နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ကြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးအတွက် “Myanmar Parliamentary Digital Transformation and AI initiative” ရှင်းလင်းတင်ပြ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ (၁၆-၇-၂၀၂၆) မေးခွန်းများဖြေကြားချက်နှင့် အဆိုဆွေးနွေးချက် အကျဉ်းချုပ်
MY EN

(ခ)- ဦးရားနီ(ပူတာအိုမဲဆန္ဒနယ်)-မေးခွန်း

2026-07-16
တတိယအကြိမ်
နယ်စပ်ရေးရာဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးရားနီ(ပူတာအိုမဲဆန္ဒနယ်)

ပူတာအို-နမ်ထွမ်ခူးကျေးရွာချင်းဆက်လမ်း၏ ကျန်ရှိသော ၁၀ မိုင်အား ကွန်ကရစ်လမ်းအဖြစ် ဆက်လက် ခင်းပေးရန်အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပူတာအိုမြို့နယ်၊ နမ်ထွမ်ခူးကျေးရွာကို ၁၉၄၆ ခုနှစ်တွင် ရေကြည်ရာမြက်နုရာရှာဖွေရင်း ဒေသခံတိုင်းရင်းသားများက ရွာတည်ခဲ့ပါကြောင်း၊ ပူတာအိုမြို့၏ အနောက်တောင်ဘက်တွင် နမ်ထွမ်ခူးတောင်ခြားလျက် တည်ရှိသော ကျေးရွာဖြစ်ပါကြောင်း၊ ကျေးရွာတည်ပြီးနောက် နှစ်ပေါင်း ၇၀ ကျော်အထိ ၂ ပေ၊ ၃ ပေလောက်သာရှိသော လူသွားလမ်းဖြင့် ခက်ခဲစွာသွားလာခဲ့ကြပါကြောင်း၊ လမ်းကြောင်းတစ်လျှောက် နှစ်စဉ်နှစ်တိုင်း ချုံနွယ်မြက်များကို ရွာသားများလုပ်အားဖြင့် ခုတ်ထွင် ရှင်းလင်းပြီး ဆက်သွယ်ရေးအတွက် သွားလာအသုံးပြုခဲ့ကြပါကြောင်း၊ ယခုအခါ နမ်ထွမ်ခူးကျေးရွာ တွင် အိမ်ခြေ ၃၈၂၊ လူဦးရေ ၂,၉၅၀ ကျော် မှီတင်းနေထိုင်လျက်ရှိကြပါကြောင်း၊ ကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ကျေးလက်ကျန်းမာရေးဌာန၊ ဘာသာရေးအဆောက်အအုံ များစွာ တည်ရှိပါကြောင်း၊ ပူတာအို-နမ်ထွမ်ခူးရွာချင်းဆက်လမ်းကို ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှ ၁၂ ပေအကျယ်မြေသားလမ်း ဖောက်လုပ်ပေးခဲ့ပါကြောင်း၊ သို့သော် မိုးတွင်းကာလ မိုးဒဏ်ကြောင့် မြေများ ပြိုကျခြင်း၊ လမ်းမပေါ်တွင် ရေဝပ်ခြင်း၊ ရွှံ့ဗွက်များထူထပ်ခြင်းကြောင့် ဆိုင်ကယ်၊ သုံးဘီးယာဉ်နှင့် မော်တော်ကားများသွားလာရန် အခက်အခဲရှိပါကြောင်း၊ ဒေသထွက်ကုန်ပစ္စည်းများနှင့် ပူတာအိုမြို့မှ လူသုံးကုန်ပစ္စည်းများကို သယ်ယူရာမှာလည်း မောင်တစ်ထမ်း မယ်တစ်ရွက် ပင်ပန်းကြီးစွာ ခြေလျင် ခရီးဖြင့် သယ်ယူနေကြရပါကြောင်း။

ထို့အပြင် ကျေးရွာမှအရေးပေါ်လူနာများ၊ မီးဖွားရန်အန္တရာယ်ကြုံတွေ့လာသည့် မိခင်လောင်း များကို ပူတာအိုဆေးရုံသို့ အချိန်မီ မပို့ဆောင်နိုင်သဖြင့် လမ်းခရီးတွင် အသက်ဆုံးရှုံးခဲ့ရသူများ ရှိခဲ့ပါကြောင်း၊ မိဘပြည်သူများ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသထွက်ကုန် ပစ္စည်းများ ကုန်စည်စီးဆင်းနိုင်ရန် လမ်းပန်းဆက်သွယ်ရေးသည် အဓိကဖြစ်သော်လည်း အချိန်နှင့် တစ်ပြေးညီ သွားလာဆောင်ရွက်နိုင်ရန် အခက်အခဲနေပါကြောင်း၊ ယခုအခါ ခေတ်တိုးတက်လာသည် နှင့်အညီ မြန်မာ၊ အိန္ဒိယ၊ အာရော်ဂျာနာချယ်ပြည်နယ်နှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းများ ဖောက်လုပ်သွားမည်ဆိုပါက အိန္ဒိယနယ်စပ်နှင့် နီးသဖြင့် နမ်ထွမ်ခူးလမ်းသည် အဓိကလမ်းကြောင်း တစ်ခုဖြစ်နိုင်ပါကြောင်း၊ သို့သော် လက်ရှိအခြေအနေတွင် ပူတာအို- နမ်ထွမ်ခူးလမ်းသည် ပွင့်လင်းရာသီ လောက်သာ ဆိုင်ကယ်၊ သုံးဘီးနှင့် အိမ်သုံးကားငယ်များအသုံးပြု သွားလာ၍ရပါကြောင်း၊ ထို့ကြောင့် ရာသီမရွေး တစ်နှစ်ပတ်လုံးသွားလာနိုင်ရန် ပူတာအို-နမ်ထွမ်ခူးလမ်း ၁၄ မိုင်ကို ဆက်လက်အဆင့်မြှင့် တင်ပေးရန် အဓိကလိုအပ်နေခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပူတာအို-နမ်ထွမ်ခူးရွာချင်းဆက် ၁၄ မိုင်အနက် ကွန်ကရစ်ခင်းပေးရန်ကျန်ရှိသော ၁၀ မိုင်အား ဘဏ္ဍာရေးနှစ်အလိုက် ကွန်ကရစ်ခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး က

          ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ပူတာအို-နမ်ထွမ်ခူးကျေးရွာချင်းဆက်လမ်း ၁၄ မိုင်အား နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၁၄-၂၀၁၅ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ဘဏ္ဍာရေးနှစ်အလိုက် မြေသားလမ်း ၁၄ မိုင်၊ ကျောက်လမ်း ၁၄ မိုင်၊ ကျောက်လမ်းပြင်/ထိန်း ၁ မိုင်၊ ကွန်ကရစ်တံတား      ၅ စင်း၊ ကြိုးတံတား ၂၀၀ ပေ ၁ စင်း၊ Box Culvert ၃၁ စင်း၊ ရေပြွန် ၁၆ ခု၊ မြေသားလမ်းပြင်/ထိန်း နှင့် ကြိုးတံတားပြင်/ထိန်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ကွန်ကရစ်လမ်း ၄ မိုင်တို့ကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက် ခဲ့ရာမှာ ကျေိးရွာ ၁၀ ရွာ၊ အိမ်ခြေ ၂,၅၁၃ အိမ်၊ အိမ်ထောင်စု ၂,၄၇၀ နှင့် လူဦးရေ ၁၄,၆၄၂ ဦးတို့ကို အကျိုးပြုခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ မေးခွန်းပါ ပူတာအို-နမ်ထွမ်ခူးလမ်း ၁၄ မိုင်တွင် ကွန်ကရစ်လမ်းခင်းရန်ကျန်ရှိသည့် ၁၀ မိုင်အား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို စက်သုံးဆီနှင့်လုပ်ငန်းသုံးပစ္စည်းများ လုပ်ငန်းခွင်သို့ လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်သည့်အချိန်ကာလနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ သင့်လျော်သည့် ဘဏ္ဍာ ရေးနှစ်တွင် လျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။