နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့်မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် နေပြည်တော်မသန်စွမ်းသူများအသင်းတို့အားတွေ့ဆုံ ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပမှုကို လာရောက်လေ့လာ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၈.၉.၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဥ္စမမြောက်နေ့သို့ လာရောက်လေ့လာသည့် နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းအား တွေ့ဆုံ
MY EN

(ဇ)-ဦးမောင်မောင်စိုး(သာပေါင်းမဲဆန္ဒနယ်)

2026-09-28
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
မေးခွန်း
ဦးမောင်မောင်စိုး (သာပေါင်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

သာပေါင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဝန်ထမ်းအိမ်ရာအား အစောဆုံး ဘဏ္ဍာရေးနှစ်တွင်ထည့်သွင်းပြီး ဆက်လက်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

          သာပေါင်းမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဆောက်လုပ်လျက်ရှိသည့် ကျန်းမာရေးဦးစီး ဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ယခင်အစိုးရလက်ထက် ၁-၅-၂၀၁၉ ရက်မှ စပြီး စတင် ဆောက်လုပ်ခဲ့ပြီး ဆောက်လုပ်ခဲ့သည့် ကုမ္ပဏီမှ Ample Power ကုမ္ပဏီဖြစ်ပါကြောင်း၊ ၁-၅-၂၀၁၉ တွင်ဆောက်လုပ်ပြီး ၅ လ အကြာ ၃၀-၉-၂၀၁၉  ရက်နေ့တွင် ၇၅ ရာခိုင်နှုန်းပြီးစီးခဲ့ပါကြောင်း၊ ၇၅ ရာခိုင်နှုန်းပြီးစီးခဲ့သည့်အတွက် ခွင့်ပြုရန်ပုံငွေ၇၂၇.၅ သန်းကျပ်အနက် ၅၄၅.၆၂၅ သန်းကျပ်ကို ထုတ်ပေးခဲ့ပါကြောင်း၊ ၎င်း၇၅ ရာခိုင်နှုန်းထုတ်ပေးပြီးသည့်နောက်တွင် Ample Power ကုမ္ပဏီမှ ဆက်လက်ဆောက်လုပ်ခြင်းမရှိဘဲ ယနေ့အထိ ၇ နှစ်အတွင်း မပြီးပြတ်သေးဘဲ ကျန်းမာရေးဝန်ထမ်း အဆောက်အဦကြီးက ရှိနေပါကြောင်း၊ ထို့ကြောင့် ဧရာဝတီတိုင်း၊ ကျန်းမာရေးဦးစီးဌာနမှ မပြီးပြတ်သေးသည့် အဆောက်အဦကို စစ်ဆေးရန်အတွက် ဘယ်လောက်ရာခိုင်နှုန်းပြီးစီးကြောင်းကို Key pin Engineering  ကုမ္ပဏီနှင့်စစ်ဆေးခိုင်းပါကြောင်း၊   ၃၁-၁၀-၂၀၁၉ ရက်မှာ Key pin Engineering  ကုမ္ပဏီ၏ အစီရင်ခံစာအရ  ၈၀ ရာခိုင်နှုန်းပြီးစီးကြောင်းကိုတွေ့ရှိရပါကြောင်း၊ သို့ပါ၍ သာပေါင်း မြို့နယ် ကျန်းမာရေးဌာနဝန်ထမ်းများ အတွက် ဆောက်လုပ်စ၊ ဆောက်လုပ်ဆဲဖြစ်နေသည့် ဝန်ထမ်းအိမ်ရာကို ဆက်လက်ပြီးတော့ပြီးစီးအောင်ဆောက်လုပ်ပေးနိုင်မှု အစီအစဉ် ရှိ/ မရှိနှင့် ဆောက်လုပ် ပေးမည်ဆိုလျှင် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အစောဆုံးဆောက်လုပ်ပေးမည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်း က

သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊   ၆ ခန်းတွဲ  ၄ ထပ် ဝန်ထမ်းအိမ်ရာ ဆောက် လုပ်ခြင်းလုပ်ငန်းအား Ample Power ကုမ္ပဏီမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၇ဝ၂.၈၀၂ ဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး အဆိုပါဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းတစ်ခုလုံး၏၇၅ ရာခိုင်နှုန်း ပြီးစီးခဲ့ ပါသဖြင့် ကျပ်သန်း ၅၂၇.၁၀၁  အား ပေးချေခဲ့ပြီး ဖြစ်ပါကြောင်း။

၂၀၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိသော လုပ်ငန်းတစ်ခုလုံး၏ စတုတ္ထအရစ်  ၂၅ ရာခိုင်နှုန်း အား ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိခဲ့ပါကြောင်း၊ ၎င်းစတုတ္ထအရစ်အတွက် ဆောင်ရွက်ရာတွင် ၁၈ ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ကျပ်သန်း ၁၃၃.၁၄ အား ပေးချေခဲ့ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရန် ကျန်ရှိသည့် စတုတ္ထအရစ်၏ ၇ ရာခိုင်နှုန်း အတွက် ကျန်ရှိသောခွင့်ပြုငွေ ကျပ်သန်း ၄၂.၅၆၁ ကို ၂ဝ၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ထပ်မံခွဲဝေချထားခဲ့ရာ Ample Power ကုမ္ပဏီမှ ဆောင်ရွက်ရန်အတွက် နောက်ဆက်တွဲစာချုပ်အား ၂၃-၆-၂၀၂၂ တွင် ချုပ်ဆိုနိုင်ခဲ့ပါကြောင်း,  သို့သော် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိတော့ပါကြောင်းကို၂၅-၁-၂၀၂၃  ရက်နေ့ တွင် တင်ပြလာပါသဖြင့် ရန်ပုံငွေအား ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ပါကြောင်း။

အဆိုပါ Ample Power ကုမ္ပဏီအား Black List ထည့်သွင်းခွင့်ပြုပါရန်နှင့် P.G သိမ်းဆည်း ခွင့်ပြုရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့  ၁ဝ-၆-၂ဝ၂၆ ရက်နေ့တွင် တင်ပြအကြောင်းကြားထားပါကြောင်း၊ ထို့အပြင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ၁၃-၇-၂၀၂၆ ရက်စွဲပါစာအမှတ်၊ ၂-က/ဧကမ/ တရားစွဲဆိုခွင့် ၂၁၁၄  ဖြင့် တရားစွဲဆိုရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍  အဆိုပါကုမ္ပဏီအား အရေးယူဆောင်ရွက်ခြင်းလုပ်ငန်းနှင့် စာချုပ်ရပ်စဲခြင်း၊ ကျန်ရှိတဲ့လုပ်ငန်းတန်ဖိုးကို ပြန်လည်တွက်ချက်ပြီး အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင်  လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စာရင်းဇယားအရ လုပ်ငန်းတစ်ခုလုံး ပေးချေမှုသည် ၇ ရာခိုင်နှုန်းသာကျန်ရှိပြီး ကျန်တာအားလုံး ပေးချေပြီးသား ဖြစ်ပါကြောင်း၊ သို့သော် ကိုယ်စားလှယ်တော်ကြီးစိစစ်တင်ပြသည့်အထဲတွင် ၈၀ ရာခိုင်နှုန်းခန့်သာ ပြီးစီးကြောင်း၊ ယခုလိုကွာဟမှုလည်းရှိနေပါကြောင်း၊ ထို့ကြောင့် မိမိတို့ ပြန်လည်တွက်ချက်ခြင်း၊ စိစစ်ခြင်းအရေးယူဆောင်ရွက်ခြင်းများကို စနစ်တကျဆောင်ရွက်ပေးမှသာလျှင် တန်ဖိုးပြန်လည် တွက်ချက် လျာထားပြီး အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း  ဖြေကြားခဲ့ပါသည်။