နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ (၁၇-၇-၂၀၂၆) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ကြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(ဃ)-ဒေါက်တာရွှေပြည်စိုး[ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်)-မေးခွန်း

2026-07-17
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါက်တာရွှေပြည်စိုး[ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်

ဒဂုံမြို့သစ်ခရိုင်ကို ခရိုင်ချင်းဆက်လမ်းကတစ်ဆင့် မြို့တော်ပတ်လမ်းတည်ဆောက်ရန်၊ ရန်ကုန်အဝင် အထူးဖွံ့ဖြိုးရေးခရိုင်အဖြစ်သတ်မှတ်၍ စီးပွားရေးမြှင့်တင်ရန်နှင့် အထူးဖွံ့ဖြိုးတိုးတက်လာအောင် မည်သို့စီမံဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒဂုံမြို့သစ်ခရိုင်ဟာ ရန်ကုန်မြို့အဝင် အမှတ်(၂)လမ်းမကြီးပေါ်မှာ တည်ရှိတဲ့ခရိုင်တစ်ခု ဖြစ်ပြီး ဒဂုံမြို့သစ်ခရိုင်ကို တိုင်းဒေသကြီးအစီအမံနှင့် Yangon Gate way Town Project၊ ရန်ကုန် အဝင် စီမံကိန်းချမှတ်အကောင်အထည်ဖော်နိုင်လို့ရနိုင်မည့်အခြေအနေမှာရှိပါကြောင်း ၊ ပြည်ထောင်စုအစိုးရ အစီအမံနှင့် ရန်ကုန်မြို့တော်သာယာလှပရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်မည်ဆိုပါ က ပိုပြီးတော့အထောက်ကူဖြစ်လာမှာဖြစ်ပါကြောင်း ၊  ဒဂုံမြို့သစ်ခရိုင်မှာ ဒဂုံ(မြောက်ပိုင်း) မြို့နယ်၊ (အရှေ့ပိုင်း)မြို့နယ်၊ (တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ဆိုပြီး ၄ နေရာခွဲပြီး မြို့နယ် ၄ ခု သတ်မှတ်ထားပြီး ဒဂုံ(မြောက်ပိုင်း)မြို့နယ်သည် ဖွံ့ဖြိုးမှုအများဆုံးဖြစ်ပြီး ဒဂုံ (ဆိပ်ကမ်း)မြို့နယ်သည် ဖွံဖြိုးမှုရာခိုင်နှုန်းအားဖြင့် အနည်းဆုံးဖြစ်နေတာကိုတွေ့ရှိရပါကြောင်း ၊  ဒဂုံ မြို့သစ်စီမံကိန်းစီမံချက် (Development Project)ကိုဟန်ချက်ညီညီဖွံ့ဖြိုးမှုနှုန်း တစ်ပြေးညီထွန်းကားအောင် အကောင်အထည် ဖော်နိုင်မယ်ဆိုလျှင် Gateway စီမံကိန်းသည် အမှန်တကယ်အရေးကြီးမယ် လို့ယူဆတဲ့ အတွက်ကြောင့် ဒဂုံမြို့သစ်ခရိုင်ကို ရန်ကုန်အဝင် Gateway Town Area သတ်မှတ်ပြီးတော့ ဒဂုံမြို့သစ်အထူးဖွံ့ဖြိုးရေးဇုန်(Smart Project)အနေနဲ့ နိုင်ငံတော်အနေနဲ့ တည်ဆောက်ပေးနိုင်ပါက ရန်ကုန်မြို့တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ ပိုပြီးလျင်လျင်မြန်မြန် ပေါ်ထွန်းလာမှာဖြစ်ပြီး  ရန်ကုန်မြို့တော်ရဲ့စီးပွားရေးကိုလည်း ပို၍ကောင်းမွန်လာစေမှာ ဖြစ်ပါကြောင်း ၊  Gateway တစ်ခုအနေဖြင့် သတ်မှတ်ခဲ့ပါလျှင် (၁) ရန်ကုန်မြို့တော်ပတ်လမ်းတစ်ခုပေါ်ပေါက်လာနိုင်ကာ ဒဂုံမြို့သစ်ခရိုင်ကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးကို ရန်ကုန် မြို့တော်ပတ်လမ်းအနေနဲ့ ပြင်ဆင်တည်ဆောက်မည်ဆိုပါက ပိုပြီးတော့အဆင်ပြေနိုင်မှာဖြစ်ကြောင်း ။  

စီးပွားရေးအထူးဖွံ့ဖြိုးမှုဇုန်တစ်ခု တိုးချဲ့တည်ဆောက်လာနိုင်မည်ဖြစ်ပြီး ဒဂုံမြို့သစ်ခရိုင် အတွင်းမှာရှိတဲ့ စက်မှုဇုန်တွေလည်း ယခုထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်လာကာ အလုပ်အကိုင် အခွင့်အလမ်းနှင့် အလုပ်လက်မဲ့ ပြဿနာကိုလည်း ဖြေရှင်းနိုင်မှာဖြစ်ကြောင်း ၊ ကွန်တိန်နာစခန်းနှင့် ကွန်တိန်နာသီးသန့်လမ်းမတစ်ခု အသုံးပြုနိုင်တဲ့အတွက်ကြောင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုချောမွေ့ လာပြီး လမ်းပိတ်ဆို့မှု၊ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း အထိုက်အလျောက်ကူညီဆောင်ရွက်ပေးနိုင် မှာဖြစ်ပါကြောင်း ၊ ဝန်ထမ်းများအတွက်လည်း ဒဂုံ(ဆိပ်ကမ်း)မြို့နယ်တွင် ဝန်ထမ်းမြေကွက်တွေ ဖော်ဆောင်ပေးနိုင်မယ်ဆိုပါကလည်း မြေဧရိယာတွေ နေရာတော်တော်များများမှာ ကျန်ရှိနေသေးတဲ့အတွက်ကြောင့် တန်ဖိုးသင့်၊ တန်ဖိုးမျှ၊ တန်ဖိုးနည်းအိမ်ရာ၊ တိုက်ခန်းများစွာကို တည်ဆောက်ချထားပေးနိုင်မှာဖြစ်ပြီး စားဝတ်နေရေးအခြေခံလိုအပ်ချက်တစ်ခုကို ဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း ၊ ရန်ကုန်မြို့ရဲ့ဖျော်ဖြေရေး(Music Zone)တစ်ခုကို ဒဂုံမြို့သစ်ခရိုင်အတွင်း Smart Zone အတွင်းမှာ တည်ဆောက်နိုင်မယ်ဆိုလျှင် မြို့တော်ရဲ့စီးပွားရေးနှင့် Tourism Promotion, Tourism Attraction တစ်ခုကိုလည်း ထိန်းညှိဖော်ဆောင်လာပေးနိုင်မှာ ဖြစ်ပါတယ်လို့ ယူဆမိပြီး  သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေနဲ့ ဒဂုံမြို့သစ်ခရိုင်ကို ခရိုင်ချင်းဆက်လမ်းမှတစ်ဆင့် မြို့တော် ရန်ကုန်ပတ်လမ်းမှာတစ်ခု တည်ဆောက်ပြောင်းလဲနိုင်ရန် အစီအစဉ်ရှိ မရှိသိရှိလိုပါကြောင်း ၊  ဒဂုံမြို့သစ်ခရိုင် ရန်ကုန်အဝင် ဖွံ့ဖြိုးရေးဇုန်၊ ဖွံ့ဖြိုးရေးခရိုင်အဖြစ်သတ်မှတ်ပြီး ရန်ကုန်မြို့တော်ရဲ့ စီးပွားရေးကို ဦးတည်မြှင့်တင်ပေးတဲ့အစီအမံ အစီအစဉ်တစ်ခုခုရှိ မရှိကိုလည်း သိရှိလိုပါကြောင်း ၊ မြေဧရိယာကျယ်ဝန်းတဲ့ မြေကွက်၊ မြေလွတ်တွေ ကျန်ရှိပေါများနေသေးတဲ့ ဒဂုံမြို့သစ်ကို အထူးဖွံ့ဖြိုးတိုးတက်လာအောင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ စီစဉ် စီမံဆောင်ရွက်လျက်ရှိနေသည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က

ဒဂုံမြို့သစ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ အမှတ်(၂)လမ်းမကြီးကို ၄၈ ပေ အကျယ် နိုင်လွတ်ကတ္တရာ(AC)ဖြစ်အောင် အဆင့်မြှင့်တင်ပြီး ၎င်းလမ်းမကြီးမှတစ်ဆင့် ရန်ကုန် မြို့တော်အတွင်းပတ်လမ်း(Inner Ring Road)နှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း(Outer Ring Road)(အရှေ့ဘက်ခြမ်း)များသို့ ဆက်သွယ်ချိတ်ဆက်သွားလာနိုင်အောင် Master Plan များ ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ အနာဂတ်ကာလမှာ ဒေသဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်ပြီး အမှတ်(၂) လမ်းမကြီးနှင့်ချိတ်ဆက်သည့် ရန်ကုန်မြို့တော်အတွင်းသို့ ပတ်လမ်းများကိုလည်း မိုးပျံအမြန်လမ်း (Elevated Expressway)များအဖြစ် တည်ဆောက်ရန်လည်း Master Plan များ ရေးဆွဲခဲ့ပြီး နဂိုကတည်းက ဒီမြို့ကြီးကို ဒဂုံမြို့တွင်မကဘဲနဲ့ ရန်ကုန်မြို့ရဲ့ယာဉ်ကြော ပိတ်ဆို့မှုကိုပါ ရှင်းလင်းနိုင်တဲ့ဟာတွေကို Plan တွေရေးဆွဲပြီးဖြစ်ပါကြောင်း ၊ အနာဂတ် ကာလမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်း ချိတ်ဆက်သွားလာ နိုင်ရန် လမ်းမကြီးအသစ်တစ်ခုကိုလည်း အမှတ်(၂)လမ်းမကြီးကနေ တိုက်ရိုက်ဖောက်လုပ်ရန် လျာထားခြင်းဖြစ်ပါကြောင်း ၊  Inner Ring ဆိုတာ အစိမ်းရောင်နဲ့ပြထားတာ ဖြစ်ပါပြီး Outer Ring ဆိုတာ အမည်းရောင်နဲ့ပြထားတာဖြစ်ပါကြောင်း၊  အဲဒီမှာ Ring တွေချိတ်ထားပြီးမှ လမ်းကွန်ရက်က ဆောင်ရွက်ထားပြီး ရန်ကုန်- မန္တလေး အမြန်လမ်းမှတစ်ဆင့် တိုက်ကြီး-ထူးကြီးလမ်းကနေ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အတိုဆုံး နည်းနဲ့သွားသလို အမှတ်(၂)လမ်းမကြီးကနေ လမ်းအသစ်တစ်လမ်း တိုက်ရိုက်အနာဂတ် ဖြစ်ပေါ် လာမယ့် လေဆိပ်ကိုလည်း Gateway အဖြစ် လျာထားပြီးဖြစ်ကြောင်း။

လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားတဲ့ ဒဂုံမြို့သစ်ခရိုင်ဟာလည်း လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုအလားအလာအရ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် ရေးဆွဲခဲ့တဲ့ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း Master Plan မှာ မြို့ပြဗဟိုခွဲ(Sub-Center)အဖြစ် သတ်မှတ်ထားတဲ့ဧရိယာ တစ်ခုဖြစ်ပြီး Sub-Center တစ်ခုဖြစ်ပါကြောင်း ၊ အဓိကကတော့ Sub-Center ဖြစ်တဲ့ ဒဂုံမြို့သစ်ခရိုင်ကို စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခရိုင် အတွင်းရှိလမ်းများ အဆင့်မြှင့်တင်ခြင်း၊ ရေစီး ရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးခြင်း၊ ရေပေးဝေရေးစနစ်များ ဆောင်ရွက်ခြင်း၊ အများပြည်သူများ အပန်းဖြေရန် ပန်းခြံ၊ အားကစား ကွင်းများ ဆောက်လုပ်ပေးခြင်း၊ ဒါ့အပြင် သက်ဆိုင်ရာဝန်ကြီးဌာနကလည်း ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုအဆောက်အဦများ ဖြည့်ဆည်းဆောင်ရွက်ခြင်းများကိုလည်း အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ၊ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကပူးပေါင်း၍ Smart District ဧရိယာအဖြစ် ဧရာဝဏ်ရတနာအထပ်မြင့် အိမ်ရာစီမံကိန်း၊ ပုဏ္ဏမီအိမ်ရာစီမံကိန်း၊ Green City အိမ်ရာစီမံကိန်း၊ ယာဉ်ရပ်နားစခန်း၊ Shopping Complex များ ပါဝင်သည့် Transportation Square စီမံကိန်း၊ Platinum Garden အိမ်ရာစီမံကိန်း၊ ဇုန် D မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကိုလည်း ဆောင်ရွက်လျက်ရှိသလို ပြည်ပရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိတဲ့ Yangon-Amata Smart & Eco City ကိုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လက်ရှိမှာတော့ ယုဇနအိမ်ရာစီမံကိန်း(အပိုင်း ၁ မှ အပိုင်း ၆ အထိ)၊ ရိုးမရိပ်သာအိမ်ရာစီမံကိန်း၊ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းအစရှိတဲ့ တန်ဖိုးသင့်အိမ်ရာစီမံကိန်းများကိုလည်း ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူများ အလုပ်အကိုင်ရရှိ စေမည့် ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ဒဂုံအရှေ့စက်မှုဇုန်၊ ဒဂုံတောင်စက်မှုဇုန်(အပိုင်း ၁၊ ၂)၊ ဒဂုံဆိပ်ကမ်း ကျီစုစက်မှုဇုန်(အပိုင်း ၁၊ ၂)တို့ကိုလည်း နှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို လက်ရှိလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ပဲခူးမြစ်နှင့် အမှတ်(၂)လမ်းမကြီးကြားမှာ စီမံကိန်းများကို နဂိုကတည်းက Master Plan မှာ လျာထားပြီးတော့ Smart City အဖြစ်လည်း လျာထားဆောင်ရွက်လျက်ရှိပါကြောင်း ။

ဒဂုံမြို့သစ်ခရိုင်မှာ သီးသန့် မြို့တော်ပတ်လမ်း ထပ်မံတည်ဆောက်ရန်မလိုအပ်ဘဲ လက်ရှိချိတ်ဆက်ပြီးသားဖြစ်တဲ့ Inner Ring Road, Outer Ring Road များနှင့် မြို့တွင်းချိတ်ဆက်သော လမ်းကွန်ရက်များအသုံးပြု၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ ဆောင်ရွက်ဆဲ စက်မှုဇုန်များနှင့် မြို့ပြအခြေခံအဆောက်အအုံများ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကို ဟန်ချက်ညီညီ ဆက်လက်ဆောင်ရွက်သွားခြင်းအားဖြင့် ဒဂုံမြို့သစ်ခရိုင်မှာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ Master Plan အရ Sub-Center အဖြစ် သတ်မှတ်ပြီးသားဖြစ်ပါသဖြင့် တခြားမြို့တော်ပတ်လမ်းများ ထပ်မံတည်ဆောက်ရန်နှင့် သီးခြားအထူးဖွံ့ဖြိုးရေး ခရိုင်များအဖြစ် ထပ်မံဆောင်ရွက်ရန်မရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသည့် အချက်အလက်များနှင့်ပေါင်းစပ်၍ ‌ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဒေါက်တာရွှေပြည်စိုး[ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ် ဆက်စပ်မေးခွန်း

ပြည်ထောင်စုလမ်းမကြီးဆိုတာ ဒဂုံမြို့သစ်ခရိုင်အတွင်းမှရှိနေတဲ့ ဖြတ်သန်းဖောက်လုပ် ထားတဲ့ ပြည်ထောင်စုလမ်းမကို ချိတ်ဆက်အသုံးပြုနေတဲ့လမ်းအနေအထားအရ မြို့တော်ပတ်လမ်း အနေနဲ့ ဒါမှမဟုတ် ခရိုင်ချင်းဆက်လမ်းအနေနဲ့ အဆင့်မြှင့်တင်ပြီး အသုံးပြုသွားနိုင်ရန်အတွက် တင်ပြခြင်း ဖြစ်ပါကြောင်း ။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က

ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေပြီ ရှိပြီးသားလမ်းကွန်ရက်တွေကို အဆင့်မြှင့်တင်ပြီး ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားခဲ့ပါသည်။