နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့်် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြည်သူ့လွှတ်တော် လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း နိုင်ငံတကာခေါင်းဆောင်မှုကောလိပ် (ILC) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(ဌ)- ဦးကျော်သန်း(မာန်အောင်မဲဆန္ဒနယ်)

2026-07-30
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(ဌ)- ဦးကျော်သန်း(မာန်အောင်မဲဆန္ဒနယ်)

မာန်အောင်မြို့မှ တောင်နီ(ခေါ်)မြေနီတောင်အထိ ကွန်ကရစ်လမ်းခင်းပေးရန်မည်သည့် ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          မာန်အောင်ကျွန်းသည် ဖွံ့ဖြိုးရေးနောက်ကျ နေသည့်မြို့တစ်မြို့ဖြစ်ပါကြောင်း၊ တိုင်း ဒေသ ကြီး နှင့်ပြည်နယ် ၁၄ ခုရှိ သည့်အထဲတွင် ရခိုင်ပြည်နယ်သည်ဒုတိယ အဆင်းရဲဆုံး ပြည်နယ် တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ဖော်ပြပါ တောင်နီ (ခေါ်မြေနီတောင်ကို မာန်အောင်ကျွန်းအထိ ရဟန်းရှင်လူပြည်သူများမှ ထူးခြား ဆန်းကြယ်သည့် ဘာသာရေးအဖများအဖြစ် ယုံကြည်ကြပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် မြေနီ တောင်တက်လမ်းကို မြေသားလမ်းအဖြစ် ကိုယ်ထူကိုယ်ထဖြင့် ဖောက်လုပ်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ကျွန်းဖြတ် လမ်း အဖြစ်သတ်မှတ်ပြီး ၂၀၁၂ ခုနှစ်တွင်  သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်၌ ၃ မိုင်၊ ၃ ဖာလုံကို ကျောက်ချောလမ်းအဖြစ် နိုင်ငံတော်မှ ခွင့်ပြုငွေဖြင့် ဖော်ဆောင်ခဲ့ပေးပါကြောင်း၊ သို့ရာတွင် ယခုအခါအချိန်ကြာလာသည်နှင့်အမျှ ရာသီဥတုသဘာဝဘေးဒဏ်များကြောင့် လမ်းတံတားများ ယိုယွင်းပျက်စီးလာသည့် အတွက် ဘုရားဖူးပြည်သူများ သွားလာရေးမှာအခက်အခဲများနှင့် ကြုံတွေ့ နေရ ပါကြောင်း၊

ဘုရားဖူးပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် ၂၀၂၆ ခုနှစ်တွင် ရဟန်း ရှင်လူပြည်သူအပေါင်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းပါဝင်လှူဒါန်းငွေ သိန်း ၁,၀၀၀ ဖြင့် တောင်တက်လမ်း ၂ မိုင်ကျော်နှင့် တံတား များကို ပြုပြင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ရခိုင ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ၇--၂၀၂၆ ရက်မာန်အောင်ခရီးစဉ်၌ မပြီးသေးသော လမ်းပိုင်းများပြုပြင်နိုင်ရန် သိန်း ၅၀၀ နှင့် ဒီဇယ်ဆီ ၅ လုံးကို ပေးအပ်ခဲ့သဖြင့် လမ်းများကို ပြုပြင်နိုင်ခဲ့ ပါကြောင်း၊မာန်အောင်မြို့မှ မြေနီတောင်အထိ ကျောက်ချော လမ်း ၁၂ မိုင်ခန့်ခင်းပြီး လမ်းမရှောင် ကျေးရွာနှင့် ငပုန်ကုန်းကျေးရွာကြားရှိ ၃ ဖာလုံအား ကွန်ကရစ် ခင်းထားပြီးလည်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား ကွန်ကရစ်လမ်းအဖြစ်ခင်းမည်ဆိုပါက ရာသီမရွေး သွားလာ နိုင်မည့်အပြင် ဘုရားဖူးသက်သက်သာမဟုတ်ဘဲ ထိုလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူ များနှင့် ကျောင်းသူ ကျောင်းသားများအတွက်ပါ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုဘဝ ဖွံ့ဖြိုးရေးကအစ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဥက္ကဋ္ဌကြီးမှတစ်ဆင့်‌ အောက်ပါ မေးခွန်းများကို မေးမြန်းလိုပါကြောင်း-

()     အဆိုပါကျောက်ချောလမ်း ၁၂ မိုင်ခန့်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ပေးရန် အစီအစဉ်ရှိ မရှိနှင့် ၊

()      အကယ်၍ အဆင့်မြှင့်တင်ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က

မေးမြန်းထားသောလမ်းသည် မာန်အောင်-ငပုန်ကုန်း-မိမ္မကြွယ်လမ်းဖြစ်ပြီး မာန်အောင်မြို့မှ တောင်နီတောင်ကိုဖြတ်၍ မိမ္မကြွယ်ကျေးရွာသို့ ဆက်သွယ်ထားသောလမ်းအရှည် ၁၄ မိုင်၊ ၅ ဖာလုံ ရှိသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေအနေမှာ ကွန်ကရစ် လမ်း ၃ ဖာလုံ၊ ကျောက်လမ်း ၁၁ မိုင်၊ ၄ ဖာလုံနှင့် မြေသားလမ်း ၂ မိုင်၊ ၆ ဖာလုံဖြစ်ပြီး စုစုပေါင်း အရှည် ၁၄ မိုင်၊ ၅ ဖာလုံဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းတွင် လမ်းမိုင်ပေါင်း ၁,၆၆၅ မိုင် ခန့်ရှိပြီး လက်ရှိလမ်းအခြေအနေတွင် ကတ္တရာကွန်ကရစ်လမ်း ၂၂ မိုင်၊ ၁ ဖာလုံ၊ ကွန်ကရစ်လမ်း ၄၀၆ မိုင်၊ ၄ ဖာလုံ၊ ကတ္တရာလမ်း ၆၅၇ မိုင်၊ ၇ ဖာလုံနှင့် ကျောက်လမ်း ၃၁၉ မိုင်၊ ၆ ဖာလုံခန့်၊ အမာခံလမ်း ၉၀ မိုင်၊ ၁ ဖာလုံခန့်၊ မြေသားလမ်း ၁၂၇ မိုင်၊ ၃ ဖာလုံခန့်နှင့် ဆိုင်ကယ်လမ်း ၄၁ မိုင်၊ ၂ ဖာလုံခန့်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ပျက်စီးနေသော လမ်းအပိုင်း ၁ မိုင်၊ ၂ ဖာလုံအား ဗြုန်းကျောက် စရစ် ခင်း၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

မေးမြန်းထားသည့် အဆိုပါလမ်းနှင့်စပ်လျဉ်း၍ မြေသားလမ်း ၁ မိုင်အား ကျောက်ခင်း လမ်း အဖြစ်နှင့် ကျောက်လမ်း ၃ ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ရန် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် မြေသားလမ်းအား ကျောက်ခင်းလမ်းအဖြစ်၊ ကျောက်ခင်းလမ်းအား ကွန်ကရစ်လမ်း အဖြစ်ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နှစ်အလိုက်ရန်ပုံငွေတွင် လျာထားပေး သွားမည်ဖြစ်ပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသည့်အချက်အလက်များနှင့် ပေါင်းစပ် ၍ ဖြေကြားခဲ့ပါသည်။