နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၃၀.၉.၂၀၂၆) မေးမြန်းခဲ့သောမေးခွန်းများနှင့်ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၉.၉.၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့်မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် နေပြည်တော်မသန်စွမ်းသူများအသင်းတို့အားတွေ့ဆုံ
MY EN

(င)- ဒေါ်ခင်သန်းမြင့်(ငပုတောမဲဆန္ဒနယ်)

2026-09-30
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
မေးခွန်း
ဒေါ်ခင်သန်းမြင့် (ငပုတော မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ငပုတောမြို့နယ်၊ မန်ကျည်းပင်တိုက်နယ်ဆေးရုံ အဆောက်အဦအား အသစ်ပြန်လည်တည်ဆောက် ပေးရန်  အစီအစဉ် ရှိ မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း 

          မန်ကျည်းပင်တိုက်နယ်ဆေးရုံသည် လွန်ခဲ့သည့်နှစ်ပေါင်း၃၀ ကျော် လောက်ကတည်းက ပြည်သူများမှ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့သည့်ဆေးရုံဖြစ်ပြီး ကျေးရွာအုပ်စု ၁၇ အုပ်စု လူဦးရေ ၆၀၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ဆေးရုံလည်းဖြစ်ပါကြောင်း၊ အဆောက် အဦ ၏ အခြေအနေသည် အုတ်ညှပ်သွပ်မိုးနှင့် အင်္ဂတေခင်းသည့် အဆောက်အဦ ဖြစ်ပါကြောင်း၊ ယခု အချိန်တွင် နှစ်ကာလလည်းကြာမြင့်လာပြီး ဒေသခံပြည်သူများမှ ကိုယ်ထူကိုယ်ထ ဆောက်ခဲ့ သည့် ဆေးရုံဖြစ်သည့်အတွက် အုတ်ညှပ်၊ သွပ်နှင့် တိုင်ကြားထဲတွင် ကွာဟမှုများ ဖြစ်နေပါကြောင်း၊ ပြတင်းပေါက်များလည်း မကောင်းပါကြောင်း၊ သွပ်မိုးများသည်လည်း မကြာခဏပျက်စီးပါကြောင်း၊ ဆားငန်ဒေသဖြစ်သည့်အတွက် မကြာခဏ မိုးယိုပြီး ပေါက်သွားသည့်အခါ ပြန်ပြန်ပြီးအမိုးများ ပြုပြင်ပေးနေရပါကြောင်း၊ မိမိတို့ဒေသမှ လေတအားတိုက်ပြီး နာဂစ်ဒေသလည်းဖြစ်သည့်အတွက် မိုးရွာပါကြောင်း၊ လေတိုက်လျှင် ဆေးရုံပြိုကျမလားဆိုပြီး ဆေးရုံတက်ရောက်၍ ဆေးကုသမှု ခံယူနေကြ သည့် လူနာများမှလည်း ထိတ်လန့်နေရပါကြောင်း၊ ထို့ကြောင့် လူနာများ မိမိတို့ ဆေးရုံ တွင် တက်ရောက်ပြီး ဆေးကုသမှုခံယူနေအချိန်၌ လုံခြုံစိတ်ချစွာ အဆင်ပြေချော့မွေ့စေရန် ဆန္ဒ များ လည်းရှိနေပါကြောင်း၊ ဒေသခံပြည်သူများမှလည်း ၁၉၈၇ ခုနှစ်က အုတ်မြစ်ချခဲ့သည့် ဆေးရုံ ဖြစ်ပါ ကြောင်း၊ ကြားတွင် ၁၉၈၈ ခုနှစ် အရေးအခင်းကာလပြီးသွားပြီး ၁၉၉၂ ခုနှစ်မှ လုပ်ငန်း ပြန်စခဲ့ ကြခြင်းဖြစ်ပါကြောင်း၊ ၁၉၉၄ ခုနှစ်မှ ထိုဆေးရုံကြီး ပြီးမြောက်သွားခြင်းဖြစ်ပါကြောင်း၊ နှစ်ကာလ ကြာမြင့်နေပြီး အုတ်များနှင့် တိုင်များလည်း ကွာဟနေသည့်အတွက် ဒေသခံ ပြည်သူများ၏ တင်ပြ ချက် လိုလားချက်အရ မန်ကျည်းပင်တိုက်နယ်ဆေးရုံကို နိုင်ငံတော်မှ စံပြဆေးရုံအဖြစ်၊ တိုက်နယ် ဆေးရုံအဖြစ် အသစ်ပြန်လည်ဆောက်လုပ်ပေးရန် အစီအဉ် ရှိ၊ မရှိ မေးမြန်း ခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က

ငပုတောမြို့နယ်၊ မန်ကျည်းပင်တိုက်နယ်ဆေးရုံ အဆောက်အဦကို ၁၈-၂-၂ဝဝ၅ ရက်တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၁၆ ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း၊ အဆိုပါအဆောက်အဦတွင် လူနာဆောင်၊ ခွဲစိတ်ခန်းနဲ့ ဓာတ်ခွဲခန်း တို့ပါရှိခဲ့ပြီး ဓာတ်ခွဲခန်းအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် စံကိုက်ဓာတ်ခွဲခန်း အဖြစ် ပြင်ဆင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဓာတ်မှန်ခန်းအား အလှူရှင်များမှ လက်ရှိအနေ အထားသည် ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ ၂၂-၆-၂ဝ၂၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကုသရေးဦးစီး ဌာန၏ မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ ဆေးရုံဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ကြံ့ခိုင်ရေး အတွက် ဦးစားပေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်သင့်ကြောင်း တင်ပြလာသည့် အတွက် ခွင့်ပြုရန်ပုံငွေ ချထားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အနေဖြင့် သားဖွားခန်း နှင့် သားဖွားလူနာဆောင်တို့တွင် Trolly Way ပြုလုပ်ခြင်း၊ အရေးပေါ်လူနာဆောင် ပြုပြင်ခြင်း၊ ဓာတ်မှန်ခန်းတွင် Control Room ပြုလုပ်ခြင်း၊ ဆေးရုံပင်မဆောင်၊ အမျိုးသား အမျိုးသမီး လူနာကုသဆောင်များ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဆေးသုတ်ခြင်းလုပ်ငန်းများ၊ ရင်ခွဲရုံ ပြန်လည် တည်ဆောက်မွမ်းမံခြင်း၊ ရင်ခွဲရုံသို့ လျှောက်လမ်းပေ ၁ဝဝ အရှည် ခင်းခြင်းတို့ဆောင်ရွက် ဆဲဖြစ်ပါကြောင်း၊ အမှိုက်မီးရှို့ဆောင် ပြန်လည်တည်ဆောက်မွမ်းမံခြင်း၊ ဆေးရုံခြံစည်းရိုး ကာရံခြင်း လုပ်ငန်းတို့အတွက် ပစ္စည်းများဝယ်ယူထားရှိပြီး ရာသီဥတုအခြေအနေအပေါ်မူတည်၍ ဆက်လက် ပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ခွဲစိတ်ခန်းတစ်ခုအတွက် ၂၀၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ် တွင် အသစ်ဆောက်လုပ်ရန် လျာထားဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ကိုယ်စားလှယ်တော်ကြီးတင်ပြသည့် အသစ်ပြန်လည် ဆောက်လုပ်ရန်ကိစ္စသည် ကျန်းမာရေး ဝန်ကြီးဌာန၏ စိစစ်ချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာန၏ တင်ပြ ချက် အတိုင်းသာ ပြင်ဆင်ရေးကိုဆောင်ရွက်နေဆဲဖြစ်ပါကြောင်း၊ အသစ်ဆောက်လုပ် ဖြစ်မည် ဆိုလျှင် ပြန်လည်၍ ဆောက်လုပ်ရေးမှ တာဝန်ရှိသူများနှင့် အဆောက်အဦကြံ့ခိုင်မှုကို ပြန်လည် စစ်ဆေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။