နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ကြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးအတွက် “Myanmar Parliamentary Digital Transformation and AI initiative” ရှင်းလင်းတင်ပြ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ (၁၆-၇-၂၀၂၆) မေးခွန်းများဖြေကြားချက်နှင့် အဆိုဆွေးနွေးချက် အကျဉ်းချုပ်
MY EN

(ဂ)-ဦးအေးချမ်း(လှိုင်သာယာ(အရှေ့ပိုင်း)မဲဆန္ဒနယ်)-မေးခွန်း

2026-07-16
တတိယအကြိမ်
အမျိုးသမီးရေးရာဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးအေးချမ်း(လှိုင်သာယာ(အရှေ့ပိုင်း)မဲဆန္ဒနယ်)

အမျိုးသမီးရေးရာဝန်ကြီးဌာနအသစ်၏ရည်မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်များအား ပြည်သူလူထုသိရှိ နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိအနေဖြင့် အမျိုးသမီးရေးရာ ဝန်ကြီးဌာနအသစ်အနေဖြင့် လုပ်ငန်းစဉ်များကို အချက် အလက်၊ ကာလသတ်မှတ်ချက် (Dead Line)များဖြင့် တိတိကျကျသိရှိလိုပါကြောင်း၊ အထူးသဖြင့် အမျိုးသမီးထုကြား လက်ရှိရင်ဆိုင်နေရသော ကဏ္ဍကြီး ၃ ရပ်အား ၅ နှစ်တာအတွင်း အကောင် အထည်ဖော်မည့် အစီအစဉ်ကို ရှင်းလင်းပေးစေလိုပါကြောင်း၊ ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၏ လမ်းမကြီးပေါ်တွင် ညဘက်လမ်းလျှောက် ၍ သော်လည်းကောင်း၊ Telegram၊ Facebook၊ Viber Group များတွင် ကြော်ငြာ၍ လည်းကောင်း၊ ဘဝရပ်တည်ရေးအတွက် လိင်ပိုင်းဆိုင်ရာ အလုပ်အကိုင် အဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေရသော Sex Worker အမျိုးသမီးများ၏အရေအတွက်ကို လာမည့် ၅ နှစ်အတွင်းတွင် လျှော့ချပေးနိုင်မည့် အစီအစဉ်ရှိပါက သိရှိလိုပါကြောင်းနှင့် အဆိုပါအမျိုးသမီးငယ် များအပေါ် လူကုန်ကူးမှုနှင့်လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ လျော့နည်းစေရေးအတွက် တိတိကျကျ မည်သို့ဆောင်ရွက်သွားမည်ကိုလည်းကောင်း၊ လက်ရှိစီးပွားရေးကျပ်တည်းမှုကြောင့် အိမ်တွင်း လုပ်သားများ အိမ်ဖော်အဖြစ်လုပ်ကိုင်ရင်း အခွင့်အရေးချိုးဖောက်ခံနေရသူများ၊ KTV နှင့် မာဆတ် လုပ်ငန်းများတွင် ခေါင်းပုံဖြတ်ခံနေရသည့် အမျိုးသမီးငယ်များ၊ အခြေခံစားဝတ်နေရေးအတွက် အထူး ရုန်းကန်နေရသည့် အမျိုးသမီးများ၏ လူမှုစီးပွားဘဝနှင့် လုပ်ငန်းခွင်လုံခြုံရေးအတွက် ဝန်ကြီးဌာန အသစ်အနေဖြင့် မည်သို့အကာအကွယ်ပေးမှုများနှင့် ဘဝမြှင့်တင်ရေးလုပ်ငန်းစဉ်များကို အကောင် အထည် ဖော်ပေးသွားမည်ကို သိရှိလိုကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

အမျိုးသမီးရေးရာဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါ်စန်းစန်းနွယ် က

အမျိုးသမီးရေးရာဝန်ကြီးဌာန ဖွဲ့စည်းထူထောင်ခြင်းသည် နိုင်ငံတော်အနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား မ တန်းတူညီမျှရေးကို နိုင်ငံတော်၏ဦးစားပေးမူဝါဒတစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လိုသည့် ခိုင်မာသောကတိကဝတ်ကို ထင်ဟပ်ဖော်ပြခြင်းဖြစ်ပါ ကြောင်း၊ အမျိုးသမီးရေးရာဝန်ကြီးဌာန မဖွဲ့စည်းမီကာလတွင် အမျိုးသမီးအရေး ဆိုင်ရာလုပ်ငန်း များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲက သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာလူမှုရေးကော်မရှင်တို့အပြင် အာဆီယံဒေသအတွင်း အမျိုးသမီးဖွံ့ဖြိုးရေး တိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံက ချမှတ် ခဲ့သည့် ဘေဂျင်းကြေညာစာတမ်းနှင့် လုပ်ငန်းစီမံချက်၏ ဦးစားပေး နယ်ပယ် ၁၂ ရပ်နှင့် အမျိုးသမီး များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း(၂၀၂၃-၂၀၃၂)(NSPAW)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောင်ရွက်သည့်အခါ ဒုတိယသမ္မတ(၂) ဦးဆောင်သည့် NSPAW ဦးဆောင်ကော်မတီ၊ အမျိုးသမီးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီတို့က ပိုမိုခိုင်မာသော ပူးပေါင်း ညှိနှိုင်းမှုဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့်  ၂၂.၇.၁၉၉၇ ရက်နေ့တွင် UNCEDAW အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ ပါကြောင်း၊ ခွဲဝေနိုင်ငံအဖြစ် ကွန်ဗင်းရှင်းပါတဲ့အချက်များကို အကောင်အထည်ဖော်ပြီး လုပ်ငန်း စဉ်များ ဆောင်ရွက်လျက်ရှိပြီး UNCEDAW ကွန်ဗင်းရှင်းဆိုင်ရာအစီရင်ခံစာကိုလည်း ၄ နှစ် တစ်ကြိမ် တင်သွင်းလျက်ရှိပါကြောင်း၊ နိုင်ငံအတွင်း အမျိုးသမီးများအပေါ် ခွဲခြားမှုပပျောက်ရေးနှင့် အမျိုးသမီး များ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများ ဖြင့် အစီရင်ခံရေးသားဖွဲ့စည်းပြီး သတ်မှတ်ကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှတစ်ဆင့် UNCEDAW ကော်မတီကို နိုင်ငံတော်အဆင့်အစီရင်ခံစာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တွင် ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာတင်သွင်းပြီး သတ္တမအကြိမ်မြောက်အစီရင်ခံစာများကို တင်သွင်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးရေးရာဝန်ကြီးဌာနသည် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် ၅ ရပ်ဖြစ်သည့် ကျား/ မ တန်းတူညီမျှရရှိရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအားလုံး စွမ်းပကားတိုးမြှင့်ရေးကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိရာတွင် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ စွမ်းပကားမြှင့်တင်ရေး၊ ကာကွယ် စောင့်ရှောက်ရေး၊ လူမှုရေးဝန်ဆောင်မှုများရရှိနိုင်ရေး၊ ငြိမ်းချမ်းရေး၊ ဆုံးဖြတ်ချက်ချမှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိပ္ပာယ်ရှိစွာပါဝင်နိုင်ရေး၊ ကဏ္ဍစုံတွင် ကျား/ မ တန်းတူညီမျှရေးနှင့် ကျား/ မ ရေးရာထည့်သွင်းစဉ်းစားရေးကို မြှင့်တင်ဆောင်ရွက်ရေး၊ အမျိုးသမီး များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကို တားဆီးကာကွယ်ရေးနှင့် ထိရောက်စွာတုံ့ပြန် ဆောင်ရွက်ရေးတို့ကို အဓိကဦးတည်ချက်များဖြင့် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။ 

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေးအတွက် အမျိုးသမီးရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အာဆီယံအမျိုးသမီးများအဆင့် အစည်းအဝေးကို ၃ နှစ်လျှင် တစ်ကြိမ် အာဆီယံနိုင်ငံများ အလှည့်ကျဦးဆောင်ကျင်းပလျက်ရှိရာ ယခုနှစ်တွင် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့် အစည်းအဝေး သဘာပတိအဖြစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၇ ခုနှစ်၊ နိုဝင်ဘာလအထိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံဒေသအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက် ရေး ဆိုင်ရာလုပ်ငန်းစီမံချက်(၂၀၂၆-၂၀၃၅)ကို မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု လျော့နည်းပပျောက်ရေးအတွက် စီမံချက်လုပ်ငန်းစဉ်များကို ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို လုံးဝလက်မခံသည့်မူဝါဒများဖြင့် ဆောင်ရွက်လျက်ရှိပြီး ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု များကို ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်း တွေကို ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းစီမံချက်၏ အကောင်အထည်ဖော်မှုတိုးတက်မှု များကို ကုလသမဂ္ဂလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အထူးကိုယ်စားလှယ်ရုံးသို့ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တစ်ဆင့် ၆ လတစ်ကြိမ် အစီရင်ခံစာပုံမှန်တင်သွင်းလျက်ရှိပါကြောင်း။ 

အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှုနှင့် ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုများကို ၂၄ နာရီတိုင်ကြားနိုင်ရန် Helpline 1566 ကို ဖွင့်လှစ်ထားရှိပြီး တိုင်ကြားမှုများအပေါ် လိုအပ်သောဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးများ နှင့် အမျိုးသမီးငယ်များ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုများကို ထိရောက်စွာ တားဆီးကာကွယ်နိုင်ရေးအတွက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း)နှင့်ပြည့်တန်ဆာဆိုင်ရာဥပဒေ(မူကြမ်း)တို့ကို အတည်ပြုနိုင်ရေးအတွက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနလက်အောက်တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင် ကျောင်း ၁၁ ကျောင်းရှိပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံ၊ ထားဝယ်နှင့် ဟားခါးမြို့ တွေမှာ ဖွင့်လှစ်ထားရှိပြီး ကျောင်းအခြေပြုသင်တန်း၊ ရပ်ရွာအခြေပြုသင်တန်းနှင့် တိုက်ပွဲရှောင်စခန်းများ၊ ပဋိပက္ခရှိရာဒေသများ၊ သဘာဝဘေးဖြစ်ပွား ရာ ရှိသည့် IDP Camp များမှပြည်သူများ အတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးလျက်ရှိပါကြောင်း၊ ဆောင်ရွက်သည့်အခါ အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်ရည် နှင့် ဝင်ငွေရရှိမှု တိုးတက်မြင့်မားစေရေး ရည်မှန်းပြီး အသက်မွေးဝမ်းကျောင်းနှင့် စွမ်းရည်မြှင့်တင်ရေး သင်တန်းများကို ဒေသလိုအပ်ချက်နှင့်ကိုက်ညီစွာ တိုးချဲ့ဖွင့်လှစ်ခြင်း၊ စီးပွားရေးလုပ်ငန်း စတင် နိုင်ရေးနှင့် ဈေးကွက်ချိတ်ဆက်နိုင်ရေးတို့ကို အားပေးဆောင်ရွက်ခြင်း၊ အလုပ်အကိုင်ရရှိရေး အတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ပဋိပက္ခနှင့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ အမျိုးသမီးများအား ပံ့ပိုးကူညီမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။      

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ပြည်ထောင်စုအစီရင်ခံစာ အရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး အမျိုးသမီးဦးရေဟာ ၅၃ ရာခိုင်နှုန်းခန့် ရှိပါကြောင်း၊  မြန်မာနိုင်ငံရှိ လူဦးရေ၏ထက်ဝက်ကျော်ကို ကိုယ်စားပြုလျက်ရှိသဖြင့် ၎င်းအင်အား ကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အကျိုးရှိစွာအသုံးချနိုင်ရေးကို အဓိကထားဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင် ကြသဖြင့် ကျေးလက်ဒေသအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုး တက်ရေး၊ နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့်ကြုံတွေ့ပါက ထိရောက်သော တုံ့ပြန်ဆောင်ရွက်မှုများပံ့ပိုးပေးနိုင်ရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများအား ပုဂ္ဂလိကကဏ္ဍ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ရည်မှန်းချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ပြည်သူလူထုအနေဖြင့် ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန် ဝန်ကြီးဌာန၏တရားဝင် Website၊ လူမှုကွန်ရက်စာမျက်နှာများ၊ ပုံနှိပ်ထုတ်ဝေထားသည့်စာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် ရုပ်သံမီဒီယာများ၊ အသိပညာပေး ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဒေသအခြေပြု အသိပညာပေးအစီအစဉ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍစုံဆက်သွယ်ရေးအစီအစဉ်များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အမျိုးသမီးရေးရာဝန်ကြီးဌာနသည် သက်ဆိုင်ရာအဖွဲ့အစည်းများ၏အားသာချက် များကို ပေါင်းစပ်အသုံးချ၍ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေကာ  အမျိုးသမီးများ၏ စွမ်းပကားနှင့် စွမ်းဆောင်ရည်ကိုမြှင့်တင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမြင့်မားလာစေရန်နှင့် အားလုံးအကျုံးဝင်သော လူမှုအဖွဲ့အစည်း တစ်ရပ် ဖြစ်ထွန်းလာစေရေးကို ရည်မှန်း၍ဆောင်ရွက်သွားမည်ဖြစ်ပြီး အမျိုးသမီးရေးရာဝန်ကြီးဌာန အဖွဲ့အစည်းတည်ထောင်ခြင်းသည် ဖွဲ့စည်းပုံပြောင်းလဲခြင်းသာမဟုတ်ဘဲ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မူဝါဒများကို ပိုမိုထိရောက်စွာညှိနှိုင်းခြင်း၊ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်အကဲခတ်ခြင်း တို့ကို ဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏အဖွဲ့အစည်းများဆိုင်ရာ စွမ်းဆောင်ရည်ကို မဟာဗျူဟာမြောက် မြှင့်တင်လိုက်ခြင်းဖြစ်ပါကြောင်း၊ ၎င်းမှတစ်ဆင့် အမျိုးသမီးများ နှင့် အမျိုးသမီးငယ်ရွယ်များသည် ကာကွယ်စောင့်ရှောက်မှုကိုရရှိပြီး စွမ်းပကား မြင့်မားရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ အသီးသီးတွင် အဓိပ္ပာယ်ရှိစွာ ပူးပေါင်း ဆောင်ရွက်နိုင်သော အားလုံးအကျုံးဝင်သည့် လူမှုအဖွဲ့အစည်း တစ်ရပ်ဖြစ်ထွန်းလာစေရန် ရည်မှန်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။