နောက်ဆုံးရသတင်းများ
မြန်မာလွှတ်တော်ကိုယ်စားလှယ်များ၏ အိန္ဒိယနိုင်ငံ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဥ် တက်ရောက်လေ့လာမှုခရီးစဥ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည်မန္တလေးတိုင်းဒေသကြီးအတွင်းရှိလွှတ်တော်ကိုယ်စားလှယ်များ၊ရေးရာကော်မတီဥက္ကဋ္ဌများ၊အတွင်းရေးမှူးများနှင့်တွေ့ဆုံတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းသားသမီးများအားပညာသင်ထောက်ပံ့ငွေများနှင့်စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ် မြန်မာလွှတ်တော်ကိုယ်စားလှယ်များ အိန္ဒိယပါလီမန်တွင် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ် တက်ရောက်ခြင်း ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း ဦးဆောင်သည့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ သွားရောက် တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း
MY EN

(စ)- ဦးနိုင်မင်းဦး(ကြံခင်းမဲဆန္ဒနယ်)-မေးခွန်း

2026-07-22
တတိယအကြိမ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးနိုင်မင်းဦး(ကြံခင်းမဲဆန္ဒနယ်)

ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တွင် 66/11 KV ဓာတ်အားခွဲရုံတစ်ခုကို မည်သည့်အချိန်တွင် စတင် တည်ဆောက်ပြီး မည်မျှကြာမည်ဖြစ်ကြောင်းနှင့် မည်သည့်အချိန်တွင် လျှပ်စစ်ဓာတ်အားပြည့်ပြည့် ဝဝသုံးရမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ကြံခင်းမြို့နယ်အတွင်းရှိ ဘက်ရဲမြို့တွင် 66/11 KV ဓာတ်အားခွဲရုံတစ်ခု ဆောက်လုပ်ရန် အတွက် မြေဧရိယာ ၃ ဧက ဝယ်ယူထားရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါဓာတ်အားခွဲရုံနဲ့စပ်လျဉ်း၍ မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က

          ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ ၁၀၁ ရွာကို လက်ရှိတွင် မြန်အောင်စက်ရုံရှိ ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ထရန်စဖော်မာနှစ်လုံး ထိုင်ရှိထားသည့် ဓာတ်အားခွဲရုံနှင့် ကြံခင်းဖီဒါမှ ၁၁ ကေဗွီလိုင်း ၂၅.၈ မိုင်နှင့် လိုင်းမိုင်ရှည်လျားစွာ ဓာတ်အားပေး ထားရသည့်အတွက် ဗို့အားကျဆင်းမှုများ ဖြစ်ပေါ်နေသည့်အပြင် ကျေးရွာ ၆၀ ရွာမှလည်း ထပ်မံတိုးချဲ့ ဓာတ်အားပေးရန် ကျန်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဘက်ရဲမြို့ နှင့် အနီးဝန်းကျင်ကျေးရွာများကို ဗို့အားပြည့်ဝစွာ ဓာတ်အားပေးနိုင်ရေးအတွက် ကျန်ရှိနေသည့် ပတ်ဝန်းကျင်ကျေးရွာ ၆၀ ရွာကိုလည်း ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၆၆ ကေဗွီ ဥသျှစ်ပင်-မြန်အောင်ဓာတ်အားလိုင်းမှ ၆၆ ကေဗွီ အဝင်/အထွက် ၂ ထပ်ဓာတ်အားလိုင်း ၁.၅ မိုင်နှင့် ဘက်ရဲမြို့တွင် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှစတင်၍ ဓာတ်အားခွဲရုံပစ္စည်းများဝယ်ယူခြင်းကို ဆောင်ရွက်ထားရှိပြီးဖြစ်၍ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ၆၆ ကေဗွီ အဝင်/အထွက် ၂ ထပ် ဓာတ်အားလိုင်း ၁.၅ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၁၀ အပ်ဗွီအေဓာတ်အားခွဲရုံ တည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါသဖြင့် ၆၆ ကေဗွီ ဘက်ရဲဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးပါက ဘက်ရဲမြို့နှင့်အနီးဝန်းကျင်ကျေးရွာများအား မြန်အောင်စက်ရုံရှိ ၆၆ ကေဗွီဓာတ်အားခွဲရုံမှ ဓာတ်အား ပေးခြင်းမပြုတော့ဘဲ ၆၆ ကေဗွီ ဘက်ရဲဓာတ်အားခွဲရုံမှ ဓာတ်အားကို ဗို့အားပြည့်ဝနိုင်နင်းစွာဖြင့် ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။