နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့်မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် နေပြည်တော်မသန်စွမ်းသူများအသင်းတို့အားတွေ့ဆုံ ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပမှုကို လာရောက်လေ့လာ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၈.၉.၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဥ္စမမြောက်နေ့သို့ လာရောက်လေ့လာသည့် နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းအား တွေ့ဆုံ
MY EN

(င)- ဦးခင်မောင်ဝင်း(မော်လမြိုင်ကျွန်းမဲဆန္ဒနယ်)

2026-09-28
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မေးခွန်း
ဦးခင်မောင်ဝင်း (မော်လမြိုင်ကျွန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မော်လမြိုင်ကျွန်းမြို့နယ်၌ ဓာတ်အားခွဲရုံ ၆၆  ကေဗွီ တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း 

          ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်သို့ လျှပ်စစ်ဓာတ်အားပေးဝေ ရာတွင် ဖျာပုံ၊ ဘိုကလေး လျှပ်စစ်ဓာတ်အားလိုင်းမှ ဘိုကလေးဓာတ်အားခွဲရုံသို့ ပေးပို့ခြင်းဖြစ်ပါ ကြောင်း၊ မော်လမြိုင်ကျွန်းမြို့ရှိ မြို့မ ၁၃ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၃၃ ရွာကို လက်ရှိပေးဝေ လျက်ရှိပါကြောင်း၊ လုပ်ငန်းသုံးနှင့် ရပ်ကွက်ကျေးရွာသုံး ထရန်စဖော်မာ ၈၆ လုံးရှိပြီး မီတာပုံး ၈,၃၅၅ လုံးသုံးစွဲနေပါကြောင်း၊ လာမည့်နှစ်တွင် ကျေးရွာပေါင်း ၂၀ တွင် ထပ်မံ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် တိုင်များစိုက်၍ ဓာတ်အားကြိုးလိုင်းများ သွယ်တန်းမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း ဓာတ်အားအဝင်ရရှိမှုသည် ၁၄၀ ဗို့အားသာရရှိနေ၍ အိမ်သုံး၊ လုပ်ငန်းသုံးများအတွက် မလုံလောက်ပါ ကြောင်း၊ ဗို့အားအပြည့်အဝရရှိရန် ဓာတ်အားခွဲရုံ ၆၆ ကေဗွီရရှိမှသာ ဓာတ်အားလုံလောက်မည့်အပြင် လှိုင်းဘုန်းကျေးရွာအုပ်စုသို့ ဆက်လက်ဓာတ်အားပေးသွယ်တန်းမည့် ဓာတ်အားလိုင်းစီမံကိန်းကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မော်လမြိုင်ကျွန်း၊ လှိုင်းဘုန်း ကျေးရွာဓာတ် အားလိုင်းရရှိမှသာ ထိစပ်နေသည့်ကျေးရွာများကိုပါ မီးလင်းရေး ပေးဝေနိုင်မည်ဖြစ်ပါကြောင်း။

ဓာတ်အားခွဲရုံတည်ဆောက်ရန် မော်လမြိုင်ကျွန်း၊ ရေလိန်ကျေးရွာအုပ်စု၊ ကြောင်ထောက် ကျေးရွာတွင် တည်ဆောက်ရန်မြေနေရာ လယ်ယာမြေလှူဒါန်းသူလည်း ရရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါလယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်အရ အမြန်ဆုံးခွင့်ပြု၍ ဓာတ်အားခွဲရုံ ၆၆ ကေဗွီအား ခွင့်ပြုတည်ဆောက်ပေးပါရန်နှင့် ဆောက်ရွက်မည့်အခြေအနေအား သိရှိလိုပါသောကြောင့် မော်လမြိုင်ကျွန်းမြို့နယ်သူ မြို့နယ်သားများကိုယ်စား မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က

မော်လမြိုင်ကျွန်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာ ၃၃ ရွာကို ၂၃၀ ကေဗွီ ကျိုက်လတ်ပင်မဓာတ်အား ခွဲရုံမှ ၃၃ ကေဗွီ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး ဓာတ်အားလိုင်း ၃၆ မိုင်ဖြင့် ဓာတ်အားရယူပြီး ၃၃/၁၁ ကေဗွီ (၁၀+၅)အမ်ဗွီအေ ဘိုကလေးဓာတ်အားခွဲရုံမှ ၁၁ ကေဗွီဓာတ်အားလိုင်း ၁၈.၄၁ မိုင်နှင့်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ အဆိုပါ ၃၃ ကေဗွီဓာတ်အားလိုင်းမှ ဓာတ်အားရယူ၍ ဖျာပုံမြို့ ၃၃/၁၁ ကေဗွီ ၂၀ အမ်ဗွီအေဓာတ်အားခွဲရုံမှ ဖျာပုံမြို့နှင့် ကျေးရွာ ၅၃ ရွာအားလည်းကောင်း၊ ဘိုကလေးမြို့ ၃၃ကေဗွီ (၁၀+၅)အမ်ဗွီအေ ဓာတ်အားခွဲရုံမှ ဘိုကလေးမြို့နှင့် ကျေးရွာ ၃၅ ရွာ၊ မော်လမြိုင်ကျွန်းမြို့နှင့် ကျေးရွာ ၃၃ ရွာအားလည်းကောင်း ဝန်အားပမာဏများပြားစွာဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေရသဖြင့် ဘိုကလေးမြို့နှင့် မော်လမြိုင်ကျွန်းမြို့များတွင် ဗို့အားကျဆင်းမှုများ ဖြစ်ပေါ်နေရခြင်းဖြစ်ပါကြောင်း။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဖျာပုံ၊ ဘိုကလေးနှင့် မော်လမြိုင်ကျွန်းမြို့များ ဗို့အားတိုးတက်ကောင်းမွန်ပြီး ဓာတ်အားပိုမိုပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၃၃ ကေဗွီဓာတ်အား လိုင်းစနစ်အစား ၆၆ ကေဗွီ ဓာတ်အားလိုင်းစနစ်သို့တိုးမြှင့်ပြီး ၆၆ ကေဗွီ ကျိုက်လတ်၊ ဖျာပုံ ဓာတ်အားလိုင်း ၁၄.၆ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဖျာပုံဓာတ်အားခွဲရုံစီမံကိန်းကို       ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှစ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် တာဝါတိုင်ဖောင်ဒေးရှင်း နှင့် တာဝါတိုင်များတပ်ဆင်ပြီးဖြစ်ပြီး ဓာတ်အားလိုင်းကြိုးဆွဲတားလျက်ရှိပါကြောင်း၊ ၆၆ ကေဗွီ ဖျာပုံ၊ ဘိုကလေးဓာတ်အားလိုင်း ၂၁.၄ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၂x၁၀)အမ်ဗွီအေနှစ်လုံး ဘိုကလေး ဓာတ်အားခွဲရုံစီမံကိန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် ၆၆ ကေဗွီဓာတ်အားခွဲရုံ တည်ဆောက်ရန်အတွက် လှူဒါန်းထားသောမြေနေရာ ၂ ဧကကို လယ်ယာမြေအခြားနည်း အသုံးပြုခွင့်ရရှိရေး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (ပုသိမ်)မှ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(နေပြည်တော်)သို့ ၇.၄.၂၀၂၆ ရက်တွင် တင်ပြထားပြီး ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ဘိုကလေးမြို့တွင် ၆၆ ကေဗွီဓာတ်အားစနစ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိပြီးပါက      ၆၆ ကေဗွီ ဘိုကလေး၊ မော်လမြိုင်ကျွန်းဓာတ်အားလိုင်း ၁၈ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ မော်လမြိုင်ကျွန်းဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။