နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၄.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့သို့ လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ (၂၃.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ်
MY EN

(ဆ)- ဒေါက်တာထိန်ဝင်း(ကျောင်းကုန်းမဲဆန္ဒနယ်)

2026-09-24
ပညာရေးဝန်ကြီးဌာန
မေးခွန်း
ဒေါက်တာထိန်ဝင်း (ကျောင်းကုန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းကျေးရွာ အခြေခံပညာအထက်တန်း အ.ထ.က(ခွဲ) ကျောင်းသည် ၁၉၅၄ ခုနှစ်မှာ အခြေခံပညာမူလတန်းကျောင်း၊ ၂၀၀၁ ခုနှစ်မှာ အခြေခံပညာမူလွန်ကျောင်း၊ ၂၀၁၁ ခုနှစ်မှာအခြေခံပညာအလယ်တန်းကျောင်းနှင့် ၂၀၁၄ ခုနှစ်မှာအ.ထ.က(ခွဲ)အဖြစ် အဆင့်မြှင့် တိုးမြှင့် ဖွင့်လှစ်တဲ့ စံပြကျေးရွာကျောင်းလည်းဖြစ်ကြောင်း၊ ကျောင်းမှာ ၁၉၇၅ ခုနှစ်မှာ အုတ်ညှပ် သွပ်မိုး အဆောင် ၂ ဆောင်၊၂၀၀၅ ခုနှစ်မှာ အုတ်သံအုတ်ညှပ်သွပ်မိုး အဆောင် ၂ ဆောင်၊ ၂၀၁၈ ခုနှစ် မှာ Steel Structure ၂ ဆောင် ဆောက်လုပ်ထားသော်လည်းပဲ ကျောင်းသားဦးရေမှာ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ မူလတန်းကျောင်းသားဦးရေမှာ ၁၇၅ ယောက်ရှိပြီး ထက်၊ လယ်၊ မူ ကျောင်းသား စုစုပေါင်း ၃၇၀ ဦးရှိပါကြောင်း၊ အဆိုပါကျောင်းသားဦးရေနှင့် ကျောင်းဆောင်များမလုံလောက်၍ ကျောင်းအကျိုးတော်ဆောင်များ ကျောင်းသားမိဘများကနေပြီး ပေ ၄၀x ၃၀ ဓနိမိုးထရံကာ ယာယီ ကျောင်းဆောင်လေးဖွင့်လှစ်ပြီး သင်ကြားစေခဲ့တာဖြစ်ပါကြောင်း။

ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းသားဦးရေနှင့် မမျှတသော စာသင်ကြားမှုများအား ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိနှင့် အစီအစဉ်ရှိပါက နီးစပ်ရာဘဏ္ဍာရေးနှစ်များတွင် ဦးစားပေးအနေနဲ့ ဆောင်ရွက်ပေးပါရန် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင်က

          ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်အတွက် ယခုဘဏ္ဍာရေးနှစ်မှာ အန္တရာယ်ဆောင် များကို ဖျက်သိမ်းပြီး အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း ၂ ခု၊ တိုးတက်လာတဲ့ ကျောင်းသားဦးရေအရ တိုးချဲ့အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း ၁ ခု၊ ကျောင်းများလုံခြုံမှုရှိစေရေးအတွက် အုတ်တံတိုင်းများ ဆောင်ရွက်ခြင်း လုပ်ငန်း ၁ ခု စုစုပေါင်း လုပ်ငန်း ၄ ခုနှင့် ခွင့်ပြုရန်ပုံငွေကျပ် ၇၁၅.၃ သန်းဖြင့် လက်ရှိဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်း- အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှာ မူလတန်းအဆင့် ကျောင်းသား ၁၇၆ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ၁၆၈ ဦး၊ အထက်တန်းအဆင့်ကျောင်းသား ၃၁ ဦး စုစုပေါင်းကျောင်းသား ကျောင်းသူ ၃၇၅ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း၊ ကျောင်းဆောင်များအနေနဲ့ အဆိုပါကျောင်းမှာ စုစုပေါင်း ကျောင်းဆောင် ၆ ဆောင်၊ စာသင်ခန်း ၁၆ ခန်းမှာ တန်းခွဲ ၁၂ ခုနဲ့ သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း။

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းအခြေခံပညာအထက်တန်း ကျောင်း(ခွဲ)မှာ ယာယီဆောင်ဖြင့် ပညာသင်ကြားနေရတဲ့အခြေအနေနဲ့ တိုးတက်လာတဲ့ ကျောင်းသား ဦးရေအပေါ်မှာ မူတည်ပြီး လာမည့်ဘဏ္ဍာရေးနှစ်မှာ RC (၆ဝ x ၃ဝ) ပေ RC ၁ ထပ် ဆောက်လုပ်ရန် အတွက် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ်မှာ ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။