ဦးမောင်ရွှေ (လွိုင်ကော် မဲဆန္ဒနယ်) အစား ဒေါ်မော်မော်ခိုင် (ဒီးမော့ဆို မဲဆန္ဒနယ်)
ကယားပြည်နယ်အတွင်းရှိ ၅နှစ်ကျော်သက်တမ်းလွန် မော်တော်ကားနှင့် ဆိုင်ကယ်တို့အား ယာဉ်လိုင်စင် သက်တမ်း ပြန်လည်တိုးပေးရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်
ကယားပြည်နယ်သည် မြို့နယ် ၇ မြို့နယ်ဖြင့် ဖွဲ့စည်းထားသော ပြည်နယ်ငယ်ဖြစ်ပြီး လူဦး ရေအားဖြင့် ၃၀၀,၀၀၀ ဝန်းကျင်ခန့်သာ ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးအခင်းအကျင်း များ ကြောင့် ဌာနဆိုင်ရာရုံးများ၊ ဈေးများ၊ လူနေအိမ်များ များစွာပျက်ဆီးဆုံးရှုံးခဲ့ကြရပါကြောင်း၊ ဒေသခံပြည်သူများမှာစစ်ဘေးစစ်ဒဏ်ကြောင့် အခြား မြို့ရွာများသို့ ရုတ်တရက်ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါကြောင်း၊တချို့ပြည်သူများမှာလည်း၎င်းတို့တိမ်းရှောင်ရာဒေသများတွင်စစ်မီးကူးစက်လာသည့်အတွက်အခြားနေရာဒေသများသို့ အကြိမ်ကြိမ်ပြောင်းရွှေ့ခဲ့ကြရသည့် အခက် အခဲများနှင့်ရင်ဆိုင်ခဲ့ကြရပါကြောင်း၊ စိတ်ဒဏ်ရာရရှိထားကြသည့်ပြည်သူများ၏ နေ့စဉ် စားဝတ်နေရေးအတွက်အဓိကအားကိုးအားထားပြုနေရသည့် မော်တော်ယာဉ်များနှင့် မော်တော် ဆိုင်ကယ်များသည် ယခုဆိုလျှင် ၅ နှစ်ကျော်သက်တမ်းလွန်အဖြစ် ရောက်ရှိကုန်ပြီ ဖြစ်ပါ ကြောင်း၊
မီးလောင်ပျက်စီးဆုံးရှုံးခြင်းကြောင့်လည်းကောင်း၊ တိမ်းရှောင်ရာနေရပ်အသီးသီးမှ ခက်ခဲ စွာ ရပ်တည်နေကြရခြင်းများကြောင့်လည်းကောင်း၊မော်တော်ယာဉ်များ သက်တမ်းတိုးခြင်းကို အချိန်မီဆောင်ရွက်နိုင်ခြင်းမရှိဖြစ်ခဲ့ရပါကြောင်း၊ ပြည်သူများမှသက်တမ်းတိုးပေးရန် ပျက်ကွက် လို၍မဟုတ်ဘဲ နယ်မြေအခြေအနေအရပ်ရပ်ကြောင့် မဆောင်ရွက်နိုင်ခဲ့ခြင်းအပေါ် ငဲ့ညှာထောက် ထားသောအားဖြင့် အထူးဦးစားပေးအစီအစဉ်ဖြင့် ၅ နှစ်ကျော်သက်တမ်းလွန်မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များကို ယာဉ်လိုင်စင်သက်တမ်းတိုးပြန်လည်၍ ပြုလုပ်ပေးနိုင်မည့် အစီအစဉ် ရှိ မရှိကို သိရှိလိုပါ ကြောင်းမေးမြန်းခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးထွန်းလူ က
ကယားပြည်နယ်အစိုးရ အဖွဲ့နှင့်ပေါင်းစပ်၍ပို့ဆောင်ရေးဝန်ကြီးဌာနမှပြန်လည်ရှင်းလင်း ဖြေကြားပေးမည် ဖြစ်ပါကြောင်း၊
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ (၂၀၂၀ပြည့်နှစ်) ပုဒ်မ ၃၁၊ ပုဒ်မခွဲ(က) ပုဒ်မခွဲ ငယ် ၃ အရမော်တော်ယာဉ်မှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီးနောက်သက်တမ်းတိုးမှတ်ပုံ တင်ခြင်း ဆောင်ရွက်ရန် တစ်ဆက်တစ်စပ်တည်း ၅ နှစ်ပျက်ကွက်ပါက မော်တော်ယာဉ်မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းရ မည်ဟု ပါရှိပါကြောင်း၊ သို့သော်လည်း နယ်မြေဒေသအခြေအနေများနှင့်လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကြောင့် မှတ်ပုံတင်သက်တမ်းကျော်လွန်နေသည့် မော်တော် ယာဉ် နှင့် မော်တော် ဆိုင်ကယ်များကို မှတ်ပုံတင်ပြန်လည်လျှောက်ထားမည်ဆိုပါကယာဉ်ပိုင်ရှင် များ အနေဖြင့် တိုက်ပွဲ ရှောင်နေထိုင်ခဲ့သည့်ဒေသရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ခိုင်လုံသည့် ဧည့်စာရင်း ထောက်ခံချက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို အမှန်တကယ် ပိုင်ဆိုင်မှု ဖြစ်သည့် မော်တော်ယာဉ် မှတ်ပုံတင်စာအုပ်၊ မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံ လက်မှတ် တို့ကိုတင်ပြစေပြီးမော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များကို စစ်ဆေးပြီး ယာဉ်နှင့် ယာဉ်မှတ်တမ်း မှန်ကန်မှုရှိပါက ပြန်လည် မှတ်ပုံတင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ ကယားပြည်နယ်အတွင်းရှိ မှတ်ပုံတင်ထားသည့် မော်တော် ယာဉ်စီးရေ ၂,၇၅၅ စီး၊ မော်တော်ဆိုင်ကယ် ၂၉,၆၆၅ စီး စုစုပေါင်း ၃၂,၄၂၀ စီး အနက် ၅ နှစ်သက်တမ်း ကျော်လွန်ပြီးသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို အထက်ဖော်ပြပါ အထောက် အထားများတင်ပြလာလျှင် ပြည်သူများအဆင်ပြေစေရေးနှင့်နစ်နာမှုမရှိစေရေးအတွက်ပြန်လည် မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မှတ်ပုံတင်သက်တမ်း ၅ နှစ် ကျော်လွန်မှု မရှိသေးသည့် ယာဉ်များကိုလည်း သက်တမ်းလွန်မှုမဖြစ်စေရေးအတွက် ယာဉ်နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ရုံး(လွိုင်ကော်)ကို မှတ်ပုံတင်လုပ်ငန်း လာရောက်ဆောင်ရွက်ရန်အတွက် ခက်ခဲသည့် မြို့များအနေဖြင့် သက်ဆိုင်ရာ မြို့နယ်များရှိ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီမှ သက်တမ်းတိုးလိုသော မော်တော် ယာဉ်၊ မော်တော်ဆိုင်ကယ်များနှင့် သက်ဆိုင်သည့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊ မှတ်ပုံတင် သက်သေခံလက်မှတ်များကိုစုစည်းပြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ပြည်နယ်ရုံး (လွိုင်ကော်) ကို ပေးပို့လာပါက အထူး ကိစ္စရပ်အနေနှင့်သက်တမ်းတိုးခြင်းကို ယာဉ်စစ်ဆေးခြင်း ကင်းလွတ်ခွင့်ဖြင့် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။