ဦးမဇိုးလောင်ဝီး(လဟယ်မဲဆန္ဒနယ်)
လဟယ်မြို့နယ်တွင် ဆက်သွယ်ရေးဖုန်းလိုင်းများ အချိန်ပြည့်ရရှိရေး၊ အင်တာနက်လိုင်းများ ပြန်လည် ရရှိရေးနှင့် နည်းပညာကျွမ်းကျင်သည့် ဆက်သွယ်ရေးတာဝန်ခံတစ်ဦး ခန့်အပ်ပေးရေး သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
လဟယ်မြို့သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရုံးစိုက်ရာမြို့တစ်မြို့ဖြစ်ပြီး MPT၊ ATOM ဆက်သွယ်ရေး ဖုန်းလိုင်းနှစ်လိုင်းရှိပါကြောင်း၊ MPT ဆက်သွယ်ရေးဖုန်းလိုင်းသည် ပုံမှန်မရရှိသည့် အတွက် ဒေသရှိ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့်အခါ MPT Satelliteဂြိုလ်တု စလောင်း ကို 1.2 Ku Band ဖြင့် အသုံးပြုလျက်ရှိပါကြောင်း၊ အဆိုပါ 1.2 Ku Band အမျိုးအစားမှာ Band သေး၍ ဝပ် နည်းသဖြင့် ရာသီဥတုအမျိုးမျိုးကြောင့် ဖုန်းလိုင်းများ အတက်အကျဖြစ်ရခြင်း၊ လိုင်းပြတ် တောက်ခြင်းနှင့် ဖုန်းအသုံးပြုသည့်ဦးရေများပြားခြင်းကြောင့် လိုင်းကြပ်ခြင်း စသည့် ဆက်သွယ်ရေး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အလားတူ စလောင်း Band ပိုင်းမှ ပျက်နေသည့်အတွက် ATOM ဆက်သွယ်ရေး ဖုန်းလိုင်းသာရှိပြီး ဖုန်းပြော၍ မရသည့်အခြေအနေ ဖြစ်ပေါ်နေပါကြောင်း၊ လဟယ်မြို့တွင် အင်တာနက် လိုင်း၊ မိုဘိုင်းဒေတာလုံးဝ မရရှိသည်မှာ ၅ နှစ်ကျော်ရှိပြီဖြစ်ပါကြောင်း၊ အင်တာနက်လိုင်းများ ပြန်လည်ရရှိ မည်ဆိုပါက နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက် လျက်ရှိသည့် EIT လုပ်ငန်းနှင့် Bio Metric ကောက်ယူခြင်း လုပ်ငန်းများလည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသို့ ထွက်ခွာ မည့် ပြည်သူများအနေဖြင့်လည်း များစွာအကျိုးဖြစ်ထွန်း မည်ဖြစ်ပါကြောင်း၊ အလားတူပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေခြင်း၊ ကမ္ဘာတစ်ဝန်းရှိလူများနှင့် လျင်မြန်စွာဆက်သွယ်နိုင်ခြင်း၊ ပညာရေး ကဏ္ဍ၊ ကျန်းမာ ရေးကဏ္ဍ၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍ၊ အလုပ်အကိုင်အခွင့်အလမ်းများပွင့်လင်းလာခြင်း၊ ငွေကြေးဝန်ဆောင်မှု Mobile Banking များအသုံးပြုနိုင်ခြင်း၊ AI(Artificial Intelligence) သို့မဟုတ် ဉာဏ်ရည်တုနည်းပညာကိုလည်း လူနေမှုဘဝ၊ စီးပွားရေးနှင့် နည်းပညာကဏ္ဍအသီးသီးတွင် အသုံးပြု နိုင်မည်ဖြစ်၍ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ လဟယ်မြို့တွင်ရှိသည့် MPT ဆက်သွယ်ရေးဌာန သည် တာဝန်ခံအဖြစ် နေ့စား ဝန်ထမ်းတစ်ဦးကိုသာ ခန့်အပ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ နေ့စား ဝန်ထမ်းသည် နည်းပညာကျွမ်းကျင်သည့်သူ မဟုတ်သည့်အတွက် နည်းပညာအခက်အခဲများ ကြုံတွေ့လာလျှင် အချိန်မီဖြေရှင်းနိုင်ခြင်း မရှိသောကြောင့် နစ်နာဆုံးရှုံးမှုများ များစွာဖြစ်ပေါ်လျက်ရှိ ပါကြောင်း။
လဟယ်မြို့သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရုံးစိုက်ရာမြို့ဖြစ်သည့်အလျောက် လူဦးရေ အားဖြင့် ၅၀,၈၆၄ ဦးရှိပြီး ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် အစိုးရ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြို့တစ်မြို့ဖြစ်သောကြောင့် ဆက်သွယ်ရေးဖုန်းလိုင်းကောင်းမွန်စွာရရှိရေးသည်အလွန်အရေးကြီးသောလုပ်ငန်းစဉ်တစ်ခုဖြစ်ပါ ကြောင်း၊ ဆက်သွယ်ရေးကွန်ရက်လွှမ်းခြုံမှု စဉ်ဆက်မပြတ်ရရှိမှသာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အုပ်ချုပ်ရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာများ၏လုပ်ငန်းများ၊ ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များ အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
လက်ရှိ မိမိတို့အသုံးပြုနေသည့် လက်ကိုင်ဖုန်းထဲမှ Application တချို့ကိုလည်း အချိန်နှင့် တစ်ပြေး ညီ Update လုပ်ရပါကြောင်း၊ လက်ရှိ မိမိမေးသည့် မေးခွန်းသည် MPT၊ ATOM ဆက်သွယ်ရေးဖုန်းလိုင်း လုံးဝမရ၍ အသစ်ဆောင်ရွက်ပေးရန် မေးသည့် မေးခွန်းမဟုတ်ကြောင်းနှင့် ရှိပြီးသားစနစ်တစ်ခုကို Update လုပ်ပေးစေချင်၍ မေးသည့် မေးခွန်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ လဟယ်မြို့တွင် MPT၊ ATOM ဆက်သွယ်ရေး ဖုန်းလိုင်းများ အချိန်ပြည့်ရရှိနိုင်ရေး၊ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိ၊ MPT၊ ATOM အင်တာနက်လိုင်းများ ပြန်လည်ရရှိနိုင်ရေး အစီအစဉ်ရှိ မရှိ၊ ဆက်သွယ်ရေးတာဝန်ခံအား နည်းပညာကျွမ်းကျင်သည့်ဝန်ထမ်းတစ်ဦးခန့်ထားပေးနိုင်ရေး အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် က
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းစခန်း ၃ ခု၊ ATOM Myanmar Limited မှ မိုဘိုင်းစခန်း ၁ ခု စုစုပေါင်း မိုဘိုင်းစခန်း ၄ ခု တည်ဆောက်ထားရှိပြီး အဆိုပါ မိုဘိုင်းဆက်သွယ်ရေးစခန်းများအတွက် မိုက်က္ကရိုဝေ့ အဝေး ဆက်ကြောင်းများဖြင့် ချိတ်ဆက်ပြီး လဟယ်မြို့နယ်အများပြည်သူများ မိုဘိုင်းဆက်သွယ်ရေးနှင့် အင်တာနက်လိုင်းများရရှိအောင် ဆောင်ရွက် ပေးထားခဲ့ပါကြောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်မြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ATOM Myanmar Limited တို့မှ စုစုပေါင်း မိုဘိုင်းစခန်း ၄ ခု တည်ဆောက်တပ်ဆင် ထားပါကြောင်း၊ လဟယ်မြို့နယ်ကို မိုက္ကရိုဝေ့ဆက်သွယ်ရေး အဝေးဆက်ကြောင်း ဆက်သွယ်ထားပါ ကြောင်း၊ ကလေး- ဖောင်းပြင်--ဟုမ္မလင်း-ခန္တီး-လဟယ် မိုက္ကရို ဝေ့အဝေးဆက်ကြောင်းရှိ ခမ်းပတ်နှင့် ဖောင်းပြင်မိုက္ကရိုဝေ့စခန်းများတွင် ဒေသတွင်းတိုက်ပွဲများကြောင့်ဆက်သွယ်ရေးဆက်ကြောင်းပြတ်တောက် လျက်ရှိပြီး ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်း များ ပြတ်တောက်ခဲ့ရပါကြောင်း။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် လဟယ်မြို့နယ်အတွင်း နေထိုင်ကြသော အများပြည်သူများဆက်သွယ်ရေးကွန်ရက် ယာယီရရှိစေရေးအတွက်ကို မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်းနှင့် ATOM Myanmar Limited မိုဘိုင်းစခန်း ၃ ခုကို ဂြိုဟ်တုဆက်သွယ်ရေးစနစ် Satellite Transmission – VSAT 1.2 meter Ku-Band ဖြင့် ချိတ်ဆက်ဆောင်ရွက်ထားရှိပါကြောင်း၊ ထိုသို့ ချိတ်ဆက်ထားခြင်းဖြင့် ဖုန်းခေါ်ဆိုမှုအသံနှင့် စာတိုပေးပို့မှု ဝန်ဆောင်မှုတွေကို ၂၄ နာရီရရှိအောင် ဆောင်ရွက် ပေးထားနိုင်ခဲ့ပါကြောင်း၊ သို့ရာတွင် Satellite နည်းပညာပိုင်းဆိုင်ရာ ကန့်သတ်ချက် များကြောင့် မိုဘိုင်းအင်တာနက်ရရှိရေးအတွက်ကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်းလည်းတွေ့ရှိရပါ ကြောင်း၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့အတွင်းတွင်သတ်မှတ်ထားသည့်နေရာ၌ အင်တာနက် စနစ်ရရှိသုံးစွဲနိုင်ရန် အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ရှိတပ်ဆင်ထားသည့် 1.2 meter Ku-Band VSAT-2 အပြင် 2.4 meter C-Band VSAT-2 စနစ်နှင့် ထပ်မံတပ်ဆင်နိုင်ရန်အတွက် စက်ပစ္စည်း များကို အမြန်ဆုံးရောက် ရှိအောင် ပို့ဆောင်လျက်ရှိပါကြောင်း၊ Satellite စက်ပစ္စည်းများ ရောက်ရှိ ပလည်း အမြန်ဆုံးတပ်ဆင် အသုံးပြုနိုင်ရေးကိုလည်း စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လဟယ်မြို့နယ်ရှိ မိုဘိုင်းစခန်းများတွင် လုပ်ငန်းများ ကြီးကြပ် နိုင်ရန်အတွက် လဟယ်မြို့နယ်၊ ထန်ပါခွေမိုဘိုင်းစခန်းတွင် ဒုတိယလက်ထောက် ကြီးကြပ်ရေး မှူး စက်မှုအမှုထမ်းတစ်ဦးနှင့် လဟယ်မိုဘိုင်းစခန်းတွင် ယာယီနေ့စားဝန်ထမ်းတစ်ဦး ခန့်အပ်ထားရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး မန်နေဂျာဦးဆောင်မှုနှင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုယ်စား လှယ်ကြီးမေးမြန်းချက်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နည်းပညာကျွမ်းကျင်ပြီး လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းပေးနိုင်မည့် ဒုတိယကြီးကြပ်ရေးမှူး စက်မှုဝန်ထမ်းတစ်ဦးကို ထပ်မံရွေးချယ်ပြီး ဌာန တွင်းလုပ်ငန်းစဉ်များဆောင်ရွက်ပြီး လဟယ်မြို့ကိုပြောင်းရွှေ့တာဝန်ပေးအပ်ရေးကိုလည်းစီစဉ် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ATOM Myanmar Limited အနေဖြင့် လဟယ်မြို့တွင် မိုဘိုင်းစခန်း ၁ ခုသာ ရှိသည့်အတွက် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို ခန္တီးမြို့နယ်ရှိ နည်းပညာအဖွဲ့မှ မိုဘိုင်းစခန်း အတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါကြောင်း ဆက်လက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ လဟယ်မြို့နယ်တွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုအပေါ် မူတည်၍ လက်ရှိတပ်ဆင်ပြီး သားဖြစ်သည့် မိုက္ကရိုဝေ့ဆက်ကြောင်းများ ပြတ်တောက်နေမှုကို မြေပြင်ကွင်းဆင်းသွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပြုပြင်ပြီးဆက်သွယ်ရေးဝန်ဆောင်မှုများ ပုံမှန်ပြန်လည်ရရှိစေရေး စီစဉ် ဆောင်ရွက် ပေးသွား နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။