နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့စတင်ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ (၂၁-၉-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက်အကျဉ်းချုပ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးမောင်မောင်အုန်းနှင့် အဖွဲ့ မော်စကိုမြို့၌ မဲရုံများအား ကြည့်ရှုလေ့လာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အဖွဲ့ ရုရှားနိုင်ငံ၌ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်သို့ တက်ရောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာ ၁၈ ရက်နေ့ ဆောင်ရွက်မှုများ
MY EN

(ဇ)- ဦးလှမြင့်(မတ္တရာမဲဆန္ဒနယ်)

2026-09-21
ပညာရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးလှမြင့် (မတ္တရာ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မတ္တရာမြို့နယ်တွင် ဆရာ ဆရာမအင်အား ပြည့်စုံလုံလောက်မှု မရှိပါ၍ ဆောလျင်စွာ ဖြည့်ဆည်း ပေးနိုင်မည့်အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မတ္တရာမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာ သင်နှစ်၌ ကျောင်းပေါင်း ၂၀၁ ကျောင်းရှိသော်လည်း လတ်တလော ၁၆၁ ကျောင်းသာ ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါကြောင်း၊ ဖွင့်လှစ်သင်ကြားနေသည့် ကျောင်းများတွင် ကျောင်းသားနှင့် ဆရာ ဆရာမအချိုး မညီမမျှဖြစ်ပြီး အခန်းတစ်ခန်းတွင် ကျောင်းသားဦးရေ ၅၀ မှ ၇၁ ဦးအထိ သင်ကြားပေးနေရရုံသာမက အချို့သောကျောင်းများတွင် ဆရာ ဆရာမ တစ်ဦး၊ နှစ်ဦးဖြင့် မူလတန်းကျောင်းများကို သင်ကြားနေရသည့် အခြေအနေများ ရှိနေပါကြောင်း၊ ဆရာ၊ ကျောင်းသားဦးရေအချိုး ညီညွတ်မျှတမှသာ သင်ကြားမှုပိုမိုထိရောက်နိုင်ပြီး ဆရာဟူသည် ရုပ်ပိုင်းဆိုင်ရာသင်ကြားမှုသာမက စိတ်ပိုင်းဆိုင်ရာသင်ကြားမှုများကိုသာ ပေါင်းစပ် သင်ကြားရသော ဝန်ထမ်းဖြစ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကို အားပေးစို့ဟူသော ဆောင်ပုဒ်အတိုင်း တိုးတက်လာမည်ဖြစ်၍ လိုအပ်နေသော ဆရာ ဆရာမ ဝန်ထမ်းဦးရေ ဖြည့်ဆည်းပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ မြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းပေါင်း ၂၀၁ ကျောင်းရှိပြီး ဖွင့်ကျောင်း ၁၆၁ ကျောင်းရှိပါကြောင်း၊ အထက်တန်းအဆင့်သင်ကျောင်းများတွင် ဆရာ ကျောင်း သားအချိုးအရ ဆရာ ပြည့်စုံလုံလောက်မှုရှိပါကြောင်း၊  အလယ်တန်းအဆင့်သင် ကျောင်းများတွင် လယ်ဆင့်သင် ဆရာလိုအပ်ချက်ရှိသည့် ကျောင်း ၉ ကျောင်းရှိပြီး အဆိုပါ ကျောင်းများအတွက် ဆရာလိုအပ်ချက်ကို B.A(Education), B.Sc(Education) သင်တန်းဆင်းများ ခန့်ထားသည့် အချိန်တွင် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြည့်ဆည်းခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် သင်ကြားရေး ဆရာ ဆရာမများ အပြောင်းအရွှေ့နှင့် ရာထူးတိုးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ဆန္ဒပြုလျှောက်ထားသူရှိပါက သတ်မှတ်လုပ်ထုံး လုပ်နည်းနှင့်အညီ ဖြည့်ဆည်း ခန့်ထားပေးသွားမည်ဖြစ်ပါကြောင်း။

မူဆင့်သင်ဆရာ လိုအပ်ချက်ရှိသည့် ကျောင်း ၁၂၃ ကျောင်းအနက်မှ မူလတန်းအဆင့်သင် ကျောင်း ၁၂၀ ကျောင်းတွင် ဒေသခန့်ဆရာ ၁၈၈ ဦးနှင့် သင်ကြားပေးလျက်ရှိရာ ၂၇-၇-၂၀၂၆ ရက်စွဲနှင့် Dip.EP သင်တန်းဆင်း မူဆင့်သင်ဆရာ ၂၅၅ ဦးကို ခန့်ထားပြီးဖြစ်သည့်အတွက် ဆရာလိုအပ်ချက် ပြည့်မီပြီဖြစ်ပါကြောင်း၊ မူဆင့်သင်ဆရာ လိုအပ်မှုရှိနေသည့် လွန်တောင်း-အခြေခံ ပညာအထက်တန်းကျောင်း၊ ကျောက်ပြား-အခြေခံပညာအလယ်တန်းကျောင်း၊ ပတ်လည်အင်း-အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းများအတွက် ရပ်ရွာမှ စေတနာ့ဝန်ထမ်း ၈ ဦး၊ ဒေသ အခြေအနေအရ ယာယီပိတ်ထားသည့် ကျောင်းများမှ ဆရာ ဆရာမ ၁၃ ဦးကို ယာယီ တွဲဖက် သင်ကြားစေခြင်းနှင့် လတ်တလော သင်ကြားရေးအဆင်ပြေအောင် ဆောင်ရွက်ထားပါကြောင်းနှင့် ဆရာလိုအပ်ချက်ရှိနေသော အဆိုပါ ကျောင်း ၃ ကျောင်းအတွက် သင်ကြားရေး ဆရာ ဆရာမ အပြောင်းအရွှေ့လုပ်ငန်းများ ဆောင်ရွက်ချိန်၌ ဆန္ဒပြုလျှောက်ထားသူရှိပါက သတ်မှတ်လုပ်ထုံး လုပ်နည်းနှင့်အညီ ဖြည့်ဆည်းခန့်ထားပေးသွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။