နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့သို့ လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ (၂၃.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ ၂၁ ရက်နေ့ ဆောင်ရွက်မှုများ
MY EN

(ည) - ဦးကျော်မင်းထွန်း(ဇီးကုန်းမဲဆန္ဒနယ်)

2026-09-23
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးကျော်မင်းထွန်း (ဇီးကုန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဇီးကုန်းမြို့နယ် ဇီးကုန်း-ဘော်ဘင် ကတ္တရာလမ်းပိုင်း (၁၀/မိုင် ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်မှ ဇီးကုန်းဘော်ဘင် ကတ္တရာ လမ်းပိုင်း ၁၀မိုင်၊ ၅ ဖာလုံလမ်းသည် ကျေးရွာအုပ်စု ၄ အုပ်စုမှ ပြည်သူများ နေ့စဉ်နှင့်အမျှ ဇီးကုန်းမြို့နှင့် ဆက်သွယ်သွားလာနေကြခြင်းဖြစ်ပါကြောင်း။

အဆိုပါလမ်းသည် ဆိတ်ဖူးကျင်းကျေးရွာအုပ်စု ကန်ကြီးကျေးရွာထိပ်မှ ဘော်ဘင်ကျေးရွာ အုပ်စု၊ ဘော်ဘင်ကျေးရွာထိပ်အထိ ဆိုးရွားစွာပျက်စီးနေပြီး ပြန်လည်ပြုပြင်ပေးရန် လိုအပ်နေ ပါသဖြင့် ဒေသခံပြည်သူများ၏ တင်ပြချက်အရ တင်ပြပါလမ်းပိုင်းအား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်အား သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က

မေးခွန်းပါလမ်းသည် ရန်ကုန်-ပြည်လမ်းရှိ ဇီးကုန်းမြို့၊ သံပုရာခုန်ရွာမှစတင်၍ ခရိုင် ချင်းဆက် လမ်းအမှတ် ၁ ကို ဖြတ်သန်းပြီး ဘော်ဘင်ရွာသို့ ဆက်သွယ်ထားသော အရှည် ၁၀ မိုင်၊ ၅ ဖာလုံရှိ သည့် ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲသော Class-A လမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်း အခြေအနေတွင် ကတ္တရာလမ်း ၁ဝ မိုင်၊ ၅ ဖာလုံဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းမိုင်ပေါင်း ၂,၄၃၀ မိုင်ရှိပြီး လက်ရှိလမ်းအခြေအနေမှာ ကတ္တရာကွန်ကရစ်လမ်း ၃၁၉ မိုင်၊ ၄ ဖာလုံ၊ ကွန်ကရစ်လမ်း ၂၉၈ မိုင်၊ ၅ ဖာလုံ၊ ကတ္တရာလမ်း ၉၃၇ မိုင်၊ ၅ ဖာလုံ၊ ကျောက်လမ်း ၂၇၈ မိုင်၊ ၄ ဖာလုံ၊ အမာခံလမ်း ၂၇၁ မိုင်၊ ၆ ဖာလုံနှင့် မြေလမ်း ၃၂၄ မိုင်ဖြစ်ပါကြောင်း။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည် ၁.၅ ဖာလုံအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာ ရေးနှစ်တွင် လမ်းအရှည် ၁ မိုင်အား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပေး နိုင်ရန် ပြည်ထောင်စုရန်ပုံငွေတွင် လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆက်လက်၍ ကျန်လမ်းပိုင်းများကိုလည်း နှစ်အလိုက် ရန်ပုံငွေလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှပေးပို့သော အချက်အလက်များနှင့် ပေါင်းစပ်ဖြေကြားခဲ့ပါသည်။