နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့်် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြည်သူ့လွှတ်တော် လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း နိုင်ငံတကာခေါင်းဆောင်မှုကောလိပ် (ILC) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(ည)- ဦးတင်ရွှေ (ရွှေတောင်မဲဆန္ဒနယ်)-မေးခွန်း

2026-07-22
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးတင်ရွှေ (ရွှေတောင်မဲဆန္ဒနယ်)

ရွှေတောင်မြို့နှင့် တစ်ဆက်တည်းရှိသော ကျေးရွာများအား ရပ်ကွက်များအဖြစ် တိုးချဲ့ဖွဲ့စည်း ပေးရန် အစီအစဉ်ရှိမရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

        ရွှေတောင်မြို့နယ်သည် နယ်မြေဧရိယာကျယ်ဝန်းသော်လည်း မြို့ပြဧရိယာတွင် ရပ်ကွက် ၃ ခု မျှသာရှိသဖြင့်  ရပ်ကွက်ဖွဲ့စည်းမှုနည်းပါးနေသေးသည့်အတွက်မြို့ပြဧရိယာနှင့်ဆက်စပ်နေ သော မင်းတဲကျွန်းကျေးရွာအုပ်စု၊ဆည်ကြီးကုန်းကျေးရွာအုပ်စုနှင့်ကျေးရွာများ၊ဆက်စပ်ကျေးရွာ များ၊ ချည်မျှင်နှင့်အထည်စက်ရုံနယ်မြေရှိ စံပြရပ်ကွက်နှင့် အောင်မြေသာရပ်ကွက်၊ ကသစ် တိုင်း ကျေးရွာအုပ်စုရှိ ဆက်စပ်ကျေးရွာများ၊ တောင်လုံးညိုရွာ၊ နွားမယံကျေးရွာအုပ်စုရှိ နွားမယံ ရွာနှင့်ဆက်စပ်ကျေးရွာများ၊ကြို့ကုန်းကျေးရွာအုပ်စုရှိကြို့ကုန်းကျေးရွာနှင့်ဆက်စပ်ကျေးရွာများ၊ရွှေနတ်တောင်ဘုရားသွားရာလမ်းတစ်လျှောက်ကျေးရွာများစသဖြင့်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာ များ အားရွှေတောင်မြို့၏ ရပ်ကွက်သစ်များအဖြစ် တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုပါကြောင်း။

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်သည်ရပ်ကွက်ကြီး ၃ ခုနှင့်ကျေးရွာ အုပ်စု၄၈ အုပ်စု၊ ကျေးရွာခွဲပေါင်း ၂၉၇ ရွာဖြင့် ဖွဲ့စည်းထားရှိပါကြောင်း၊ မြို့နယ်အကျယ် အဝန်း မှာဧရိယာစတုရန်းမိုင် ၂၈၃.၉၄ မိုင်ကျယ်ဝန်းသော်လည်း မြို့ပေါ် ၃ ရပ်ကွက်ဧရိယာ အကျယ်အဝန်းမှာ ၀.၉၈၈ စတုရန်းမိုင်မျှသာ ရှိသဖြင့် မြို့ဧရိယာအကျယ်အဝန်းမှာလွန်စွာ နည်းပါး ကျဉ်းမြောင်းလှပြီးမြို့ပြအင်္ဂါရပ်နှင့်လည်း မညီမျှဖြစ်နေသည်ကိုတွေ့ရှိရပါကြောင်း၊ မြို့ပြနှင့် ထိစပ်နေသောဒေသနေပြည်သူများ၏ နေထိုင်မှု လူမှုဘဝပုံစံနှင့် ဘဝရပ်တည်မှုပုံစံများ ပိုမိုမြင့်မားအဆင်ပြေတိုးတက်လာစေရန် အထူးလိုအပ်လျက် ရှိလှပကြောင်း။

         သို့ဖြစ်ပါ၍ မြို့ပြနှင့်တစ်ဆက်တစ်စပ်တည်းရှိနေသော မင်းတဲကျွန်းအုပ်စု၊ မင်းတဲကျွန်း ရွာနှင့် စစ်ကိုင်းကျွန်းရွာ၊ ဆယ်ကြီးကုန်းအုပ်စု၊ ဖိုးခေါင်ရွာ၊ ညောင်ဝိုင်းရွာနှင့် ချည်မျှင်နှင့်အထည် စက်ရုံနယ်မြေရှိ စံပြရပ်ကွက်၊ အောင်မြေသာရပ်ကွက်၊ ကသစ်တိုင်းအုပ်စုအတွင်းရှိ တောင်လုံး ညိုရွာနှင့်ပတ်ဝန်းကျင်ကျေးရွာငယ်များ၊နွားမယံအုပ်စုအတွင်းရှိ နွားမယံရွာနှင့် ပတ်ဝန်းကျင် ကျေးရွာငယ်များ၊ ဘယ်လက်ရွာ၊ ဖိုးသိန်းတန်ရွာ၊ ကြို့ကုန်းကျေးရွာအတွင်းရှိ ကြို့ကုန်းရွာ၊ ဒေါင်းစွန်ရွာ၊ ရွာမရွာ၊ နတ်ရေကန်ရွာ၊ သပြေလှရွာနှင့်ဆက်စပ်ရွာမျာ ရွှေတောင်မြို့ တဲကုန်းရပ်မှ ရွှေနတ်တောင်ဘုရားသို့သွားရာလမ်းတစ်လျှောက်ရှိ ကျေးရွာငယ်များစသဖြင့် မြို့အနီး ပတ်ဝန်း ကျင်ရှိကျေးရွာငယ်များအား ရွှေတောင်မြို့၏ စည်ပင်သာယာနယ်နိမိတ်အဖြစ် သတ်မှတ်၍ မြို့ပြ ရပ်ကွက်များအဖြစ် တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ပေးနိုင်မည်ဆိုပါကမြို့မူလ၃ ရပ်ကွက် အပြင် နောက်ထပ်တိုးလာနိုင်သောရပ်ကွက်များနှင့်ဆိုလျှင်စုစုပေါင်း၈ရပ်ကွက်ခန့်ရှိလာနိုင်ပါကြောင်း၊ သို့မှသာ မြို့အတွင်းတိုးပွားလာသော အိမ်ထောင်စုအသစ်များနှင့် ရွှေ့ပြောင်း ရောက်ရှိ လာကြ သည့်အိမ်ထောင်စုအသစ်များအတွက်လည်း တိုးချဲ့ရပ်ကွက်များမှာ အဆင်ပြေစွာ ရပ်တည် လာနိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိအနေအထားဖြင့် တိုးပွားလာသော လူဦးရေနှင့် ရောက်ရှိ လာ သော အိမ်ထောင်စုအသစ်များအတွက် နေရာကျပ်တည်းနေပြီး မြို့ပြမှာ လူနေ ထူထပ်ပြီး နေရာ မရှိ ဖြစ်နေပါကြောင်း။

        မြို့ပြအကျယ်အဝန်းလည်း တိုးချဲ့ပေးမယ်ဆိုလျှင် မြို့ပြအကျယ်အဝန်းကလည်း  အချိုးညီ စွာရှိလာပြီး လူနေမှုဘဝပုံစံပြောင်းလဲတိုးတက်လာမည်မှာအမှန်ဖြစ်ပါကြောင်း၊ သို့မှသာ မြို့ပြ နယ်မြေတောင့်တင်းခိုင်မာကာအရှေ့၊အနောက်၊တောင်နှင့်မြောက်ဧရိယာကျယ်ဝန်းပြီးနယ်မြေ လုပ်သားရှားပါးမှုပြဿနာများကို ဖြေရှင်းနိုင်ရုံသာမက နယ်မြေမှာဖြစ်ပေါ်နေသည့် အလုပ် အကိုင်အခွင့်အလမ်းများလည်း တစ်ဖက်တစ်လမ်းမှ ဖန်တီးပေါ်ပေါက်လာဖွယ်ရာများစွာ ရှိလာ မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့နှင့်တစ်ဆက်တစ်စပ်တည်းရှိနေသော အထက်ဖော်ပြပါ ကျေးရွာများအား မြို့ပြ၊ ရပ်ကွက်သစ်များအဖြစ် နိုင်ငံတော်မှပြဋ္ဌာန်းထားသည့်ကျေးရွာအက် ဥပဒေ၊ မြို့များအက်ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လယ်ယာမြေ ဥပဒေ၊ ဆည်မြောင်း ဝန်ကြီး ဌာနနှင့်သမဝါယမဝန်ကြီးဌာန၊ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနတို့၏ ဥပဒေများ၊ ထပ်မံ၍ ဆိုင်ရာ ဥပဒေများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီးမှ တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ မရှိနှင့် ရှိပါကမည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါ ကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနနှင့်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပေါင်းစပ်ဖြေကြားချက်များကို ပေါင်း စပ်ပြီးဖြေကြားသွားမည်ဖြစ်ပါကြောင်း။

ရွှေတောင်မြို့နယ်သည် ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်တွင်ပါဝင်ပြီး သရက်တော ရပ်ကွက်၊ ကြာနီကန်ရပ်ကွက်နှင့် ယွန်းတန်းရပ်ကွက်အစရှိသော ရပ်ကွက် ၃ ရပ်ကွက်အပြင် ကျေးရွာ အုပ်စု ၄၈ အုပ်စု၊ ကျေးရွာ ၂၉၇ ရွာဖြင့် ဖွဲ့စည်းထားရှိပါကြောင်း၊ မင်းတဲကျွန်းကျေးရွာ အုပ်စု ရှိ မင်းတဲကျွန်းကျေးရွာတွင် အိမ်ခြေ ၁၄၈ အိမ်၊ အိမ်ထောင်စု ၁၈၀ စု၊ လူဦးရေ ၅၅၃ ဦး ရှိပြီး စစ်ကိုင်းကျွန်းကျေးရွာတွင် အိမ်ခြေ ၁၀၆ အိမ်၊ အိမ်ထောင်စု ၁၃၉ စု၊ လူဦးရေ ၄၈၀ ဦးရှိပြီး ယင်းကျေးရွာတို့သည် ၁၉၉၇ ခုနှစ်က ဧရာဝတီမြစ် ကမ်းပါးပြိုကျခဲ့ပြီး နေထိုင်ရန်အခက်အခဲဖြစ်ပေါ်လာခြင်းကြောင့် ၂၀၀၀ ပြည့်နှစ်တွင် မြို့နှင့်တစ်ဆက်တည်းရှိသည့် ယွန်းတန်းရပ်ကွက် အတွင်းရှိ လယ်မြေ ၁၃.၇၅ ဧကကို မင်းတဲကျွန်းကျေးရွာအဖြစ်လည်းကောင်း၊ လယ်မြေ ၇.၈၆ ဧကကို စစ်ကိုင်းကျွန်းကျေးရွာအားလည်းကောင်း၊ စုစုပေါင်းလယ်မြေ၂၁.၆၁ ဧကအား ပြောင်း ရွှေ့ နေရာချထားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ၂၁.၆၁ ဧကသည် ရပ်ကွက် အတွင်းတည်ရှိပြီး ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ၃၀ပုဒ်မခွဲ (က)နှင့်အညီ လယ်မြေကို အခြားနည်းဖြင့် အသုံးပြု နိုင်ရန်အတွက် ခွင့်ပြုမိန့် ရရှိရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

ဆည်ကြီးကုန်းကျေးရွာအုပ်စုရှိ ဖိုးခေါင်ကျေးရွာသည် အိမ်ခြေ ၂၃၆ အိမ်၊ အိမ်ထောင်စု ၂၅၃ စု၊ လူဦးရေ ၁,၀၆၅ ဦးရှိပြီး ကြာနီကန်ရပ်ကွက်နှင့် တစ်ဆက် တစ်စပ်တည်း ရှိသော ရွာမြေ အမျိုးအစားဖြစ်ပါကြောင်း၊ ညောင်ဝိုင်းကျေးရွာသည် အိမ်ခြေ ၂၃၃ အိမ်၊ အိမ်ထောင်စု ၂၃၈ စု၊ လူဦးရေ ၉ဝ၅ ဦးရှိပြီး သရက်တောရပ်ကွက်နှင့် တစ်ဆက်တစ်စပ်တည်းရှိသော ရွာမြေ အမျိုး အစားဖြစ်ပါကြောင်း၊ ယင်းကျေးရွာ ၂ ရွာကို ရပ်ကွက်အဖြစ် တိုးချဲ့ဖွဲ့စည်း လိုလျှင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၅၄နှင့်အညီပဲခူးတိုင်းဒေသကြီးဝန်ကြီး ချုပ်မှ နိုင်ငံတော်သမ္မတထံတင်ပြဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ခွင့်ပြုချက်ရရှိသည့်အခါတွင် မြို့၊ ကျေးရွာတိုးချဲ့ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲ ပြုစု ပြီးမြို့နယ်၊ ခရိုင်၊ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှတစ်ဆင့် တင်ပြပြီး ပြည်ထဲရေး ဝန်ကြီးဌာနကပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့တင်ပြဆောင်ရွက်သွားရမည်ဖြစ်ပါ

ကြောင်း။

စက်မှုဝန်ကြီးဌာန၊အမှတ် (အထည်စက်ရုံ(ရွှေတောင်)သည် သရက်ကုန်းရပ်ကွက်၊ ဆည်ကြီး ကုန်းကျေးရွာအုပ်စုနှင့် နွားမယံကျေးရွာအုပ်စုများတွင်တည်ရှိပြီး စက်ရုံနယ်မြေ အတွင်းရှိ စံပြရပ်သည် အိမ်ခြေ ၄၉ဝ အိမ်၊ အိမ်ထောင်စု ၅ဝ၈ စု၊ လူဦးရေ ၁၉၄၁ ဦး ရှိပြီး သရက်ကုန်းရပ်ကွက်အတွင်း ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ အောင်မြေသာရပ်သည် အိမ်ခြေ ၂၃၅ အိမ်၊ အိမ်ထောင်စု ၂၇၃ စု၊ လူဦးရေ ၅၈၂ ဦးရှိပြီး ဆည်ကြီးကုန်းကျေးရွာအုပ်စု၊ ကြက်ဖြူ တောင်ကျေးရွာနှင့် ညောင်ဝိုင်းကျေးရွာအတွင်း ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ စံပြရပ်နှင့် အောင်မြေသာရပ်ကွက်တို့တွင် နေထိုင်သူများသည်လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်ခန့် ကတည်း က အမှတ်(အထည်စက်ရုံမှ ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်း၏မိသားစုဝင်များ အများဆုံး နေထိုင်လျက်ရှိ ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါမြေများသည်စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ဝန်ကြီးဌာနအမှတ် (အထည် စက်ရုံ (ရွှေတောင်)မှ ပိုင်ဆိုင်သည့် မြေဧရိယာ ၆၁၆.၉၃ ဧက အတွင်းတည်ရှိနေပြီး အဆိုပါဝန်ကြီးဌာနကခွင့်ပြုပေးနိုင်ခြင်းမရှိကြောင်းသဘောထားမှတ်ချက် ပြန်ကြားထားသည့် အတွက် ရပ်ကွက်အနေဖြင့်တိုးချဲ့ဆောင်ရွက်၍မရနိုင်သည်ကိုစိစစ်တွေ့ရှိရသည်ကိုတင်ပြအပ်ပါ ကြောင်း။

ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာတွင် အိမ်ခြေ ၂၉၂ အိမ်၊ အိမ်ထောင်စု ၃၂၉ စု၊ လူဦးရေ ၉၄၃ ဦး ရှိပြီး ယင်းကျေးရွာနှင့် မြို့ဧရိယာဖြစ်သည့် ကြာနီကန် ရပ်ကွက် အကြားတွင် ဆည်ကြီးကုန်းကျေးရွာအုပ်စု၊ ဖိုးခေါင်ကျေးရွာ၊သဲခုံ ကျေးရွာနှင့် မင်းရွာကျေးရွာ တို့တည်ရှိ နေခြင်း၊ နွားမယံကျေးရွာအုပ်စုရှိ နွားမယံကျေးရွာတွင်အိမ်ခြေ ၃၃၉ အိမ်၊ အိမ်ထောင်စု ၃၇၆ စု၊ လူဦးရေ ၁,၁၉၉ ဦး၊ ဘယ်လက်ကျေးရွာမှာအိမ်ခြေ ၂၂၁ အိမ်၊ အိမ်ထောင်စု ၂၅၁ စု၊ လူဦးရေ ၁,၀၀၁ ဦး၊ ဖိုးသိန်းတန် ကျေးရွာတွင် အိမ်ခြေ ၈၆ အိမ်၊ အိမ်ထောင်စု ၉၉ စု၊ လူဦးရေ ၄၄၀ ဦးတို့ရှိပြီး ၎င်းကျေးရွာများနှင့် မြို့ဧရိယာဖြစ်သည့်သရက်တော ရပ်ကွက် အကြားတွင် အမှတ်() အထည် စက်ရုံ(ရွှေတောင်ပိုင် မြေဧရိယာ ၆၁၆.၉၃ ဧက တည်ရှိ နေခြင်း၊ရဟန္တာ ၈၀ ဘုန်းကြီးကျောင်း၊ လယ်မြေ ဧရိယာ ၆၀.၀၀ ဧကတို့ တည်ရှိနေခြင်းကြောင့် မြို့မြေနှင့်တစ်ဆက်တစ်စပ်တည်းမရှိသည့်အတွက် မြို့မြေအတွင်းထည့်သွင်းပြီး ရပ်ကွက်အဖြစ် တိုးချဲ့ဆောင်ရွက်၍ မရနိုင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း။

ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာမှာ အိမ်ခြေ ၁၀၀ အိမ်၊ အိမ်ထောင်စု ၁၁၇ စု၊ လူဦးရေ ၄၀၈ ဦး၊ ဒေါင်းစွန်ကျေးရွာတွင် အိမ်ခြေ ၃၇ အိမ်၊ အိမ်ထောင်စု ၃၇ စု၊ လူဦးရေ ၁၈၈ ဦး၊ ရွာမကျေးရွာတွင် အိမ်ခြေ ၇၉ အိမ်၊ အိမ်ထောင်စု ၈၄ စု၊ လူဦးရေ ၃၄၆ ဦး၊ နတ်ရေကန် ကျေးရွာတွင် အိမ်ခြေ ၄၂ အိမ်၊ အိမ်ထောင်စု ၄၂ စု၊ လူဦးရေ ၂ဝ၉ ဦး၊ သပြေလှကျေးရွာတွင်အိမ်ခြေ ၅၃ အိမ်၊ အိမ်ထောင်စု ၅၅ စု၊ လူဦးရေ ၂၆၅ ဦး တို့ရှိပြီး ယင်းကျေးရွာများနှင့် မြို့ဧရိယာ ဖြစ်သည့် ကြာနီကန်ရပ်ကွက်အကြားတွင် လယ်မြေ ၂၁၅ ဧကရှိပြီး မိုးကောင်းသောက်လယ်မြေ များဖြစ်သဖြင့် နွေစပါးအားနှစ်စဉ် လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖြင့် စိုက်ပျိုးလျက်ရှိခြင်း၊ ထိုလယ် မြေ များပေါ်တွင် လူနေအိမ်များ ဆောက်လုပ်နေထိုင်မှုမရှိဘဲ စပါးသီးနှံကိုသာနှစ်စဉ် ရာသီလုံး စိုက်ပျိုးပြီး မြို့မြေနှင့် တစ်ဆက်တစ်စပ်တည်းမရှိသည့်အတွက် မြို့မြေအတွင်းထည့်သွင်း ဖွဲ့စည်းရေး ရပ်ကွက်အဖြစ် တိုးချဲ့ဆောင်ရွက်၍မရနိုင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြထားသော ရွာနှင့်ဒေသ ၁၅ ခုတို့အား ရပ်ကွက်များအဖြစ် ဆောင်ရွက်ပေးနိုင်ရန်အတွက် မင်းတဲကုန်းကျေးရွာနှင့် စစ်ကိုင်းကျွန်းကျေးရွာတို့သည် ရပ်ကွက်အတွင်းရှိလယ်မြေများဖြစ်သည့် အတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့်နည်းဥပဒေများအရ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဖိုးခေါင်ကျေးရွာနှင့် ညောင်ဝိုင်း ကျေးရွာ သည် ကျေးရွာမြေများဖြစ်သည့် အတွက် ရပ်ကွက်အဖြစ် တိုးချဲ့ဖွဲ့စည်းလိုတယ်ဆိုလျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ အရ နိုင်ငံတော်သမ္မတရဲ့ ခွင့်ပြုချက်ရရှိပါကမြို့ရွာပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲ ပြုစု ပြီး မြို့နယ်ခရိုင်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က တင်ပြ လာပါက အထ ွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှတဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့တင်ပြပြီး ပြည်ထဲ ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ရယူပြီး အမိန့် ကြော်ငြာစာထုတ်ပြန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

စံပြရပ်နှင့်အောင်မြေသာရပ်ကွက်တို့သည် စက်မှုနှင့်အသေးစား၊အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ အမှတ်() အထည်စက်ရုံ (ရွှေတောင်စက်ရုံနယ်မြေအတွင်း ကျရောက်လျက်ရှိသည့် အတွက် အဆိုပါဝန်ကြီးဌာနကခွင့်ပြုပေးနိုင်ခြင်း မရှိကြောင်း ပြန်ကြားထားသည့်အတွက် ရပ်ကွက်အဖြစ် တိုးချဲ့ဆောင်ရွက်၍မရပါကြောင်း၊ တောင်လုံးညိုကျေးရွာ၊ နွားမယံကျေးရွာ၊ဖိုးသိန်းတန်ကျေးရွာ၊ ဘယ်လက် ကျေးရွာ၊ ကြို့ကုန်း ကျေးရွာ၊ဒေါင်းစွန်ကျေးရွာ၊ ရွာမကျေးရွာ၊ နတ်ရေကန် ကျေးရွာနှင့် သပြေလှ ကျေးရွာတို့သည် မြို့မြေနှင့်တစ်ဆက်တစ်စပ်တည်းမရှိပါသောကြောင့် ၎င်းတို့အကြားရှိမြေများအား မြို့မြေအဖြစ် ဆောင်ရွက်ပြီးမှသာ ရပ်ကွက်အဖြစ်တိုးချဲ့ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး ဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပေါင်းစပ်ဖြေကြားချက်များအရ ပြန်လည် ဖြေကြား ခဲ့ပါသည်။