နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့်် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြည်သူ့လွှတ်တော် လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း နိုင်ငံတကာခေါင်းဆောင်မှုကောလိပ် (ILC) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(ဃ)-ဦးငြိမ်းထွေး(အင်းစိန်မဲဆန္ဒနယ်)-မေးခွန်း

2026-07-27
တတိယအကြိမ်
နေပြည်တော်ကောင်စီ
Q&A Image
မေးခွန်း
မေးခွန်း

ဦးငြိမ်းထွေး(အင်းစိန်မဲဆန္ဒနယ်)

အင်းစိန်မြို့နယ်၊ ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ၂၀၂၇-၂၀၂၈  ဘဏ္ဍာရေးနှစ်တွင် မည်သို့စီမံဆောင်ရွက်မည်နှင့် အခြားနည်းဖြင့် ဆောင်ရွက်သွားမည့်အစီအမံရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 အင်းစိန်မြို့နယ်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများနှင့်တွေ့သည့်အခါ ပြည်သူများ၏ တင်ပြချက် အဓိကနှစ်ခုကိုတွေ့ရပါကြောင်း၊ ပထမဦးစားပေး()အနေဖြင့် အင်းစိန်မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့၏အဓိကချောင်းကြီးများဖြစ်သည့် မင်္ဂလာဒုံချောင်း၊ ကန်ကြီးချောင်း၊ မကျည်းပင်ရိုးချောင်း၊ ပေါက်တောချောင်း၊ ဦးပေါ်ဦးရိုးချောင်းစသည့် ချောင်းကြီး ၁၁ ချောင်းကို ရေစီးရေလာကောင်းမွန်ပြီး လှိုင်မြစ်အတွင်းသို့ ရေများလျင်မြန်စွာ စီးဆင်းနိုင်ရေး အတွက် စနစ်တကျ မြေထိန်းနံရံများပြုလုပ်ပြီး စနစ်တကျရေမြောင်းများ ပြုလုပ်ဆောင်ရွက်ပေးရန် အချက် နှင့် ဒုတိယအချက်အနေဖြင့် အင်းစိန်မြို့နယ်ရှိ အဓိကလမ်းမကြီးများဖြစ်ကြသည့် အင်းစိန် လမ်းမကြီး၊ အထက်ဗဟိုလမ်းမကြီး၊ ဒညင်းကုန်း၊ အောက်မင်္ဂလာဒုံလမ်းမကြီးတို့တွင် ညအချိန် မီးလင်းရေးနှင့်မြို့နယ်အတွင်းရှိဟောင်းနွမ်းဆွေးမြည့်နေသည့်အန္တရာယ်ရှိမီးကြိုးများကိုအစားထိုး

ဆောင်ရွက်ပေးရေးတို့ ဖြစ်ပါကြောင်း၊ အင်းစိန်မြို့နယ်တွင် လူဦးရေပေါင်း ၂၃၃,၉၅၇ ဦးနေထိုင်ပြီး ဧရိယာ အားဖြင့် ၁၃.၅၂ ဧက ကျယ်ဝန်းပါကြောင်း၊ ပျမ်းမျှအားဖြင့် ၅ နှစ် အတွင်းမိုးရေချိန်လက်မ၁၀၀ ကျော် ရွာသွန်းသော်လည်း ၂၀၂၅ ခုနှစ်တွင် ထူးကဲစွာဖြင့် မိုးရေချိန်လက်မ ၂၁၂.၁၅ အထိ ရွာသွန်းခဲ့ သည့်အတွက်ကြောင့် ၎င်းနှစ်များတွင် ဆိုးရွားသည့်ရေဘေး အန္တရာယ်ကို ကြုံတွေ့ခဲ့ ရတာဖြစ်ပါကြောင်း၊ အင်ဂျင်နီယာဌာန၊ ရေစီးရေလာဌာနခွဲမှ လည်း အင်းစိန်မြို့နယ်တွင် ရေစီးရေလာ ကောင်းမွန် စေရေးအတွက် ၂၀၁၉ ခုနှစ်မှ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အထိ ၂ ပေပတ်လည်၊ ၃ ပေ ပတ်လည်၊ ၄ ပေပတ်လည်၊ ၅ ပေပတ်လည် အုတ်ရေမြောင်းများကိုလည်း လုပ်ကိုင်ပေးလျက် ရှိပါကြောင်း၊ သို့သော် လက်ရှိအခြေအနေတွင် ရေကြီးစေနိုင်သည့် အဓိက နေရာကြီးများဖြစ်သည့် အထူးသဖြင့် ပြည်လမ်း၊ စော်ဘွားကြီးကုန်း(ပွဲရုံဝင်းရှေ့)၊ လမ်းသစ်လမ်း၊ ရှမ်းကိုးလမ်းနှင့် အင်းစိန် ဘူတာရုံလမ်း၊ အောက်မင်္ဂလာဒုံလမ်း(GTI ကျောင်းရှေ့)၊ အောက်မင်္ဂလာဒုံလမ်း၊ ကန်းဦးကျောင်း လမ်း နှင့် အ..က(၂၃)ကျောင်းကြား အောက်မင်္ဂလာဒုံလမ်း၊ အုပ်ချုပ်ရေးမှူးရုံး နှင့် အ..က(ကျောင်းရှေ့တို့တွင် ထူးကဲစွာဖြင့် နှစ်စဉ်နှစ်တိုင်းရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရသဖြင့်ချောင်းပိတ် ဆို့မှုနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက်ကို ရေစီးရေလာဌာနမှ နှစ်အလိုက်ဆောင်ရွက်ထားရှိ ခြင်း၊ ရပ်ကွက်လူထုမှလည်း ပူးပေါင်းပါဝင်၍ ရေမြောင်းများအား တိမ်ကော်မှုမရှိစေရေး ဆောင်ရွက် ထား သော်လည်း ရေကြီးရေလျှံမှုများ နှစ်စဉ်ဖြစ်ပေါ်နေပါသဖြင့် ပိုမိုကောင်းမွန်သည့် အစီအမံ များ ချမှတ်နိုင်ရေးကို၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေမည်မျှဖြင့် ဆောင်ရွက်ပေးပြီး၊ ၂၀၂၇-၂၈ လာမည့် ဘဏ္ဍာနှစ်တွင်လည်း ပိုမိုကောင်း မွန်သည့် အစီအမံများ မည်သို့ချမှတ်ပြီး ဆောင်ရွက် သွားမည်ဆိုသည့် ရေရှည်စီမံချက်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

နေပြည်တော်ကောင်စီ၊ ကောင်စီဝင်၊ ဦးဝင်းမိုးခိုင် က

အင်းစိန်မြို့နယ်ရှိ ရပ်ကွက်(၂၁)ရပ်ကွက်တွင် မိုးရာသီနှင့် ချိန်ခါမဟုတ် မိုးရွာသွန်းချိန် များ တွင် နှစ်စဉ်ရေကြီးရေလျှံ၊ ရေနစ်မြှုပ်မှုများရှိနေသဖြင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်ကို ၂၀၂၇-၂၈ ဘဏ္ဍာနှစ်တွင် မည်သို့စီမံဆောင်ရွက်မည်နှင့် တခြားနည်း ဖြင့် ဆောင်ရွက်သွားမည့်အစီအမံများရှိ /မရှိ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် အင်းစိန်မြို့နယ် အတွင်း ရေစီး ရေလာကောင်းမွန်စေရေး ရက် ၁၀၀ စီမံချက်ဖြင့် ကသွယ်ချောင်း အကျဉ်းဦးစီးဝင်း အတွင်းနှင့် CID ဝင်းအတွင်း၊ ပေါက်တောချောင်း၊ အောင်သိဒ္ဓိချောင်း၊ ရိုးကြီးချောင်း၊ မဟာသုခိတာလမ်း၊ သီရိမင်္ဂလာလမ်း၊ ပြည်လမ်း၊ လမ်းသစ်လမ်းနှင့် အောက်မင်္ဂလာဒုံလမ်းများအား စက်ယန္တရားများနှင့် လုပ်သားအင်အားများအသုံးပြု၍ ရှင်းလင်းပေးလျက်ရှိပြီး ရွာမချောင်း၊ ကန်ဦးရိုးချောင်းနှင့် ရိုးကြီး ချောင်းများကိုလည်း ရှင်းလင်းထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် အောက်မင်္ဂလာဒုံလမ်း၊ ဒညင်းကုန်း လမ်းဆုံနှင့် ကန်ဦးရိုးချောင်းကြားတွင် ကျပ် ၂၅၄.၄၇၉ သန်းဖြင့် အုတ်ရေမြောင်း ၁,၁၃၀ ပေနှင့် Box Culvert ၂ လုံး၊ ပုလဲလမ်း၊ ရွာမ CNG Gas ဆိုင်နှင့် မကျည်းပင်ရိုးချောင်းကြားတွင် ကျပ် ၂၁၈.၃၂၂ သန်းဖြင့် အုတ်ရေမြောင်း ၈၉၅ ပေနှင့် Box Culvert ၂ လုံး၊ သီရိမင်္ဂလာလမ်း၊ မြို့တော် ဂေါက်ကွင်းနှင့် သီရိမင်္ဂလာ(၁၁)လမ်းကြားတွင် ကျပ် ၂၃၀.၄၈၇ သန်းဖြင့် အုတ်ရေမြောင်း ၁,၅ဝဝ ပေနှင့် Box Culvert ၃ လုံး စုစုပေါင်း အုတ်ရေမြောင်းအရှည် ၃,၅၂၅ ပေနှင့် Box Culvert ၇ လုံးတည်ဆောက်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးထားပြီးဖြစ်ပါကြောင်း။

၂၀၂၇-၂၈ ဘဏ္ဍာနှစ်တွင်လည်း အင်းစိန်မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး အတွက် ချောင်းကြီး၊ မြောင်းကြီးများနှင့် ရေမြောင်းများတူးဖော်ရှင်းလင်းခြင်းများအပြင် ရေစီး ရေလာအတွက် အခြေခံအဆောက်အအုံများဖြစ်သည့် အုတ်ရေမြောင်း၊ Box Culvert နှင့် မြေထိန်း နံရံများပြုလုပ်ပေးခြင်းများကိုလည်း ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မှာမူတည်ပြီး လျာထားဆောင်ရွက် ပေးသွားမည်ဖြစ်ပါပြီး တခြားနည်းလမ်းအနေဖြင့် မြို့နယ်အတွင်းရှိရေမြောင်းများနှင့် Box Culvert များတွင် ရေစီးရေလာပိတ်ဆို့မှုများအား ရှင်းလင်းခြင်း၊ ပျက်စီးမှုရှိနေသောရေမြောင်းများအား ပြုပြင်ခြင်း၊ အနည်ထိုင်ကန်များမှာ ရှိနေသည့်နုန်းများကို ဆယ်ယူရှင်းလင်းခြင်းနှင့် ရေတံခါးများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။