နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့်် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြည်သူ့လွှတ်တော် လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း နိုင်ငံတကာခေါင်းဆောင်မှုကောလိပ် (ILC) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(ဆ)- ဦးလှခိုင်(ဇလွန်မဲဆန္ဒနယ်)-မေးခွန်း

2026-07-27
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးလှခိုင်(ဇလွန်မဲဆန္ဒနယ်)

ဇလွန်မြို့နယ်၊ ထုံးတပို-ရေလဲ-မြစ်ဝ-ရေတွင်းကုန်း-အထွဋ်လမ်းအား ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေး နှစ်တွင် ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်နိုင်ခြင်းအစီအစဉ်ရှိ မရှိသိရှိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

မိမိအနေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဇလွန်မြို့နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ဆောင်ရွက်လျက်ရှိသော ဆောင်ရွက်ဆဲ၊ စီမံဆဲလုပ်ငန်းများ၊ ပြည်ထောင်စုဘတ်ဂျက်တွင် ပါရှိသည့် ထုံးတပို-ရေလဲ-မြစ်ဝ-ရေတွင်းကုန်း-အထွဋ်လမ်း ၁၁ မိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မှစတင်ကာ မြေသားလမ်းဖောက်လုပ်ခဲ့ပြီး ရာသီမရွေးသွား လာနိုင်မည့် အမာခံလမ်းဖြစ်ရေး အတွက် ၂၀၃၆-၂၀၃၇  ဘဏ္ဍာရေးနှစ်အထိ ဘတ်ဂျက်လျာထား ရေးဆွဲထားသည်ကို လေ့လာသိရှိ ရပါကြောင်း၊ အဆိုပါလမ်းသည် ဧရာဝတီမြစ်(အရှေ့ဘက်ကမ်းဒေသ ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် လမ်းဖြစ်နေပါသဖြင့် ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ် အတွင်း ပြီးစီးနိုင်ရေးအတွက် ပြည်ထောင်စုဘတ်ဂျက် ပြန်လည် လျာထားရေးဆွဲ၍ ဆောင်ရွက်ပေး နိုင်ခြင်းရှိ မရှိ ၊

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန် မြို့နယ်တွင် တိုက်နယ် ၈ ခုဖြင့် ဖွဲ့စည်းထားရာ ဧရာဝတီမြစ် (အရှေ့ဘက်)ကမ်းဒေသကြီးတွင်တိုက်နယ် ၂ ခုနှင့် ကျေးရွာအုပ်စုကြီး ၁၂ ခု တည်ရှိပါကြောင်း၊ အဆိုပါကျေးရွာများသည် ကုန်စည်နှင့် ခရီးသည်သယ်ယူ ပို့ဆောင်ရေးအတွက် ဧရာဝတီမြစ်အား ဖြတ်၍ အဆင့်ဆင့်သွားလာနေရသဖြင့် သွားလာမှုခက်ခဲခြင်း၊ ကုန်စည်ပို့ဆောင်ရးအတွက် သယ်ယူ ခများ ပိုမိုကျခံရခြင်း၊ ခရီးကြန့်ကြာခြင်းအစရှိသည့် ဒုက္ခများ နှစ်ပေါင်းများစွာ နေ့စဉ်ကြုံတွေ့ နေခဲ့ကြရပါကြောင်း၊ ထိုသို့ နှစ်ပေါင်းများစွာ ကြုံတွေ့နေရသည့်အတွက် အဆိုပါ ဒေသများသည် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးနောက်ကျကျန်ခဲ့ရသည့်ဒေသများဖြစ်ပါ ကြောင်း၊ ယခုမိမိတင်ပြခဲ့တဲ့လမ်းသည် ရန်ကုန်တိုင်းဒေသကြီး၊ အဖျောက်မြို့နှင့် ဆက်သွယ်သည့်လမ်း ဖြစ်သည့် အတွက် အချိန်တိုအတွင်း စီးပွားရေးမြို့တော်ဖြစ်သောရန်ကုန်မြို့ကြီးနှင့် ဆက်သွယ် သွားလာ နိုင်မည် ဖြစ်ပါကြောင်း၊ လမ်းအမြန်ပြီးစီးအောင်ဆောင်ရွက်နိုင်ပါက ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ရွာခွဲ ၃၉ ရွာ၊ အိမ်ခြေ ၄,၅၄၀ နှင့် လူဦးရေ ၂၀,၅၇၄ ဦးတို့၏လူမှုစီးပွားဘဝများ အလျင် အမြန် တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါလမ်းစီမံကိန်းအား ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးနိုင်ရေးအတွက် ပြည်ထောင်စု ဘတ်ဂျက်လျာထား၍နှစ်အလိုက် ဆောင်ရွက်ပေး နိုင်ခြင်းရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ထုံးတပို-ရေလဲ-မြစ်ဝ-ရေတွင်းကုန်း-အထွဋ်လမ်း သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်လမ်း ဖြစ်ပြီး ပြည်ထောင်စုမှစီမံခန့်ခွဲသည့် Class(C)အဆင့်ရှိသော လမ်းဖြစ်ပါကြောင်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း လမ်းအရှည် ၁၁ မိုင်အတွင်းတွင်  ပိုင်ကျုံ တံတား ၄၀ ပေ၂၀ ပေနှင့် Box Culvert  ၃ စင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သို့ပါ၍ ကျေးလက် လမ်း ဖွံ့ဖြိုး တိုးတက်ရေးမဟာဗျူဟာအရ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့ပေါင်းစပ်ပြီး ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေနှင့် ကျေးလက်နေ ပြည်သူ လူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုနှုန်းနှင့် လက်ရှိလိုအပ်မှုကိုဦးစားပေး ရွေးချယ်၍ ရာသီမရွေး သွားလာနိုင်သည့်လမ်းအဖြစ် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလမ်း ၁၁ မိုင် အနက် ၂ မိုင်အား မြေနီကျောက်စရစ်လမ်းခင်းခြင်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ခဲ့ပါသည်။