နောက်ဆုံးရသတင်းများ
လူမှုကွန်ရက်အသုံးပြုသူတိုင်း သိထားသင့်သည့် ဆိုက်ဘာလုံခြုံရေး တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စီမံကိန်းနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဆောင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ တို့အား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ (၂၀-၇-၂၀၂၆) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
MY EN

(ဆ)- ဒေါ်ဥမ္မာမို့မို့ဇော်(သဲကုန်းမဲဆန္ဒနယ်) -မေးခွန်း

2026-07-20
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်ဥမ္မာမို့မို့ဇော်(သဲကုန်းမဲဆန္ဒနယ်) 

သဲကုန်းမြို့နယ် အင်းမ_ ဆင်မြီးဆွဲကျေးလက်လမ်းမှ ကျန်ရှိသော ၁၄ မိုင်ခန့်အား နှစ်အလိုက် ဆက်လက် ခင်းပေးနိုင်ရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း 

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း နတ်တလင်းခရိုင်၊ သဲကုန်းမဲဆန္ဒနယ်သည် အင်းမ- ဆင်မြီး ဆွဲကျေးလက်လမ်းအလျားမိုင် ၁၆. ၅ မိုင်ရှိပြီး၊ အနံပေ ၃၀ ရှိကာ နတ်တလင်းခရိုင်နှင့် ပြည်ခရိုင်ကို ဆက်သွယ်ပေးထားသောလမ်း တစ်လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား အင်းမမြို့မှ ကတ္တရာခင်း ခြင်း ၂ မိုင်နှင့် ကွန်ကရစ် ၁ မိုင်၊ ၁ ဖာလုံ ခန့်၊ ဆင်မြီးဆွဲမြို့မှ ကတ္တရာလမ်း ၂ မိုင်၊ ၇ ဖာလုံ ကျော် ခင်းထားပေးပြီးဖြစ်ပါကြောင်း၊ ကျောက်ချောလမ်း ၃မိုင်၊ ၆ ဖာလုံနှင့် အမာခံလမ်း ၂ မိုင်၊ ၃ ဖာလုံနှင့် မြေသားလမ်း ၄ မိုင်၊ ၄ ဖာလုံ ရှိပြီး ကျန်ရှိနေသောလမ်းပိုင်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာ လမ်းခင်းပေးနိုင်ရန်အတွက် တင်ပြရခြင်းဖြစ်ပါကြောင်း၊ အင်းမ- ဆင်မြီးဆွဲ ကျေးလက်လမ်းသည်  အင်းမမြို့နှင့် ဆင်မြီးဆွဲမြို့၏ ရပ်ကွက်ကျေးရွာအုပ်စု ၁၂ အုပ်စုနှင့် ကျေးရွာပေါင်း ၂၇ ရွာမှ ကျေးလက်နေပြည်သူများ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး လူမှုရေး၊ ဘာသာရေး၊ သာသနာ ရေးလုပ်ငန်းများအတွက် အားကိုးအားထားပြုရသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ဆင်မြီးဆွဲမှ ပြည်သို့ သွားလာရာတွင်လည်း လွယ်ကူချောမွေ့ပြီး အချိန်တိုအတွင်း သွားလာနိုင်သည့် လမ်းတစ် လမ်းသာဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် မိုးရာသီတွင် ပျက်စီးပြီး ရွံ့ဗွက်များရှိသည့်အတွက်  ကျေးလက်နေပြည်သူများ သွားလာရန် ခက်ခဲပါကြောင်း၊ အဆိုပါ အင်းမ- ဆင်မြီးဆွဲလမ်းသည် အင်းမ၊ တံခွန်တိုင်၊ ကျေးသား၊ တပင်မှော်၊ အင်းမော်ငဲ၊ ဘောတော၊ ကျိုးကုန်း၊ ရွာသာရွာနှင့် ခေတ်သစ်ရတနာ၊ ဆင်မြီးဆွဲဗဟိုရပ်ကွက် အောင်ရတနာနှင့် ကြံတောအုပ်စုများကို ဖြတ်ကျော်၍ ပြည်မြို့သို့ ဆက်သွယ်ထားသည့် လမ်းတစ်ခုဖြစ်ပါကြောင်း၊ လူဦးရေ ၇,၅၆၁ ဦး အားကိုးအားထား ပြုရသည့် လမ်းတစ်လမ်းဖြစ်သည့်အတွက် အဆိုပါလမ်းအား ပြုပြင်ပေးရေး ဆက်လက်ဆောင်ရွက် ပေးရန်လို အပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများ အားကိုးရာဖြစ်သော ဆင်မြီးဆွဲ- အင်းမ လမ်းပိုင်း အား နှစ်အလိုက် ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းများခင်းပေးနိုင်ခြင်း အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က

မေးခွန်းပါလမ်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပြီး စုစုပေါင်း လမ်းအရှည် ၁၆ မိုင်၊ ၆ ဖာလုံရှိပြီး ရန်ကုန်-ပြည်လမ်းပေါ်ရှိ အင်းမမြို့မှ ဆင်မြီးဆွဲရွာတို့ကို ဆက်သွယ်ထားသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် အင်းမ-ဆင်မြီးဆွဲလမ်း၊ မှော်ဇာအဝင် လမ်းတို့နှင့် တစ်ဆက်တည်းဖြစ်ပြီး ၎င်းလမ်းများမှတစ်ဆင့် ပြည်- ပေါက်ခေါင်း- တောင်ငူလမ်းသို့ ချိတ်ဆက်ထားသည့် လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း လက်ရှိလမ်းအခြေအနေသည် ကွန်ကရစ် လမ်း ၁ မိုင်၊ ၁ ဖာလုံ၊ ကတ္တရာလမ်း ၅ မိုင်၊ ကျောက်လမ်း ၃ မိုင်၊ ၆ ဖာလုံ၊ အမာခံလမ်း ၂ မိုင်၊ ၃ ဖာလုံ၊ မြေသားလမ်း ၄ မိုင်၊ ၄ ဖာလုံ၊ စုစုပေါင်း ၁၆ မိုင်၊ ၆ ဖာလုံဖြစ်ပါကြောင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်းတွင် လမ်းမိုင်ပေါင်း ၂၄၃၀ မိုင်ခန့်ရှိပြီး ‌ကျောက်ခဲလမ်း ၂၇၈ မိုင်အမာခံလမ်း ၂၇၁ မိုင်  မြေသားလမ်း ၃၂၄ မိုင်ဖြစ်ပါကြောင်း။

          အဆိုပါလမ်းပိုင်းကို ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပျက်စီးနေမှုအပိုင်းအား လမ်းပြင်ဆင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်း၊ ၂၀၂၇- ၂၀၂၈ ဘဏ္ဍာရေး နှစ်တွင် အဆိုပါလမ်း၏ မြေသားလမ်းပိုင်းများအား ပထမအဆင့်အနေဖြင့် ရာသီမရွေးသွား လာနိုင် သော ကျောက်ခင်းလမ်း ၁ မိုင် ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေတွင် လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသော အမာခံလမ်းနှင့် မြေလမ်းအပိုင်းများအား ကျောက်ခင်းလမ်းအဖြစ် ဆက်လက်ဆောင်ရွက်ပြီးပါက ၁၂ ပေ အကျယ် ကွန်ကရစ်လမ်း သို့မဟုတ်  အဆင့်မြှင့်တင်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် နှစ်အလိုက် လျာထား နိုင်ရေး ဆောင်ရွက်ပြီး ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသည့် အချက်အလက်များနှင့်ပေါင်းစပ်၍ ဖြေကြားခဲ့ပါသည်။