နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၄.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့သို့ လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ (၂၃.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ်
MY EN

(င)- ဦးဇော်နိုင်(စလင်းမဲဆန္ဒနယ်)

2026-09-24
ပညာရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးဇော်နိုင် (စလင်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

စလင်းမြို့နယ်၊ အ.ထ.က(ခွဲ)၊ တောင်ရုံးပင်ကန်ကျောင်းတွင် ၂ ထပ်ကျောင်းဆောင်သစ်ကို မည်သည့်  ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို  သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း တောင်ရုံးပင်ကန် ကျောင်းသည် ၁၉၆၇ ခုနှစ်မှစ၍ အခြေခံပညာမူလတန်းကျောင်း စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျောင်းဧရိယာအကျယ်အဝန်းတွ၍် ၁.၅၆ ဧက၊ အလျား ၃၂၇ပေ၊ အနံ၂၉၃ ပေ ရှိပါကြောင်း၊ ၁၉၉၆-၁၉၉၇ ဘဏ္ဍာရေးနှစ်တွင် သွပ်မိုးအုတ်ညှပ်၊ ကွန်ကရစ်ခင်း (၁၀၀ x ၃၀)ပေကို နိုင်ငံတော်မှ ချပေးငွေနှင့် ရပ်ရွာပူးပေါင်းဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားဦးရေ တိုးတက်လာ သည်နှင့်အမျှ မူလတန်းမှစ၍ ယနေ့ချိန်ထိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အဖြစ် အဆင့်ဆင့် တိုးတက်လာခြင်းဖြစ်ပါကြောင်း၊ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ၄၅၀ ဦးဖြစ်ပါ ကြောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အဖြစ်အစဉ်တိုးတက်လာသည်နှင့်အမျှ လိုအပ်သည့် ကျောင်းဆောင်များကိုလည်း ရပ်ရွာမှအလှူရှင်များမှ ၂၀၀၁-၂၀၀၂ မှာ သွပ်မိုးအုတ်ညှပ် (၆၀ x ၃၀) ပေ တစ်ဆောင်၊ ၂၀၁၉-၂၀၂၀ မှာ သွပ်မိုးထရံကာ (၇၀ x ၂၀) ပေ တစ်ဆောင်၊ ၂၀၂၂-၂၀၂၃ တွင် သွပ်မိုးထရံကာ (၅၀ x ၃၀) ပေ တစ်ဆောင် စုစုပေါင်းသုံးဆောင်ကို ရပ်ရွာမှ အလှူရှင်များနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော နိုင်ငံတော်မှ ချပေးခဲ့သည့်  (၁၀၀ x ၃၀) ပေ သွပ်မိုးအုပ်ညှပ် တစ်ထပ်ဆောင်ဆိုလျှင် ခြစား ဆွေးမြည့်နေပြီး  ယိုင်နဲ့နေခြင်း၊ နံရံများပြိုလဲနေခြင်း၊ မိုးမလုံခြင်းများဖြစ်နေပါသဖြင့် အန္တရာယ်ရှိသော အနေအထား သို့ ရောက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ စလင်းမြို့နယ် အ.ထ.က(ခွဲ)၊ တောင်ရုံးပင်ကန် ကျောင်းမှှာ  (၁၄၀ x ၃၀) ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ်ချထားပေးရန် အစီအစဉ် ရှိ မရှိ၊ ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်မှာ ရရှိနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းတည်ဆောက်ရေး ခွင့်ပြုရန်ပုံငွေကျပ်  ၃၄၁၉၂.၄ သန်းနှင့် လုပ်ငန်း ၁၃၆ ခုကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် အသစ်ဆောက်လုပ် ခြင်းလုပ်ငန်း  ခုအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၅၆.၅ သန်းလည်း ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ တောင်ရုံးပင်ကန်-အခြေခံပညာ အထက် တန်းကျောင်း(ခွဲ)တွင် မူလတန်းအဆင့်ကျောင်းသား ၂၄၀၊ အလယ်တန်းအဆင့်ကျောင်းသား ၁၇၆၊ အထက်တန်းအဆင့်ကျောင်းသား ၃၉ ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၅၅ ဦး တက်ရောက်လျက်ရှိပါကြောင်း။

ကျောင်းဆောင်များအနေဖြင့် အဆိုပါကျောင်းတွင် ကျောင်းဆောင်  ဆောင်၊ စာသင်ခန်း ၁၂ ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရတနာဆောင်သည် ၁၉၉၆ ခုနှစ်ထဲက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည့်အတွက် နှစ်ပေါင်း ၃ဝ ကြာမြင့်ပြီး အန္တရာယ်ရှိကျောင်းဆောင်အဖြစ် စစ်ဆေးတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ တောင်ရုံး ပင်ကန်-အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)တွင် တန်းခွဲအရ လိုအပ်သည့် စာသင်ခန်း၊ စာကြည့် တိုက်၊ မီဒီယာခန်း၊ အစည်းအဝေးခန်းများအတွက် အဆိုပါကျောင်းရှိ အန္တရာယ်ဆောင်ဖြစ်သော ရတနာဆောင် (၁၀၀၃၀ )ပေ သွပ်မိုးအုတ်ညှပ်  ၁ ထပ်ဆောင်အား ဖျက်သိမ်းပြီး (၁၄၀၃၀) ပေ RCC ၂ ထပ် ဆောက်လုပ်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း တည်ဆောက် ရေးဘတ်ဂျက်ရရှိမှုအပေါ် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။