နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ ၂၁ ရက်နေ့ ဆောင်ရွက်မှုများ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့် တရုတ်နိုင်ငံအခြေစိုက် Shandong Huache Energy Technology Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၂.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက် အကျဉ်းချုပ်
MY EN

(က)- ဦးစန်းမောင်(ဘိုကလေးမဲဆန္ဒနယ်)

2026-09-22
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးစန်းမောင် (ဘိုကလေး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဧရာဝတီတိုင်းဒေသကြီး၌ ဓာတ်မြေဩဇာစက်ရုံကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေး နိုင်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံ၏ စပါးစိုက်ပျိုးမှုတွင် ဧရာဝတီတိုင်းသည် လေးပုံ တစ်ပုံစိုက်ပျိုးပြီး ဧရာဝတီတိုင်း ၏ လေးပုံ တစ်ပုံသည်ဖျာပုံခရိုင်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းသည် ရာသီဥတုအပေါ်မူတည်၍ မိုးစပါး ၃၈ သိန်း၊ နွေစပါး ၁၃ သိန်းစိုက်ပျိုးပါကြောင်း၊ ရာသီဥတုကောင်းသည့်အခါ နှစ်ခုပေါင်း သိန်း ၅၀ နီးပါး စိုက်ပျိုးပါကြောင်း၊ ထိုထဲမှ ဖျာပုံခရိုင်သည် အားလုံးပေါင်း မိုးစပါး ၈ သိန်းခွဲ၊ ရာသီဥတုကောင်းလျှင် ၉ သိန်းစိုက်ပါကြောင်း၊ နွေစပါး၄ သိန်းကျော်စိုက်သည့်အတွက် အင်မတန်များပြားသည့် ဒေသဖြစ်ပါ ကြောင်း၊ ဆည်မြောင်းတာတမံများတိုးချဲ့ပြီး စိုက်နိုင်ပျိုးနိုင်မည်ဆိုလျှင် ထို့ထက်မက ပိုမိုတိုးတက် သည့် ဧရိယာများလည်း  စိုက်ပျိုးနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ မြေဩဇာသုံးစွဲမှုကို ကြည့်လျှင် မက်ထရစ်တန် မြေဩဇာ တန်ချိန်ပေါင်း ၁၅ သန်းလိုအပ်ပြီး မြန်မာနိုင်ငံမှ ၁.၅ သန်း တစ်ဆယ်ပုံ တစ်ပုံသာလျှင် ထုတ်နိုင်ပါကြောင်း၊ မြေဩဇာစက်ရုံ အထူးသဖြင့် ယူရီးယားထုတ်ဖို့ဆိုလျှင် လျှပ်စစ်၊ Natural gas၊ ရေ အဓိကလိုအပ်ပါကြောင်း၊ သဘာဝဓာတ်ငွေ့သည် ဧရာဝတီတိုင်းတွင် အင်မတန် ကောင်းသည့်အနေအထားဟု သိရှိရပါကြောင်း၊ ယခုလည်း ဖျာပုံမြို့နယ် ဒေါ်ငြိမ်းကျေးရွာမှဖြတ်ပြီး Off Shore gas ကို ရန်ကုန်တိုင်းရှိ စက်မှုဇုန်များသို့ ပို့နေခြင်းဖြစ်ပါကြောင်း၊ အကယ်၍ ဖျာပုံခရိုင် တွင် လိုအပ်သည့်ပစ္စည်းများလည်း ပြီးပြည့်စုံပြီး၊ ၂၃--၂၀၁၄ ရက်တွင် ဖျာပုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်က လျှပ်စစ်ဒုတိယဝန်ကြီး ဦးမော်သာထွေးနှင့် မေးမြန်းသည့် မေးခွန်းတွင် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၅၀၀ မဂ္ဂါဝပ်ရှိသော လျှပ်စစ်ဓာတ်အားပေးရေးကို တည်ဆောက်ပေးရန် အစီအစဉ်ရှိပါကြောင်းလည်း ဖြေကြားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် gas အနေအထားကောင်းပါကြောင်း၊ လျှပ်စစ်သည်လည်း တည်ဆောက်မည်ဆိုပါက အနာဂတ် Plan တွင် ဖျာပုံခရိုင် မြို့တစ်မြို့မြို့ အထူးသဖြင့် ကျိုက်လက်ပန် ဓာတ်မြေဩဇာ စက်ရုံ တည်ဆောက်ပေးလို သည့် ဆန္ဒရှိပါကြောင်း၊ ထို့ကြောင့် တောင်သူများမှလည်း မိမိမှတစ်ဆင့် တည်ဆောက်ပေးရန် တောင်းသလို အနာဂတ် Plan ကိုလည်း သိစေလိုပါကြောင်း၊ ဘာလို့တောင်းလဲဆိုလျှင် ယနေ့ နိုင်ငံခြားမှ တင်သွင်းသည့် ပုလဲမြေဩဇာသည် ရွာများအထိ သိန်း ၂ သောင်း လောက်ကုန်ပါကြောင်း၊ ယနေ့ ကန်ကြီးထောင့်မှ တောင်သူများကို ထုတ်ဝေတာ ၄ သောင်းခွဲသာရှိသည့်အတွက် အဆ မြောက်မြားစွာကွာပါကြောင်း၊ နိုင်ငံတော်၏ နိုင်ငံခြားဘတ်ဂျက်ကိုလည်းချွေတာရာ ရောက်သလို တောင်သူများလည်း ဈေးနှုန်းချိုသာစွာ စိုက်ပျိုးရရှိမည်ဖြစ်သည့်အတွက် အင်မတန် ကောင်းသည့် ရလဒ်ကို ရနိုင်မည်ဟု ယူဆ၍ ဒေသခံပြည်သူများက ဖျာပုံခရိုင်တွင် ဓာတ်မြေဩဇာစက်ရုံ ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းပေးပါဆိုသည့်အတွက် မေးမြန်းခြင်းဖြစ်ပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း က

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စိုက်ပျိုးရေးသွင်းအားစုများအနက် ဓာတ်မြေဩဇာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လတ်တလော တစ်နိုင်ငံလုံး လိုအပ်ချက်၏ ၃ ရာခိုင်နှုန်းကိုသာ ဖြန့်ဖြူး ပေးနိုင်ပါကြောင်း၊ ပြည်တွင်းရှိ ဓာတ်မြေဩဇာစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနကြီးကြပ်မှုအောက်တွင် မကွေးတိုင်း ဒေသကြီး၌ အမှတ်(ဓာတ်မြေဩဇာစက်ရုံ(စလေ) အမှတ်()ဓာတ်မြေဩဇာစက်ရုံ (ကျွန်းချောင်းနှင့် အမှတ်()ဓာတ်မြေဩဇာစက်ရုံ(ကျော်စွာ)တို့ တည်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၌ အမှတ်(ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)နှင့် ဧရာဝတီတိုင်းဒေသကြီး၌ အမှတ်(ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)တို့ တည်ရှိပါကြောင်း၊ ယင်းတို့အနက် အမှတ်()ဓာတ်မြေဩဇာစက်ရုံ (မြောင်း တကာ)နှင့် အမှတ်စက်ရုံ (ကန်ကြီးထောင့်)တို့သာ လည်ပတ်လျက်ရှိပြီး သဘာဝဓာတ်ငွေ့ ဖြန့်ဖြူး ပေးနိုင်မှုအခြေအနေနှင့် စက်ရုံများ သက်တမ်းကြာမြင့်လာသဖြင့် စက်ရုံ ၂ ရုံပေါင်း တစ်လလျှင် ယူရီးယား ဓာတ်မြေဩဇာ တန် ၁၀,၀၀၀ ခန့် ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ မကွေးတိုင်း ဒေသကြီး ကျန်စက်ရုံ ၃ ရုံတွင် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးပေးနိုင်မှုအခြေအနေအရ ရပ်ဆိုင်းထား လျက်ရှိပါကြောင်း။

အမှတ်()  ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်အတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ကိုဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်း-မအူပင် ရေနံမြေမှ ရယူလည်ပတ်လျက်ရှိပြီး စက်ရုံအဆင့်မြှင့်တင် နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ အဆင့်မြှင့်တင်လည်ပတ်ချိန်တွင် အမှတ်() ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)မှ တစ်လလျှင် ဓာတ်မြေဩဇာတန် ၈၀၀၀ ကျော် ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၏ ဓာတ်မြေဩဇာလိုအပ်ချက်အား ယခုထက် ပိုမိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တွင် ဓာတ်မြေဩဇာ စက်ရုံ တည်ဆောက်နိုင်ရေးတွင် အဓိကကုန်ကြမ်းဖြစ်သည့် အရည်အသွေးပြည့်မီသော သဘာဝ ဓာတ်ငွေ့ကို ဖျာပုံခရိုင်အရောက် ပိုက်လိုင်းဖြင့် လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ လတ်တလောတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကုန်းတွင်းနှင့် ကမ်းလွန် တို့မှ ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို အများပြည်သူ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် သယ်ယူ ပို့ဆောင်ရေးကဏ္ဍများတွင် ဦးစားပေးဖြန့်ဖြူးပေးလျက်ရှိရာ ရပ်ဆိုင်းထားသော ဓာတ်မြေဩဇာစက်ရုံများ ပြန်လည် လည်ပတ်နိုင်ရေးအပါအဝင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက်ပါ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်တွင်းသဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ နိုင်ငံအဝန်း သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ ဖြန့်ကျက်တည်ဆောက်နိုင်ရေးကိုလည်း စီမံချက်များ ချမှတ် ဆောင်ရွက်လျက်ရှိပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ ခရိုင်တွင် ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ အရည်အသွေးပြည့်မီသော သဘာဝဓာတ်ငွေ့ရရှိနိုင်မှုအခြေအနေနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ချိတ်ဆက်နိုင်မှုအခြေအနေအရ လတ်တလော တည်ဆောက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ပြည်တွင်းမှသဘာဝဓာတ်ငွေ့များ တိုးမြင့်ရရှိလာမှုနှင့်အတူ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်ပြီးစီးပါက နယ်မြေဒေသ၏ လိုအပ်ချက်နှင့် ဈေးကွက်ဖြစ်ထွန်းမှု အခြေအနေအလိုက် ဓာတ်မြေဩဇာစက်ရုံအသစ်များ တည်ဆောက်ခြင်းကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။