နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်တင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တောင်သူလယ်သမားများဘဝဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ (၂၃-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကျင်းပ
MY EN

(ခ)-ဦးတင်ရွှေ(ရွှေတောင်မဲဆန္ဒနယ်)-မေးခွန်း

2026-07-23
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးတင်ရွှေ(ရွှေတောင်မဲဆန္ဒနယ်)
ရွှေတောင်မြို့နယ်ရှိ ညောင်စာရေး-တရုတ်မှော်-ကွေ့မအထိ လမ်းအပိုင်းအား ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သည် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၅၁ ခု၊ ကျေးရွာ ခွဲပေါင်း ၂၉၇ ရွာဖြင့် ဖွဲ့စည်းထားရှိပြီး မြို့နယ် အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင် ၃၈၃.၉၄ မိုင် ကျယ်ဝန်းပါကြောင်း ပြည်မြို့နယ်၊ သဲကုန်းမြို့နယ်၊ နတ်တလင်းမြို့နယ်၊ မိုးညို မြို့နယ် နှင့် ဧရာဝတီမြစ်ကမ်းတို့နှင့် ထိစပ်နေသည့် မြို့နယ် ဖြစ်ပါကြောင်း၊ ပြည်-ရန်ကုန်ကားလမ်းမပေါ် တွင် ရှိပြီး ရွှေတောင်မြို့၏ အနောက်ဘက်နှင့် တောင်ဘက်ခြမ်းမှာရှိသည့် ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ကျေးရွာပေါင်း ၅၅ ရွာခန့်သည် ရွှေတောင်မြို့နှင့် ၁၅ မိုင်၊ မိုင် ၂၀ ကျော်ခန့်အထိ အလှမ်းဝေးကွာပြီး မြို့ပြနှင့်လမ်းပန်းဆက်သွယ်မှု အလွန်ခက်ခဲ လှပါကြောင်း။ 

          ရွှေတောင်မြို့နှင့် ပြည်-ရန်ကုန်လမ်းမမှတစ်ဆင့် အခြားမြို့ကြီးများသို့ သွားလာနိုင်ရန် ရွှေနတ်တောင်-ညောင်စာရေး-တရုတ်မှော်-ကွေ့မလမ်းပိုင်းအား နေ့စဉ်အသုံး နေရပါကြောင်း၊ အဆိုပါလမ်းကြီးများသည် ခရိုင်ချင်းဆက်သော သံလမ်းကြီးလည်းဖြစ်ပါကြောင်း၊ ၎င်းလမ်း၏ အစိတ်အပိုင်းဖြစ်သည့် ရွှေတောင်မှ ညောင်စာရေး-တိုက်နယ်ထိလမ်းပိုင်းသည် ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းကာလအတွင်း ကတ္တရာလမ်းအဖြစ် သက်ဆိုင်ရာတို့မှ အဆင့်မြှင့်တင်ဆောင်ရွက်ပေးပြီးဖြစ်သော်လည်း ကျန်ရှိ နေသည့် ညောင်စာရေးမှ တရုတ်မှော်-ကွေ့မအထိလမ်းပိုင်းအား ကတ္တရာလမ်းအဖြစ် အဆင့် မြှင့်တင်ဆောင်ရွက်ပေးရန်လိုသော်လည်း ယနေ့အထိ ဆောင်ရွက်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရ ပါကြောင်း။ 

          တရုတ်မှော်တွင် ၂၅ ခုတင်ဆံ့ဆေးရုံ ဆောက်လုပ်ထားပြီး ဆရာဝန် /ဆရာမ ပြည့်စုံစွာထား ရှိပြီးဖြစ်သည့်အတွက် ၎င်းနယ်ပတ်ဝန်းကျင်တွင်ရှိသည့်ကျေးရွာများ အားထားနေရသော်လည်း လမ်းပန်း ဆက်သွယ်ရေးမကောင်းသည့်အတွက်ကြောင့် သွားလာရန်အလွန်ခက်ခဲနေပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်ရှိနေသေးသော ညောင်စာရေး-တရုတ်မှော်-ကွေ့မလမ်းပိုင်းအား ကတ္တရာလမ်း အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ /မရှိသိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမျိုးဇော်သိမ်းက

ရွှေတောင်မြို့နယ်၊ ညောင်စာရေး- တရုတ်မှော်- ကွေ့မလမ်းသည် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော လမ်းပိုင်းဖြစ်ပါကြောင်း၊ ၎င်းလမ်းပိုင်းတွင် ကျောက်ချောလမ်း ၇ ဖာလုံ၊ မြေနီလမ်း ၁ မိုင်၊ မြေသား လမ်း ၉ မိုင်၊ ၃ ဖာလုံ ဖြစ်ပြီး စုစုပေါင်း ၁၁ မိုင်၊ ၂ ဖာလုံ ရှိပါကြောင်း၊ မြေသားလမ်း ၉ မိုင်၊ ၃ ဖာလုံအနက် ၃ မိုင်သည် အကျယ် ၁၆ ပေခန့်နှင့် ကျန်သည့် ၆ မိုင်၊ ၃ ဖာလုံသည် အကျယ် ၇ ပေခန့်သာရှိသည်ကိုစစ်ဆေးတွေ့ရှိရပါကြောင်း၊ ကျန်သည့်မြေနီလမ်း ၁ မိုင်သည် အကျယ် ၁၂ ပေခန့်သာရှိသည့်အတွက်ကြောင့် မြေသားတာဘောင်ချဲ့ခြင်းလုပ်ငန်းကိုလည်း ဦးစွာဆောင်ရွက် ရန်လိုအပ်သည်ကိုတွေ့ရှိရပါကြောင်း ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကျေးလက်လမ်း Strategy အရ ရာသီမရွေးလမ်းအဖြစ်  အဆင့်ဆင့် ဆောင်ရွက်နိုင်ရေးအတွက်ဆောင်ရွက်ရာတွင် မြေသားလမ်းပိုင်းကို မြေသား တာဘောင်ချဲ့ခြင်း နှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကိုယ်စားလှယ်ကြီးမေးမြန်းသွားသည့် မေးခွန်းတွင်ပါသည့်အတိုင်း ကနဦးအနေဖြင့် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးနိုင်သည့်အတွက် ပထမအဆင့်အနေဖြင့် လှေကြီးစုကျေးရွာမှ သရက်တပင်ကျေးရွာ အထိ ၂ မိုင်၊ ၁ ဖာလုံလမ်းပိုင်းကို မြေသားတာ ဘောင်ချဲ့ခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းများကို ၂၀၂၇-၂၈ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။