နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့်် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြည်သူ့လွှတ်တော် လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း နိုင်ငံတကာခေါင်းဆောင်မှုကောလိပ် (ILC) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(ဋ)- ဦးစိုင်းအောင်ညွန့်(မိုင်းရယ်မဲဆန္ဒနယ်)

2026-07-30
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(ဋ)- ဦးစိုင်းအောင်ညွန့်(မိုင်းရယ်မဲဆန္ဒနယ်)

မိုင်းရယ်မြို့နယ်၊ မန်ပုံရွာမှ နမ့်လောင်းတံတားလမ်းကို ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိုင်းရယ်မြို့နယ်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ကို ဆက်သွယ်ထားသည့်လမ်းပေါ်တွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ မိုင်းရယ်မြို့နယ်မှ ရှမ်းပြည်နယ်(တောင်ပိုင်း) နယ်စပ် နမ့်လောင်းတံတားအထိ ၁၈ ပေအကျယ် ကတ္တရာလမ်း ၇ မိုင်၊ ၄ ဖာလုံခင်းထားပြီးဖြစ်ပါကြောင်း၊ ၁၂ ပေအကျယ် ကျောက်ချောလမ်း ၁၅ မိုင်၊ ၄ ဖာလုံ ဖြစ်၍ စုစုပေါင်း ၂၃ မိုင်ရှိပါကြောင်း၊ ၁၅ မိုင်၊ ၄ ဖာလုံ ၁၂ ပေအကျယ် ကျောက်ချော လမ်းပိုင်းများဖြစ်သည့် မန်ပုံရွာမှ မန်ဖျက်ရွာ နမ့်လောင်းတံတားအထိ နေ့စဉ်ကားအစီးရေများစွာ ဖြတ်သန်းသွားလာနေကြပြီး လမ်းကျဉ်းမြောင်းခြင်း၊ ကတ္တရာလမ်းများ ပေါက်ပြဲပျက်စီးနေခြင်း ကြောင့် ပြည်သူအများ သွားလာရခက်ခဲပြီး ခရီးနှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်လျက် ရှိပါကြောင်း။

ယခုတင်ပြမည့်လမ်းမကြီးသည် ၁၀၂၇ အမည်ခံ တိုက်ပွဲဖော်ဆောင်မှုကြောင့် ယာယီကုန်စည် သယ်ယူပို့ဆောင်မှု ပြတ်တောက်သွားသည့် မန္တလေး-လားရှိုး-မူဆယ်လမ်းအစား ရှမ်းပြည်(မြောက်)၊ ရှမ်းပြည်(တောင်)၊ ရှမ်းပြည်(အရှေ့)နှင့် ပြည်မကြီးကို ဆက်သွယ်ပေးထားသည့် ပြည်ထောင်စု လမ်းမကြီးတစ်ခုလည်းဖြစ်ပါကြောင်း၊ နယ်မြေလုံခြုံမှုရှိပြီး လမ်းပန်းဆက်သွယ်ရေးအဓိကကျမှုနှင့် ဒေသခံပြည်သူတို့မှလည်း ထိုလမ်းမကြီးကို အမြန်ခင်းပေးစေချင်သည့် သဘောဆန္ဒများ ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ၁၅ မိုင်၊ ၄ ဖာလုံခန့် ရှည်လျားသည့် မိုင်းရယ်မြို့နယ်၊ မန်ပုံရွာမှ နမ့်လောင်းတံတားအထိ ၁၂ ပေအကျယ်ကျောက်ချောလမ်းကို ၁၈ ပေ အကျယ်ကတ္တရာလမ်းအဖြစ် အနီးစပ်ဆုံး မည်သည့်ဘဏ္ဍာရေးနှစ်များအတွင်း လျာထားဆောင်ရွက်ပေးသွားမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က

          မေးခွန်းပါလမ်းပိုင်းသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ကို ဆက်သွယ်ထားသော လားရှိုး(မယ်ဟန်)-မိုင်းရယ်-ကျေးသီးလမ်း၏ လမ်းပိုင်းဖြစ်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ၇၁ မိုင် အရှည်ရှိပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းအပိုင်းသည် မန်ပုံရွာအနီး မိုင်တိုင် ၅၅ မိုင်၊ ၄ ဖာလုံမှ နမ့်လောင်းတံတား မိုင်တိုင် ၇၁ မိုင်၊ ၀ ဖာလုံအထိ ၁၅ မိုင်၊ ၄ ဖာလုံအရှည်ရှိပြီး လက်ရှိလမ်းအခြေအနေ ၁၂ ပေအကျယ် ကတ္တရာလမ်း ၁၀ မိုင်၊ ၅ ဖာလုံနှင့် ၁၂ ပေအကျယ် ကျောက်ခင်းလမ်း ၄ မိုင်၊ ၇ ဖာလုံ ဖြစ်ပါကြောင်း။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းတွင် လမ်းမိုင်ပေါင်း ၄,၃၅၅ မိုင်၊ ၄ ဖာလုံရှိပြီး လက်ရှိ အခြေအနေသည် ကတ္တရာကွန်ကရစ်(AC)လမ်း ၅၃၂ မိုင်၊ ၂ ဖာလုံ၊ ကွန်ကရစ်လမ်း ၃၃ မိုင်၊ ၆ ဖာလုံ၊ ကတ္တရာလမ်း ၁,၆၃၉ မိုင်၊ ၇ ဖာလုံ၊ ကျောက်ခင်းလမ်း ၂၉၇ မိုင်၊ ၇ ဖာလုံ၊ အမာခံလမ်း ၄၁၅ မိုင်၊    ၁ ဖာလုံနှင့် မြေသားလမ်း ၁,၄၃၆ မိုင်၊ ၅ ဖာလုံဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အောက်ပါလုပ်ငန်းများ ခွင့်ပြုထားပါ ကြောင်း -

(က) ၁၂ ပေအကျယ်မှ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း ၁ မိုင်နှင့် ၆ ဖာလုံ၊ 

(ခ) မူလ ကျောက်ခင်းလမ်းအား ၁၂ ပေအကျယ် ကတ္တရာလမ်းသစ်ခင်းခြင်း ၂ ဖာလုံ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ 

အဆိုပါလမ်း၏ ၁၂ပေအကျယ်မှ ၁၈ပေအကျယ် ကတ္တရာလမ်းချဲ့ခင်းရန် ကျန်ရှိသည့် ၁၃ မိုင်၊ ၆ ဖာလုံအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထား ပေးသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များနှင့်ပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့ပါသည်။