နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့စတင်ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ (၂၁-၉-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက်အကျဉ်းချုပ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးမောင်မောင်အုန်းနှင့် အဖွဲ့ မော်စကိုမြို့၌ မဲရုံများအား ကြည့်ရှုလေ့လာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အဖွဲ့ ရုရှားနိုင်ငံ၌ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်သို့ တက်ရောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာ ၁၈ ရက်နေ့ ဆောင်ရွက်မှုများ
MY EN

(စ)- ဦးညွန့်ဝင်း(မြစ်ကြီးနားမဲဆန္ဒနယ်)

2026-09-21
ပညာရေးဝန်ကြီးဌာန
မေးခွန်း
ဦးညွန့်ဝင်း (မြစ်ကြီးနား မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မြစ်ကြီးနားမြို့နယ်၊ရမ်ပူရပ်ကွက်၊အ..က (ကျောင်းခွဲအမှတ် (တွင်နှစ်ထပ်ကျောင်းဆောင်တစ်ခုတည်ဆောက်ပေးနိုင်ခြင်း ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မြစ်ကြီးနားမြို့နယ်သည် ကချင်ပြည်နယ်၏မြို့တော်ဖြစ်သည်နှင့်အညီ ရပ်ကွက် ၃၁ ရပ်ကွက်၊ ကျေးရွာ၂၉ ရွာစုစုပေါင်း  ရပ်ကွက်  ကျေးရွာ  ၆၀ နှင့် လူဦးရေ သုံးသိန်းကျော် နေထိုင်လျက်ရှိပါကြောင်း၊ အဆိုပါ ရပ်ကွက်၊ ကျေးရွာ ၆၀ နှင့် ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာရှိတဲ့ ရက်ကွက်၊ကျေးရွာ  ၂၀ကတော့ သောင်းကျန်းသူများ ထိန်းချုပ်ထားပါကြောင်း၊ မြစ်ကြီးနားမြို့၏ မြို့ပေါ်ရပ်ကွက်များအနေဖြင့် ဆင်ခြေဖုံးကျေးရွာများသည် တည်ငြိမ်အေးချမ်းသည့်အတွက် ကချင်ပြည်နယ်အတွင်းရှိ ယာယီ ရှောင်တိမ်းလာသည့် စစ်ဘေးရှောင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မိဘပြည်သူများတို့သည် တချို့ ယာယီရွှေ့ပြောင်းလာကြသလို တချို့ အတည်တကျ လာရောက်နေထိုင်လျက်ရှိပါကြောင်း။

မြစ်ကြီးနားမြို့နယ်မှာ အထက်တန်းကျောင်း ၂၃ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၈ ကျောင်း၊ အလယ်တန်းကျောင်း ၁၆ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ၁၃ ကျောင်း၊မူလတန်းလွန်ကျောင်း ၃၂ကျောင်း၊ မူလတန်းကျောင်း ၇၃ ကျောင်းရှိပြီး ယင်းကျောင်းများအနက် အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ၆ ကျောင်း၊ မူလတန်းလွန် ၇ ကျောင်း၊ အ..က၁၅ ကျောင်းတို့သည် ယာယီအားဖြင့် ပိတ်ထားလျက်ရှိပါကြောင်း၊ နယ်မြေမအေးချမ်း၍ ပြောင်းရွှေ့လာကြသည့် မိဘပြည်သူများ၏ သားသမီး ကျောင်းသူကျောင်းသားများကို ပညာမသင်ကြားရ မရှိရလေအောင် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အနီးကပ်ကြပ်မတ်ပြီး လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ 

မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အမှတ်()တွင်  ယခု ၂၀၂၆-၂၀၂၇  ပညာသင်နှစ်၌  ကျောင်းသူ  ကျောင်းသား ၁,၉၅၇ ဦး ပညာသင်ကြားလျက်ရှိပြီးလက်ရှိ စာသင်ခန်း ၂၄ ခန်းသာရှိသည့် အတွက်ကျောင်းသားနှင့်စာသင်ခန်း မမျှတမှုကြောင့် နေ့စဉ် နံနက် ၇:၃၀ မှ ၁၁:၄၅ အထိလည်းကောင်း၊ နေ့လယ် ၁၂:၁၅ မှ ညနေ ၄ အထိ လည်းကောင်း ကျောင်းချိန် နှစ်ချိန်၊ အပိုင်းနှစ်ပိုင်းခွဲပြီး သင်ကြားပြသပေးရပါကြောင်း၊ ယခုအခါ စာသင်ခန်းမလုံလောက်မှုကြောင့် ယာယီအားဖြင့် ဆိုင်ကယ် Stand များတွင် စာသင်ခန်းဖွဲ့၍ စာသင်ကြားပေးနေရသည့်အတွက် ယခုလိုမိုးရာသီတွင် မည်သို့မျှ မဖြစ်သင့်သည့်အခြေအနေများ ကြုံတွေ့လျက်ရှိပါကြောင်း၊ နိုင်ငံ တော်အနေဖြင့် ပညာရေးကဏ္ဍကို နည်းမျိုးစုံဖြင့်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာယခုကဲ့သို့ ကျောင်းသားနှင့်စာသင်ခန်းအချိုး မမျှတမှုဖြစ်ပေါ်နေခြင်းအပေါ် လိုအပ်သလို ဆောင်ရွက် ပေးနိုင်ရေးအတွက် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲအမှတ် ()အတွက် အခန်း ၆ ခန်းပါ နှစ်ထပ်အဆောက်အဦစာသင်ဆောင် တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်က

          ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေးခွင့်ပြုရန်ပုံငွေ ကျပ် ၄,၅၅၇သန်းဖြင့် စုစုပေါင်း လုပ်ငန်း ၁၂ ခုကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရမ်ပူရပ်ကွက် ရှိ အမှတ်(အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် မူလတန်းအဆင့် ကျောင်းသား ၁,၄၈၅ ဦး၊ အလယ်တန်းအဆင့်ကျောင်းသား ၄၁၉ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂,၀၃၀ ဦး ပညာ သင်ကြားလျက်ရှိပါကြောင်း၊ ကျောင်းဆောင် ၅ ဆောင်ရှိပြီး လက်ရှိ စာသင်ခန်း ၂၀ နှင့် နှစ်သုတ် တက်ကျောင်းအဖြစ် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ အဆိုပါ အမှတ်(အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် မြေနေရာလုံလောက်မှုအပေါ် မူတည်၍ စာသင်ခန်း ၁၂ ခန်းစာ (၁၄၀၃၀) RCC ၃ ထပ် ဆောင်ရွက်နိုင်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း (တည်ဆောက် ရေးဘတ်ဂျက်ရရှိမှုအပေါ် ပြည်နယ်၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။