နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့စတင်ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ (၂၁-၉-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက်အကျဉ်းချုပ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးမောင်မောင်အုန်းနှင့် အဖွဲ့ မော်စကိုမြို့၌ မဲရုံများအား ကြည့်ရှုလေ့လာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အဖွဲ့ ရုရှားနိုင်ငံ၌ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်သို့ တက်ရောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာ ၁၈ ရက်နေ့ ဆောင်ရွက်မှုများ
MY EN

(က)- ဒေါ်ဆွေဆွေသင်း(ပေါင်းတည်မဲဆန္ဒနယ်)

2026-09-21
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
မေးခွန်း
ဒေါ်ဆွေဆွေသင်း (ပေါင်းတည် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ပေါက်ခေါင်းမြို့နယ်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအတွက် ရုံးအဆောက်အဦအသစ်အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံတိုင်းတွင် အစိုးရ၏ထုဆစ်ဖော်ဆောင်သမျှသောလက်တွေ့ကဏ္ဍနှင့်လုပ်ငန်းဟူသမျှကို ပြီးမြောက်အောင်မြင်စေရေး လက်တွေ့ကျကျသယ်ပိုးထမ်းရွက်နေကြသူများသည် အစိုးရရုံး ဌာန များ သာဖြစ်ပါကြောင်း၊ ထို့အတူရုံးတစ်ရုံး၊ လုပ်ငန်းတစ်ခုမြန်ဆန်ထိရောက်စနစ်ကျစွာ လုပ်ငန်း လည်ပတ်နိုင်ခြင်းသည် အဆိုပါရုံးဌာနများ၏ အခြေခံအဆောက်အဦ၊ လူနှင့်ပစ္စည်းစနစ်တကျ ဖွဲ့စည်းထားရှိခြင်းအပေါ်မူတည်နေပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပေါက် ခေါင်းမြို့၊ အမှတ်(ရပ်ကွက် ၊ လှိုင်းတက်လမ်းရှိလူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီး ဌာနရုံးသည် ၁၉၆၄ ခုနှစ်တွင် စတင်တည်ဆောက်ထားသည့် အလျား ၃၆ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၃၀ ပေရှိပြီး အလျား ၁၂ ပေ၊ အနံ ၁၂ ပေအကျယ် အခန်း ၃ ခန်းပါရှိသော သစ်သားတိုင်၊ သွပ်မိုး၊ ထရံကာလူနေနှစ်ထပ်အိမ်တစ်လုံးဖြစ်ပါကြောင်း၊ အဆိုပါနှစ်ထပ်အိမ်ကို လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရုံးအဖြစ် ၁၉၆၉ ခုနှစ်တွင် စတင်ငှားရမ်း အသုံးပြုခဲ့ပါကြောင်း။

အဆိုပါအဆောက်အဦကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် သိန်း ၂၀ ကျပ်ဖြင့် တရားဝင် ဝယ်ယူအသုံးပြုခဲ့ပြီး စတင်ငှားရမ်းအသုံးပြုချိန်မှ ယနေ့အချိန်ကာလအတွင်းအထိ အစိုးရ အစီအမံ ဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း ၈၀ ခွင့်ပြု၍ အကြီးစား ပြင်ဆင်မှုတစ်ကြိမ်အား ပြင်ထိန်း ခေါင်းစဉ်အောက်တွင် ခွင့်ပြုပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ တင်ပြပါ ခွင့်ပြင်ဆင်မှု ခွင့်ပြုငွေပမာဏဖြင့် အဆောက်အဦ၏အောက်ပိုင်းကိုသာ လုံလောက်စွာ ပြင်ဆင်နိုင်ခဲ့ ကြောင်းကိုလည်း မြေပြင်အခြေအနေကိုသွားရောက်ကြည့်ရှုသိရှိခဲ့ရပါကြောင်း၊ မြေပြင်အခြေအနေ အရ လူနေအိမ်ကို ရုံးအဆောက်အဦအဖြစ် အသုံးပြုနေရခြင်းသည် အပေါ်ပိုင်း ပျဉ်ကာ ပျဉ်ခင်းများ သည် ဆွေးမြည့်နေသည့် အဆောက်အဦဖြစ်သည့်အတွက် မီးဘေးလုံခြုံရေးကန့်သတ်ချက်ရှိခြင်း၊ အရေးကြီးစာရွက်စာတမ်းများကို စနစ်တကျ ဦးစားပေး အဆင့်အတန်းအလိုက် ထိန်းသိမ်းထား သိုရန် နေရာအကျယ်အဝန်း ကန့်သတ်ချက် ရှိခြင်း၊ ရုံးအဆောက်အဦ၏အင်္ဂါရပ်များနှင့် မကိုက် ညီခြင်း၊ သက်တမ်းလွန်လူနေအိမ်အား ရုံးအဖြစ်အသုံးပြုရခြင်းဖြစ်၍ အစိုးရအစီအစဉ်ဖြင့်လည်း ကောင်း၊ ဌာနအစီအစဉ်ဖြင့်လည်းကောင်း အကြိမ်ကြိမ် ပြုပြင်ထိန်းသိမ်းနေရခြင်းနှင့် သဘာဝ ဘေးဒဏ် ခံနိုင်ရန် ကြံ့ခိုင်မှုကန့်သတ်ချက်များ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စု အစိုးရအနေဖြင့် နိုင်ငံ့အတွက်လွန်စွာအရေးပါသော လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင် ရေး လုပ်ငန်းများအားစနစ်တကျမှန်ကန်မြန်ဆန်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အစိုးရရုံး အင်္ဂါနှင့် ကိုက်ညီပြီး သဘာဝဘေးဒဏ်နှင့် ရာသီဥတုဒဏ်များကို အထိုက်အလျောက် ခံနိုင်ရည်ရှိသော ရုံးအဆောက်အဦအသစ်တစ်လုံးအား အစားထိုးဆောက်လုပ် ပေးရန် အစီအစဉ်ရှိ မရှိ သို့မဟုတ် စုပေါင်းရုံးနေရာတွင် မြေနေရာအသစ် ထပ်မံရွေးချယ်ကာ ရုံးအသစ် ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိ၊ အစီအစဉ်ရှိပါကမည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်း ခဲ့ပါသည်။

အဖြေ
အဖြေ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ်ဦးစီးမှူးရုံးသည် ပေါက်ခေါင်းမြို့၊ အမှတ် (ရပ်ကွက်၊ လှိုင်းတက်လမ်းပေါ်ရှိ ကွင်းအမှတ် ၆၉၆၊ ဦးပိုင်မြေကွက် အမှတ် ၃၃ (က)၊ မြေဧရိယာအကျယ်အဝန်း ဝ.၁၃ ဧက ကျယ်ဝန်းသော မြေကွက်နှင့် ၄ ပင် ၃ ခန်း၊ အနောက်ဘက် မီးဖိုဆောင်ပါသော သွပ်မိုးပျဉ်ကာ နှစ်ထပ်မြေစိုက်အိမ်အား မိမိဝန်ကြီးဌာနမှ ၂၀၀၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ပိုင်ရှင်များဖြစ်သော ဦးကျော်ဆွေ၊ ဦးကျော်ငွေနှင့် ဦးချစ်ဇော်တို့ သုံးဦး ထံမှ တန်ဖိုးငွေကျပ် ၂၀ သိန်းတိတိဖြင့် ဌာနပိုင်အဖြစ် ဝယ်ယူခဲ့ခြင်းဖြစ်ပါကြောင်း။

ပေါက်ခေါင်းမြို့နယ်ဦးစီးမှူးရုံးအား သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက်နှစ်ထပ်အိမ်မှ ၂၀၁၈ ခုနှစ်တွင် ဌာန၏ ခွင့်ပြုရန်ပုံငွေ သိန်း ၉၀ ကျပ်ဖြင့် အလျား ၃၆ ပေ၊ အနံ ၂၄ ပေ၊ အမြင့် ၃၀ ပေရှိ သွပ်မိုး၊ အုပ်ကာ၊ အင်္ဂတေခင်း နှစ်ထပ်အဆောက်အဦအဖြစ် ပြင်ဆင်မွမ်းမံခဲ့ပြီး ရုံးလုပ်ငန်းများအား ဝန်ထမ်း ၁၆ ဦးဖြင့် ယနေ့အထိဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပေါက်ခေါင်းမြို့နယ် ဦးစီးမှူး ရုံးသည် တစ်နေ့ လျှင် လုပ်ငန်းလာရောက်ဆောင်ရွက်သူ ပြည်သူ ၂ဝ ဦး ခန့်သာရှိသဖြင့် ဝန်ထမ်း နှင့် ပြည်သူ အင်အားသည် မြို့နယ်ရုံးအကျယ်အဝန်းအနေဖြင့် ဝင်ဆံ့မှုရှိကြောင်း စိစစ်တွေ့ရှိရ ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဌာနပိုင်ရုံး ဖွင့်လှစ် နိုင်ခြင်း မရှိသေး သော ရုံးများ၊ ရုံးအင်္ဂါရပ်များနှင့် ညီညွတ်မှုမရှိသော အိုမင်းဟောင်းနွမ်းနေသည့် ဌာနပိုင်ရုံး အဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများအား အသစ်ပြန်လည်ဆောက်လုပ်နိုင်ရေး အတွက်နှစ်စဉ်လျာထားတင်ပြတောင်းခံလျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေလျာထား တောင်းခံရာတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် မီးရှို့ဖျက်စီးခံခဲ့ရသည့် ရုံးအဆောက်အဦများ၊ မန္တလေးငလျင်ဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် ရုံး များအားဦးစားပေးလျာထားတောင်းခံခဲ့သဖြင့် ပေါက်ခေါင်းမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် လျာထား တောင်းခံမှုတွင် မပါရှိ ခဲ့ပါကြောင်း။

လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အကြမ်းဖက်ဖြစ်စဉ်ကြောင့် မီးရှို့ဖျက်ဆီးခံရသည့် ရုံးများ၊ ဌာနပိုင်ရုံးများ၊ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသောရုံးများ၊ ရုံးအင်္ဂါရပ်များနှင့်ညီညွတ်မှုမရှိသော အိုမင်း ဟောင်နွမ်းနေသည့် ဌာနပိုင် ရုံးအဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများအား အသစ် ပြန်လည်ဆောက်လုပ်နိုင်ရေး လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိမှုအပေါ် ဦးစား ပေးအလိုက် အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။