နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့်မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် နေပြည်တော်မသန်စွမ်းသူများအသင်းတို့အားတွေ့ဆုံ ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပမှုကို လာရောက်လေ့လာ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၈.၉.၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဥ္စမမြောက်နေ့သို့ လာရောက်လေ့လာသည့် နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းအား တွေ့ဆုံ
MY EN

(ဆ)_ဦးကျော်ကျော်ဦး(ထန်းတပင်မဲဆန္ဒနယ်)

2026-09-28
တတိယအကြိမ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မေးခွန်း
ဦးကျော်ကျော်ဦး (ထန်းတပင် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ထန်းတပင်မြို့ဆိပ်ကြီးနှင့်အောင်မင်္ဂလာရပ်ကွက်တို့အား၁၁ကေဗွီထန်းတပင်ဖီဒါလိုင်းအတွင်းသို့ ပြောင်းလဲတပ်ဆင်ရန်နှင့် ဆိပ်ကြီးနှင့် သီရိဟေမာရပ်ကွက်အတွင်းရှိ ရှည်လျားဆားဗစ်များအား ၄၀၀ဗို့လိုင်းခန်းတိုတပ်ဆင်ရန်ဆောင်ရွက်ပေးနိုင်ခြင်းရှိမရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ထန်းတပင်မြို့ပေါ်တွင် မြို့ပေါ် ၆ရပ်ကွက်ရှိပါကြောင်း၊ ၎င်း ၆ ရပ်ကွက်အနက် အောင်ချမ်းသာ ရပ်ကွက်၊ အောင်သုခရပ်ကွက်၊ သီရိရတနာရပ်ကွက်၊ သီရိဟေမာရပ်ကွက် ၄ ရပ်ကွက်သည် ထန်းတပင်မြို့ရှိ လျှပ်စစ်မီးလိုင်းပေါ်တွင် တည်ရှိပါကြောင်း၊ ကျန်သည့် ရပ်ကွက် ၂ ခုဖြစ်သည့် ဆိပ်ကြီး ရပ်ကွက်နှင့်အောင်မင်္ဂလာရပ်ကွက်သည်မူလလျှပ်စစ်လိုင်းတည်ရှိရာ အုတ်တွင်းမြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာ ၁၁ ကေဗွီအေဓာတ်အား လိုင်းပေါ်မှာ တည်ရှိပါကြောင်း၊ မြို့ပေါ်၆ ရပ်ကွက်လုံး လျှပ်စစ်မီးပေး ဧရိယာညီညွတ်မျှတစေရန်အတွက် ၎င်းမြို့ပေါ်၆ ရပ်ကွက်ကို မြို့ပေါ်လိုင်းအတွင်းသို့ ပြောင်းရွှေ့ တပ်ဆင်ပေးပါရန်နှင့် သီရိဟေမာရပ်ကွက်နှင့် ဆိပ်ကြီးရပ်ကွက် ၂ ခုတွင် ၄၀၀ ဗို့လိုင်းခန်းများ လုံလောက်စွာမရှိသည့်အတွက် အိမ်သုံးဆားဗစ် ကြိုးများရှည်လျားစွာ ဆွဲယူသုံးစွဲနေရသည့် အတွက် ဓာတ်အားပျောက်ဆုံးမှုများ၊ ဗို့အားအလုံ အလောက်မရရှိမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ထို့ကြောင့် ၄၀၀ ဗို့လိုင်းခန်းများ အလုံလောက်ရရှိရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိ ကို သိလိုပါကြောင်း မေးမြန်းပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ဒုတိယဝန်ကြီး၊ ဦးအေးကျော် က

ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ထန်းတပင်မြို့အား အောင်သုခ ရပ်ကွက်၊ သီရိရတနာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိဟေမာရပ်ကွက်၊ ဆိပ်ကြီးရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက် စုစုပေါင်း ၆ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပြီး ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ထန်းတပင် ဓာတ်အားခွဲရုံမှ ၁၁ ကေဗွီ ထန်းတပင်(မြို့တွင်း) ဓာတ်အားလိုင်း၊ ၁၁ ကေဗွီ ညောင်ပင်ကြီးဓာတ်အား လိုင်းနှင့် ၁၁ ကေဗွီ မြို့စိုးဓာတ်အားလိုင်း ၃ လိုင်းတို့ဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊    ၁၁ ကေဗွီ ထန်းတပင်(မြို့တွင်း) ဓာတ်အားလိုင်းမှ အောင်သုခရပ်ကွက်၊ သီရိရတနာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်နှင့် သီရိဟေမာရပ်ကွက်တွင်ရှိသည့် ဓာတ်အားသုံးစွဲသူ ၂,၄၆၀ ဦး၊ ၁၁ ကေဗွီ ညောင်ပင်ကြီးဓာတ်အားလိုင်းမှ ဆိပ်ကြီးရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက် ၂ ခုနှင့် ကျေးရွာ ၂၉ ရွာ ရှိ ဓာတ်အားသုံးစွဲသူ ၄,၅၀၇ ဦးနှင့် ၁၁ ကေဗွီ မြို့စိုးဓာတ်အားလိုင်းမှ ကျေးရွာ ၁၉ ရွာမှာရှိသည့် ဓာတ်အားသုံးစွဲသူ ၂,၀၅၆ ဦးတို့အား အသီးသီး ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အား ခွဲဝေရရှိမှု လျော့နည်းသည့်ကာလများတွင် မြို့ပေါ်ရပ်ကွက် ၄ ခုကိုသာ ဓာတ်အားဖြန့်ဖြူးပေးနိုင်သည့်  ၁၁ ကေဗွီ ထန်းတပင်(မြို့ပေါ်) ဓာတ်အားလိုင်း ၁ လိုင်းကိုသာ ပုံမှန်ဓာတ်အားပေးနိုင်ခဲ့ပြီး ကျန်ဓာတ်အားလိုင်းများအား အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးရ ခြင်း ဖြစ်ပါကြောင်း၊ ၁၁ ကေဗွီ ညောင်ပင်ကြီး ဓာတ်အားလိုင်းမှတစ်ဆင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော် မာ  ၆ လုံးဖြင့် ဓာတ်အားဖြန့်ဖြူးပေးထားသည့် ဆိပ်ကြီးရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက် ၂ ခုတို့ အား ဓာတ်အားသုံးစွဲသူ ၉၉၂ ဦးကို အခြားမြို့ပေါ် ရပ်ကွက်များနည်းတူ ၁၁ ကေဗွီ ထန်းတပင် (မြို့ပေါ်) ဓာတ်အားလိုင်းသို့ ပြောင်းလဲချိတ်ဆက်နိုင်ရန် အတွက် ဆိပ်ကြီး ရပ်ကွက်တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၄,၉၀၀ ပေ၊ အောင်မင်္ဂလာရပ်ကွက်တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂,၇၀၀ ပေ တို့အား ထပ်မံတည်ဆောက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆိပ်ကြီးရပ်ကွက်နှင့် သီရိဟေမာ ရပ်ကွက်တို့တွင် ၄၀၀ ဗို့ဓာတ်အားလိုင်းများ အလုံအလောက်မရှိ သည့် အတွက် အိမ်သုံး ဆားဗစ် ကြိုးများ ရှည်လျားစွာ ဆွဲယူသုံးစွဲနေရခြင်းကြောင့် ဗို့အားကျဆင်းမှုများ ဖြစ်ပေါ်လျက် ရှိပါသဖြင့် ဆိပ်ကြီးရပ်ကွက်တွင် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၃ လုံးမှ ဓာတ်အား ဖြန့်ဖြူးတဲ့ ဧရိယာများမှာ ၄၀၀ ဗို့ ဓာတ်အားလိုင်း စုစုပေါင်း ၁,၇၀၀ ပေ၊ သီရိဟေမာ ရပ်ကွက်တွင် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၄ လုံးမှ ဓာတ်အားဖြန့်ဖြူးပေးတဲ့ ဧရိယာမှာ ၄၀၀ ဓာတ်အားလိုင်း စုစုပေါင်း ၂,၁၀၀ ပေ တို့အား ထပ်မံတည်ဆောက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ထို့ကြောင့် ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ထန်းတပင်မြို့ပေါ်ရှိ ဆိပ်ကြီးရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်တို့အား ၁၁ ကေဗွီ ထန်းတပင်(မြို့တွင်း) ဓာတ်အားလိုင်းသို့ ပြောင်းလဲချိတ်ဆက် နိုင်ရန်အတွက် ဆိပ်ကြီးရပ်ကွက်တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၄,၉၀၀ ပေနှင့် အောင်မင်္ဂလာ ရပ်ကွက်မှာ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂,၇၀၀ ပေ တည်ဆောက်ခြင်းနှင့် ရှည်လျားဆားဗစ်ကြိုးများ ရှင်းလင်းရန်အတွက်ကို ဆိပ်ကြီးရပ်ကွက်တွင် ၄၀၀ ဗို့ဓာတ်အားလိုင်း ၁,၇၀၀ ပေ၊ သီရိဟေမာ ရပ်ကွက်မှာ ၄၀၀ ဗို့ဓာတ်အားလိုင်း ၂,၁၀၀ ပေတို့အား တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေမှာ လျာထားတင်ပြဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။