နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ ၂၁ ရက်နေ့ ဆောင်ရွက်မှုများ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့် တရုတ်နိုင်ငံအခြေစိုက် Shandong Huache Energy Technology Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၂.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက် အကျဉ်းချုပ်
MY EN

(စ)- ဦးရားနီ (ပူတာအိုမဲဆန္ဒနယ်)

2026-09-22
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးရားနီ (ပူတာအို မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ပူတာအိုမြို့နယ်၊ ပန်းလှိုင်ရပ်ကွက်နှင့် ပူတောင်းကျေးရွာဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          ပူတာအိုမြို့နယ်မှာ မြို့ပေါ် ၁၁ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၄ အုပ်စု၊ ကျေးရွာပေါင်း ၁၁၄ ရွာနှင့် လူဦးရေ စုစုပေါင်း ၆၈,၁၃၇ ဦး မှီတင်းနေထိုင်လျက်ရှိသည့် ခရိုင်မြို့ စိုက်ရာ မြို့ တစ်မြို့ဖြစ်ပါကြောင်း ၊ ပန်းလှိုင်ရပ်ကွက်နှင့်ပူတောင်းကျေးရွာများသည် ပူတာအိုမြို့နယ်တွင် ရှေးအကျဆုံးရပ်ကွက်၊ ကျေးရွာများဖြစ်ပြီးဒေသခံ ခန္တီးရှမ်းတိုင်းရင်းသားများနေထိုင်ကြသည့် ရပ်ကွက်၊ ကျေးရွာဖြစ်ပါကြောင်း၊ ပူတာအိုဆိုသည်မှာလည်း ခန္တီးရှမ်းစကား ဟူးတောင်းမှ ဆင်းသက် လာကာ ဟူးဆိုတာက အဖူးဖြစ်ပြီး တောင်းဆိုသည်မှာ “မျော်ဖြစ်ပါကြောင်း၊ အဖူး အမျော်နှင့် ရွာဆိုသည့် ခန္တီးရှမ်း ဘာသာစကားမှ ပူတာအို လို့ဖြစ်လာတာဖြစ်ပါကြောင်း၊ ပန်းလှိုင် ရပ်ကွက်မှ ပူတောင်းကျေးရွာချင်းဆက်လမ်းနှစ်မိုင်သည် မိုးတွင်းအခါတွင် မိုးရေလျှံ စီးဆင်းမှု ကြောင့် သဲနုန်းမြေများမျောပါပြီး ကျောက်လုံးကျောက်ခဲများ မညီမညာနှင့် လမ်းကြောင်း တစ်လျှောက် ပြန့်ကျဲနေသည့် အားလျော်စွာရေဝပ်ခြင်း၊ လမ်းပျက်စီးခြင်းများကို တွေ့ရသည့် အတွက်ပြုပြင်ပေးသင့်ကြောင်း တင်ပြ အပ်ပါကြောင်း၊ အများပြည်သူ သွားလာအသုံးပြုများ သော လမ်းဖြစ်သကဲ့သို့ ပူတောင်း-မုဒုံကျေးရွာဘက်ရှိအခြေခံပညာအထက်တန်း ပူတာအိုကျောင်းသို့ နေ့ချင်းပြန်ကျောင်းတက်သည့် ကျောင်းသား ကျောင်းသူများ နေ့စဉ်သွားလာရသော လမ်းမကြီး တစ်ခုဖြစ်ပါကြောင်း။

          ပန်းလှိုင်၊ပူတောင်း ကျေးရွာချင်းလမ်းမှတစ်ဆင့် မုဒုံရွာ၊ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာရှိ ကျေးရွာ၉ ရွာနှင့် ရွာချင်းဆက် လမ်းမကြီးဖြစ်သည့် အတွက် နေ့စဉ် အများပြည်သူများအသွား အလာများ သောလမ်းမကြီး တစ်ခုဖြစ်ပါကြောင်း၊ ပူတာအိုမြို့အရှေ့မြောက်ဘက်အရပ်ရှိကျေးရွာ များမှ လယ်ယာထွက်ကုန်များ၊ ကုန်စည် များ သယ်ယူပို့ဆောင်ရာတွင် အဓိကကျသော လမ်းကြောင်း ကြီးတစ်ခုပြီး ပန်းလှိုင်-ပူတောင်း မှတစ်ဆင့် မုဒုံကျေးရွာချင်းဆက်လမ်းကို အဆင့်မြှင့်တင် ပေးနိုင်မည်ဆိုပါက ပန်းလှိုင်ရပ်ကွက်၊ ပူတောင်းကျေးရွာ၊ မုဒုံကျေးရွာနှင့် ပမ္မတီးကျေးရွာ အုပ်စုမှာ ရှိတဲ့ ကျေးရွာများမှ လူဦးရေ စုစုပေါင်း ၅,၈၂၀ ကျော်ကို အကျိုးပြု မည့်လမ်းကြောင်းဖြစ်သောကြောင့် အဆင့်မြှင့်တင်ပေးရန် လိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊ ပူတာအိုမြို့၊ ပန်းလှိုင်ရပ်ကွက်နှင့် ပူတောင်းကျေးရွာချင်းဆက် ကျောက်ခင်းလမ်းနှစ်မိုင်အား အကျယ်၁၂ ပေ၊ အမြင့် ၇ လက်မထု ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး

          ပူတာအိုမြို့နယ်၊ ပန်းလှိုင်ပူတောင်း-မုဒုံကျေးရွာချင်းဆက်လမ်း တည်နေရာပြ  မြေပုံ ဖြစ်ပါ ကြောင်း ၊ မြေပုံမှာ ၀ မိုင် မှ ၁ မိုင်ကြား မြေပြင်မှတ်တမ်းဓာတ်ပုံဖြစ်ပြီး  ၁ မိုင်မှ ၂မိုင် ကြား မြေပြင်မှတ်တမ်းဓာတ်ပုံနှင့် ၂ မိုင်ကနေပြီးတော့ ၂ မိုင်၊ ၇ ဖာလုံကြား မြေပြင်မှတ်တမ်း ဓာတ်ပုံများ ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ပန်းလှိုင်-ပူတောင်း-မုဒုံ လမ်းသည် လမ်းအရှည် ၂ မိုင်နှင့် ၇ ဖာလုံရှိပြီး ပြည်နယ်မှစီမံခန့်ခွဲသော Class(A)အဆင့်ရှိသည့် ကျောက်ချော လမ်းဖြစ် ကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် စုစုပေါင်း လမ်း အရှည် ၂ မိုင်နှင့်  ၇ ဖာလုံအနက် ၄ ဖာလုံ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို လျာထား တင်ပြပေး သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။