာခွဲပေါင်း ၁၅ ရွာနှင့် လူဦးရေ ၁၂,၀၀၀၊ ဧရာအုပ်စု အတွင်း၌ လူဦးရေ ၅,၀၀၀၊ ချောင်းမြဲကြီးအုပ်စုအတွင်း လူဦးရေ ၂,၀၀၀ ကျော်နှင့် ဂရက်ကြီး၊ ဂေါ်ဒူတို့၌ လူဦးရေ ၁,၂၀၀၊ သရော်ချောင်းကျေးရွာအုပ်စု၌ လူဦးရေ ၉,၀၀၀ ကျော် စုစုပေါင်း လူဦးရေ ၃၀,၀၀၀ ခန့် မှီခိုအားထားရသည့် ဆေးရုံဖြစ်ပါကြောင်း၊ နာဂစ်ကာလတွင် ဆရာတော်ကြီး ကြွရောက်၍ လိုအပ်သည် ဓာတ်မှန်စက်ကို တပ်ဆင်ပေးထားပါကြောင်း၊ ထို့ကြောင့် ၎င်း ဒေသတွင်ရှိသည့်ပုဂ္ဂိုလ်များ ဝေးလံသည့်ဘိုကလေးမြို့နယ်ကိုမသွားဘဲ တော်ရုံတန်ရုံ ရောဂါများသည် ကုသမှုဆောင်ရွက်ပေးနိုင်သည့်အတွက် ကျေးရွာသူ ကျေးရွာသားများတွင်လည်း ကျေးဇူးတင်လျက်ရှိပါကြောင်း၊ သို့သော်လည်း လိုအပ်သည့်ဓာတ်မှန်စက်ကို ပျက်နေပြီဖြစ်သည့် အတွက် နိုင်ငံတော်မှတပ်ဆင်ပေးမှု ရှိ မရှိ၊ တကယ်လို့ လိုအပ်သည်များရှိလျှင် ကျေးရွာမှ ပူးပေါင်း ဆောင်ရွက်ရမည်ဆိုသည့် ကတိကဝတ်လည်းရှိပါကြောင်း၊ ထို့ကြောင့် မည်သည့်ကာလတွင် အပြီး တပ်ဆင်ပေးမည်ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က

ယခုအခါ ဓာတ်မှန်ကို မော်ဒယ်ဟောင်းလို့ Spare Parts များ မရနိုင် ပါကြောင်း၊ အစားထိုး တပ်ဆင်ရန်အတွက် 100 MA Digital X-ray ကို ပေးပို့ခဲ့၍ ၂၄-၉-၂၀၂၆ ရက်တွင် Installion လည်း ပြုလုပ်ပြီးစီးသည့်အတွက်ကြောင့် ၂၉-၉-၂၀၂၆ ရက်တွင် စတင်အသုံးပြုနေပြီဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။