နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့်် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြည်သူ့လွှတ်တော် လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း နိုင်ငံတကာခေါင်းဆောင်မှုကောလိပ် (ILC) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(စ)-ဦးနိုင်ဝင်း(ဓနုဖြူမဲဆန္ဒနယ်)-မေးခွန်း

2026-07-27
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးနိုင်ဝင်း(ဓနုဖြူမဲဆန္ဒနယ်)

ဓနုဖြူမြို့နယ်ရှိ ဆကာကြီးကျေးရွာမှ သဲဖြူကျေးရွာ မဲဇလီတံတားထိပ်ထိ ကွန်ကရစ်လမ်းပိုင်း အားအဆင့်မြှင့်တင်ပေးနိုင်ခြင်း အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် ဧရာဝတီမြစ်ကြီး၏ အရှေ့ဘက်အခြမ်း၊ ဆကာကြီးကျေးရွာနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် အဖျောက်မြို့ တို့ကို ကွန်ကရစ် လမ်းဖြင့် ဆက်သွယ်သွားလာခဲ့ရာ ၁၆ နှစ်ခန့်ရှိပြီဖြစ်ပါကြောင်း၊ ဆကာကြီး ကျေးရွာနှင့် အဖျောက်မြို့တို့သည့်၇ မိုင်၊ ၃ ဖာလုံသာကွာဝေးပါကြောင်း၊ အဖျောက်မြို့မှတစ်ဆင့် တိုက်ကြီး မြို့နယ်၊ တိုက်ကြီးမြို့မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဒေသခံပြည်သူများသည် ဒေသ ထွက်ကုန် ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူခြင်း၊ ဒေသတွင်း သို့ လူသုံး အိမ်သုံးကုန်စည်များ၊ ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရာမှာ ယခင်နှစ်များက များစွာအဆင်ပြေချောမွေ့ခဲ့ပါကြောင်း။ 

ယခုအခါ အဆိုပါတိုင်းဒေသကြီးနှစ်ခုဆက်သွယ်သည့် ကွန်ကရစ်လမ်းပိုင်း ၃ မိုင်ခန့် ပျက်စီးနေပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးဘက်ကလမ်းပိုင်းက ကောင်းမွန်ချောမွေ့နေသော် လည်း ဧရာဝတီတိုင်းဒေသကြီးဘက်ကလမ်းပိုင်းသည်  ၃မိုင်ခန့်ပျက်စီးယိုယွင်းနေပါကြောင်း၊ လက်ရှိအခြေအနေအရ ဓနုဖြူမြို့နယ် ဆကာကြီး တိုက်နယ်ရှိ ကျေးရွာ ၁၂ အုပ်စု၊ ရွာခွဲပေါင်း ၇၀ ရွာ၊ လူဦးရေ ၁၈၄၃၀ ယောက်တို့၏ မျှော်လင့်ချက် ဆန္ဒသည် ၎င်းဆကာကြီး-ဖျောက်လမ်းအပိုင်း ကောင်းမွန်ရေးသည် ပထမ၊ ဆကာကြီး-အဖျောက် လမ်းပိုင်းကောင်းမွန်ရေး သည် ပဓာန၊ ဆကာကြီး အဖျောက်လမ်းကောင်းမွန်ရေးသည် အဓိက ဖြစ်နေကြောင်း ကွင်းဆင်း သည့်အခါ သိရှိလာခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ဓနုဖြူမြို့နယ်ရှိ ဆကာကြီးကျေးရွာမှ သဲဖြူ ကျေးရွာ မဲဇလီ တံတားထိပ် အထိ ကျန်ရှိနေသည့် အရှည် ၃ မိုင်ကွန်ကရစ်အား အဆင့်မြှင့်တင် ဆောင်ရွက်ပေး မည့် အစီအစဉ်ကို သိရှိလိုပါကြောင်း ဖြင့်မေးမြန်းပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က

ဓနုဖြူမြို့နယ်၊ ဆကာကြီးကျေးရွာ၊ သဲဖြူကျေးရွာမှနေပြီး မဲဇလီတံတားထိ လမ်းပိုင်း သည် တိုင်းဒေသကြီးမှ စီမံခန့်ခွဲသည့်  ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနပိုင် Class B အဆင့်ရှိသည့်လမ်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဆကာကြီးမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး၊ အဖျောက်မြို့ကို တိုက်ရိုက်ဆက်သွယ်ထားသည့် တိုင်းချင်းဆက် ဆက်သွယ်သည့် ကျေးရွာချင်း ဆက်လမ်း လည်း ဖြစ်ပါကြောင်း။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကုန်ထိ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှနေပြီး လမ်း အရှည် ၄ မိုင်ကို ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ရာ ယခုအခါမှာဆိုလျှင် နှစ်ကာလကြာမြင့်သည့် အတွက်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊  ဆကာကြီးကျေးရွာမှ နေပြီး မဲဇလီ တံတားထိပ်ထိ ၄ မိုင်တွင် ဆကာကြီးကနေပြီး အင်းတာကလေးလမ်းပိုင်း  ၁ မိုင်သာ ကောင်းပြီး ကျန်လမ်းပိုင်း ၃ မိုင်ပျက်စီးလျက်ရှိပါကြောင်း၊ အင်းတာကလေးမှ အင်းတာကြီး ကွန်ကရစ် လမ်းခင်းခြင်း ၂ ဖာလုံကို ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်လမ်းပိုင်းဖြစ်သည့် ၂ မိုင်၊ ၆ ဖာလုံကို သွားလာမှု အဆင်ပြေ စေရန်အတွက် လမ်းအပိုင်းလိုက်သဲကျောက်ခင်းခြင်းကို ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းငွေကျပ် ၆၉ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ ၂၀၂၆-၂၇ ဘဏ္ဍာနှစ် ပြင်ဆင်ထိန်းသိမ်း ခြင်း ရန်ပုံငွေ အကန့်အသတ်ဘောင် အတွင်းမှလည်းကောင်း၊ ထပ်မံလိုအပ်ပါက ကျန်လမ်းပိုင်း များကို ၂၀၂၇-၂၈ ဘဏ္ဍာနှစ် တွင် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းမှလည်းကောင်း ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။