နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၈-၁၀-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်
MY EN

(ဌ)- ဦးသန်းဝင်းထွန်း(ရွှေဘိုမဲဆန္ဒနယ်)

2026-09-30
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
မေးခွန်း
ဦးသန်းဝင်းထွန်း(ရွှေဘို မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာအဝင်လမ်းအား အဆင့်မြှင့်တင်ရန်အတွက် နီးစပ်သောဘဏ္ဍာရေး နှစ်တွင်  ဆောင်ရွက်ပေးနိုင်ပါရန် သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာသည် ရွှေဘိုမြို့အနောက်ဘက် ၉ မိုင်ခန့်တွင် တည်ရှိပြီး ရွှေဘို-ရေဦး ကားလမ်း၏ မြောက်ဘက် ၂ မိုင်  ၃ ဖာလုံအကွာတွင် တည်ရှိပါကြောင်း၊ ထိုလမ်း ၂ မိုင် ၃ ဖာလုံကို လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်က ကျေးရွာသူ ကျေးရွာသားများစုပေါင်းပြီး ကိုယ့်အားကိုယ်ကိုး ကျောက်ချောလမ်းအဖြစ် ဖောက်လုပ်ခဲ့ကြပါသည်။ ခွန်တောင်းကြီးကျေးရွာ၏ အဓိကအသက် မွေးဝမ်းကြောင်းလုပ်ငန်းမှာ ဆန်၊ စပါး စိုက်ပျိုးခြင်းနှင့် ရက်ကန်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြပါကြောင်း၊ ထို့အပြင် ခွန်တောင်းကြီးစည်တော်ကြီး ခေါ် ရွှေဘိုစည်တော်ကြီးကိုလည်း စုစည်းဖွဲ့စည်းထားပြီး ရှေးယဉ်ကျေးမှု အစဉ်အလာ တစ်ရပ်အနေ ဖြင့် ထိန်းသိမ်းထားပြီး  ဘာသာရေးအခမ်းအနားများတွင်လည်း လှည့်လည်ဖျော်ဖြေပေးနေသည့် ရွာကြီးတစ်ရွာဖြစ်ပါကြောင်း၊  ခွန်တောင်းကြီးကျေးရွာတွင် အိမ်ထောင်စု ၁၂၀၀ စု လူဦးရေ ၄၃၆၅ ဦး နေထိုင်ကြပြီး ကျောင်းသား ကျောင်းသူ ၅၂၂ ဦးရှိပြီး အခြေခံပညာအထက်တန်းကျောင်းခွဲ ရှိသည့် ကျေးရွာကြီးဖြစ်ပါကြောင်း၊ ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ကျေးရွာအတွင်းသွားလာရ လွယ်ကူစေရန်နှင့် ရဟန်းသံဃာတော်များ ဆွမ်းခံကြစဉ် အဆင်ပြေစေရန်အတွက် ၂၀၂၂ ခုနှစ် မှစတင်၍  ကျေးရွာတွင်းရှိလမ်းမများကို ကျေးရွာသူ ကျေးရွာသားများစုပေါင်း၍ ကွန်ကရစ်လမ်းများ အဖြစ် နှစ်အလိုက် တတ်နိုင်သမျှ  လုပ်အားငွေအားများစုပေါင်း၍ ပြုလုပ်လျက်ရှိပါကြောင်း၊ အေးချမ်း သာယာပြီးရှေးယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းကာ ကျေးရွာကို တိုးတက်အောင် စုပေါင်း ဆောင်ရွက်နေသည့် ကျေးရွာလည်းဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ခွန်တောင်းကြီးကျေးရွာ ရွာအဝင်လမ်း အရှည်မိုင် ၂ ဖာလုံ ၂ မိုင် ၃ ဖာလုံ ကျောက်ချော လမ်းအား ကတ္တရာလမ်းသို့မဟုတ် ကွန်ကရစ်လမ်းသို့ အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ အစီအစဉ်မရှိသေးပါက နီးစပ်သောဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က

          ရွှေဘို-ရေဦးလမ်းမှ ခွန်တောင်းကြီးရွာအဝင်လမ်းသည် ကျောက်လမ်း ၂ မိုင်နှင့် ၃ ဖာလုံရှိပြီး တိုင်းဒေသကြီးမှစီမံခန့်ခွဲသော Class A လမ်းဖြစ်ပြီး လမ်းဦးစီးဌာနပိုင် ရွှေဘို-ရေဦးလမ်းနှင့် ချိတ်ဆက်ထားရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာအစီအစဉ်ဖြင့် ကျောက်လမ်း ခင်းခြင်းလုပ်ငန်းကို မိမိတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိပျက်စီးနေသော ခွန်တောင်းကြီးကျေးရွာ ရွာအဝင်လမ်းအရှည် ၂ မိုင် ၃ ဖာလုံ ကျောက်ချောလမ်းအဖြစ် ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်း လုပ်ငန်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ယခုအခါ မြေပြင်ကွင်းဆင်းဆောင်ရွက်နိုင်ခြင်း မရှိသေးပါသဖြင့် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ကွင်းဆင်း ဆောင်ရွက် ပြီးမှသာ ရန်ပုံငွေ လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။