ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအား ခရိုင်မြို့များတွင် တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များသည် အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အသုံးပြုနေသည့်မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် စစ်ဆေးခြင်း၊ ဥပဒေနှင့်အညီမှတ်ပုံတင်ခြင်း၊ ယာဉ်မောင်းလိုင်စင်များကို စစ်ဆေးပြီးလျှင် ဥပဒေနှင့်အညီထုတ်ပေးခြင်း၊ လမ်းအသုံးပြုသူများ လိုက်နာရမည့်စည်းကမ်းများကို သက်ဆိုင်ရာများနှင့် ညှိနှိုင်းထုတ်ပြန်ခြင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီကောက်ခံခြင်း စသည်ဖြင့် သိရှိမှတ်သားရပါကြောင်း၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဖွင့်လှစ်ထားသည့် က.ည.န ရုံးများတွင် နေပြည်တော် ရုံး ၁ ရုံး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံး ၁၄ ရုံး၊ တိုင်းဒေသကြီးရုံးခွဲ ၁ ရုံး၊ တွဲဖက်ပြည်နယ်ရုံး ၂ ရုံး၊ ပြည်နယ်ရုံးခွဲ ၁ ရုံးနှင့် ခရိုင်ရုံး ၃၅ ရုံး စုစုပေါင်း ၅၄ ရုံးရှိကြောင်းနှင့် ယာဉ်မောင်းသင်တန်းကျောင်းများ ဖွင့်လှစ်ထားရှိနိုင်မှုသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနမှ ၁၀ ကျောင်း၊ ရန်ကုန်အပါအဝင် ပုဂ္ဂလိကယာဉ်မောင်းသင်တန်းကျောင်း ၂၀ ကျောင်း စုစုပေါင်း ကျောင်းပေါင်း ၃၀ ဖွင့်လှစ်ထားကြောင်း၊ ယခုအခါ နိုင်ငံတစ်ဝန်း ဆိုင်ကယ်၊ သုံးဘီး၊ ထော်လာဂျီ သုံးစွဲမှုသည် ကျေးလက်များရှိ လယ်ကွင်း၊ ယာကွင်းထဲ တောတောင်ထဲအထိ ရောက်ရှိအသုံးပြုနေကြပြီ ဖြစ်ပါကြောင်း၊ ၎င်းယာဉ်များကို လုပ်ငန်းခွင်များကို သွားလာခြင်း၊ ဒေသထွက်ပစ္စည်းများ ပို့ဆောင်ခြင်း၊ ခရီးသွားလာရာတွင် အသုံးပြုခြင်း၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အလို့ငှာ အသုံးပြုခြင်း စသည်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီဖြစ်ပါကြောင်း၊ ကနဦး ဆိုင်ကယ်များ သုံးဘီး များ၊ ထော်လာဂျီများသည် မော်တော်ယာဉ်လိုင်စင်ရယူပြီး ယာဉ်များဖြစ်ပါကြောင်း၊ လိုင်စင်မဲ့ ယာဉ်များလည်း အတန်အသင့်ရှိနိုင်ပါကြောင်း၊ သက်တမ်းတိုးဆောင်ရွက်သည့်အခါ သက်ဆိုင်ရာ က.ည.န ရုံးများသည် လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်း၊ ခရီးဝေးလွန်းခြင်းကြောင့် မဆောင်ရွက် နိုင်ဘဲ သက်တမ်းလွန်ယာဉ်များ၊ ယာဉ်အင်္ဂါရပ်နှင့် မပြည့်စုံသောယာဉ်များ ပို၍ပို၍ များပြားလာ ပါကြောင်း၊ ယာဉ်မောင်းလိုင်စင်ရယူရာတွင်လည်း အထက်ပါကဲ့သို့ အခက်အခဲကြောင့် ယာဉ်မောင်း အများစုသည် ယာဉ်မောင်း လိုင်စင်မရှိကြဘဲ မောင်းနှင်နေကြပါကြောင်း။
လက်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဖွင့်လှစ်ထားသော က.ည.န ရုံးများ သင်တန်းကျောင်းများအဖြစ် ဖြစ်ပေါ်တိုးတက်လာသော မော်တော်ယာဉ်များအား အဆင်ပြေ အောင်လွှမ်းခြုံဖြေရှင်းနိုင်၍ မရနိုင်ပါကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် သင့်လျော်သည့် ခရိုင်များတွင် တိုးချဲ့ပြီးဖွင့်လှစ်ပြီး ပြည်သူ့ဝန်ဆောင်မှုပေးမှသာ အဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း၊ မော်တော်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် မပြည့်စုံခြင်းများ ကြောင့် ဖမ်းဆီးခံရခြင်းများ၊ အဂတိလိုက်စားမှုများ ဖြစ်ပေါ်စေသည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အများအပေါ် ပြည်သူများ အကြည်ညိုပျက်စေမည်ဖြစ်ပါကြောင်း၊ က.ည.န ရုံးများ တိုးချဲ့ ဖွင့်လှစ် ခြင်းအားဖြင့် မော်တော်ယာဉ်များမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းသည် ဥပဒေနှင့်အညီလွယ်ကူစွာ ပြုလုပ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ပြီး ချမှတ်ခြင်း၊ ပညာပေးခြင်း၊ ကြီးကြပ်ခြင်း၊ လိုက်နာစေခြင်းတို့ကို ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခ များကိုလည်း လေလွင့်မှုမရှိဘဲ အပြည့်အဝရရှိနိုင်မည်ဖြစ်ပါကြောင်း၊ တိုးချဲ့ဖွင့်လှစ်ထားသည့် က.ည.န ရုံးများတွင် နိုင်ငံသားများအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများအား ခရိုင်အဆင့်သင့်လျော်သည့် မြို့များတွင် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် မည်သည့်ကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင် က
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရုံးချုပ် ၁ ရုံး၊ နေပြည်တော်ရုံး ၁ ရုံး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံး ၁၄ ရုံး၊ တိုင်းဒေသကြီးရုံးခွဲ ၁ ရုံး၊ တွဲဖက်ပြည်နယ်ရုံး ၂ ရုံး၊ ပြည်နယ် ရုံးခွဲ ၁ ရုံး၊ ခရိုင်ရုံး ၃၅ ရုံးနှင့် စုစုပေါင်း ၅၅ ရုံးတို့ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဌာနများအနေဖြင့် ခရိုင်ရှိသည့်မြို့နယ်တိုင်းတွင် ခရိုင်ရုံးအဖြစ် ဖွဲ့စည်းဖွင့်လှစ်ခြင်း မဟုတ်ဘဲ နယ်မြေဒေသတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်စီးရေနှင့် ယာဉ်မောင်းလိုင်စင် အစောင်ရေအပေါ်မူတည်၍ ရုံးဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ လက်ရှိဖွင့်လှစ်ထားပြီးဖြစ်သော ရုံးများ အနေဖြင့် ရုံးမရှိသည့် မြို့နယ်များသို့ ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များအား နယ်လှည့်သွားရောက်၍ သက်တမ်းတိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးဆောင်ပြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းတို့မှ ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သည့် One Stop Service အဖွဲ့များဖြင့် တစ်နှစ်လျှင် ၂ ကြိမ်မှ ၄ ကြိမ်အထိလည်းကောင်း၊ ဒေသတာဝန်ရှိသူများမှ အခါအားလျော်စွာ လုပ်ငန်းဆောင်ရွက်ပေးရန် တာဝန်ပေးအပ်သည့်အခါ လည်းကောင်း နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ရာတွင် အဆိုပါဒေသတွင် မှတ်ပုံတင်ထားသည့် ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်တို့၏ အများစုသက်တမ်း ကုန်ဆုံးနိုင်မည့်လများအား တွက်ချက်၍ သွားရောက်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် မော်တော်ယာဉ်များ၊ ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ရာတွင် ၅ နှစ်ကျော် နှစ်ပြတ် မဖြစ်စေရေးအတွက်ကို သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀ ကြိုတင်ပြင်ဆင်ပြီး သက်တမ်းတိုး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်မြေဒေသအခြေအနေအရ နယ်လှည့်ဆောင်ရွက်ခြင်းမပြုနိုင် သည့် ဒေသများရှိ ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းကျော်လွန်၍ မှတ်ပုံတင်မပြတ်စေ ရေးအတွက်လည်း အထူးကိစ္စတစ်ရပ်အနေဖြင့် ယာဉ်စစ်ဆေးခြင်းကင်းလွတ်ဖြင့် မှတ်ပုံတင် သက်တမ်းတိုးပေးခြင်းလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရုံးအသစ်တစ်ရုံး ဖွင့်လှစ်မည်ဆိုလျှင် လိုအပ်ချက်များရှိပါကြောင်း၊ ပထမလိုအပ်ချက်သည် ရုံးဆောက်လုပ်ရန်နှင့် ယာဉ်စစ်ဆေးခြင်းလုပ်ငန်း၊ ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းလုပ်ငန်း ဆောင်ရွက်ရန် အနည်းဆုံး (၄၀၀'x ၄၀၀')ပေ မြေနေရာ လိုအပ်ပါကြောင်း၊ ရုံးဖွဲ့စည်းပုံနှင့် ဝန်ထမ်းဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲပြီး ရုံးဖွင့်လှစ်ခွင့်အား တင်ပြ တောင်းခံရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်းတွင် ရုံးအဆောက်အဦ၊ ရုံးသုံးပရိဘောဂ၊ ရုံးသုံးစက်ကိရိယာ၊ ယာဉ်စစ်ဆေးရေး စက်ကိရိယာများ၊ ရုံးအသုံးအဆောင် ပစ္စည်းများအတွက် ငွေလုံးငွေရင်းအသုံးစရိတ်များ ကြိုတင်၍ တင်ပြတောင်းခံရခြင်းများရှိပါကြောင်း၊ ခန့်ထားရမည့်ဝန်ထမ်းများအတွက် လစာစရိတ်များ ပေးချေရန်အတွက် သာမန်အသုံးစရိတ်များ နှစ်စဉ်တင်ပြတောင်းခံရခြင်းများရှိပါကြောင်း။
မြန်မာနိုင်ငံတွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး ပြည်နယ်အားလုံး၌ ခရိုင်မြို့ပေါင်း ၁၂၁ မြို့ ရှိသည့်အနက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ခရိုင်ရုံး ၃၅ ရုံးသာ ဖွင့်လှစ်ထားရှိနိုင်ပြီး ကျန်ရှိသည့်ခရိုင်မြို့နယ်များတွင် ရုံးသစ်များဖွင့်လှစ်မည်ဆိုပါက မိမိတင်ပြပါအချက်အလက်များ ပြည့်စုံအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရုံးအသစ်ဖွင့်လှစ်မည်ဆိုပါက အထက်ပါအချက် အလက်များ ပြည့်စုံအောင် ဆောင်ရွက်ရမည်ဖြစ်သဖြင့်လည်းကောင်း၊ ရုံးဖွင့်လှစ်နိုင်ခြင်း မရှိ သောဒေသများ ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်သူ ပြည်သူများ အဆင်ပြေစေရေး အတွက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်း များအား နယ်လှည့်ဆောင်ရွက်ပေးလျက်ရှိသဖြင့်လည်းကောင်း လတ်တလော ခရိုင်ရုံး အသစ်များ ဖွင့်လှစ်ရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် မိမိတို့နိုင်ငံတွင် တိုးတက်လာသည့် လူဦးရေနှင့် ယာဉ် များကြောင့် သင့်လျော်သည့်အချိန်တွင် ထပ်တိုးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။