နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ကြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးအတွက် “Myanmar Parliamentary Digital Transformation and AI initiative” ရှင်းလင်းတင်ပြ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ (၁၆-၇-၂၀၂၆) မေးခွန်းများဖြေကြားချက်နှင့် အဆိုဆွေးနွေးချက် အကျဉ်းချုပ်
MY EN

(ဆ)-ဦးအောင်ဇော်လင်း(သနပ်ပင်မဲဆန္ဒနယ်)-မေးခွန်း

2026-07-16
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးအောင်ဇော်လင်း(သနပ်ပင်မဲဆန္ဒနယ်)

သနပ်ပင်မြို့နယ်၊ ကျေးရွာအုပ်စု ၇ စု၊  မင်းရွာ- ကုက္ကို ရေနုတ်မြောင်းဖျားရှိ သောင်အတွင်း တိမ်ကော နေသည့်ရိုးချောင်းအား တူးဖော်ပေးရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

သနပ်ပင်မြို့နယ် ကျေးရွာအုပ်စု ၇ စုရှိ မိုးစပါး စိုက်ဧကများ၊ ရေကြီးရေမြုပ် လျော့ပါး သက်သာစေရန် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲ ဦးစီးဌာနမှ မင်းရွာ- ကုက္ကို ရေနုတ်မြောင်း အားလွန်ခဲ့သည့် နှစ် ၃၀ ခန့်က တူးဖော်ပေးခဲ့ပါကြောင်း၊ ယခင်က ရေစီးရေလာကောင်းမွန်ခြင်း ကြောင့်မိုးရာသီတွင် လယ်ယာမြေများရေဝပ်ခြင်း၊ လျော့နည်းလာခြင်း၊ စပါးပင်နှင့် အခြားသီးနှံ များ ရေနစ်မြုပ်ပျက်စီးပြီးလျော့ကျလာခြင်း၊ စပါးစိုက်ဧက အထွက်နှုန်းတိုးလာခြင်း၊ ဆောင်းသီးနှံ များစိုက်ပျိုးနိုင်သည့် အခွင့်အလမ်းများပိုမိုရရှိလာခြင်း၊ လယ်ယာမြေများမြေဆီလွှာအရည် အသွေး ပိုမိုကောင်းမွန်လာခြင်း၊ အကျိုးပြုဧကတိုးလာခြင်းနှင့် လမ်းတံတားများရေတိုက်စားမှု လျော့နည်းလာပြီး ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေးဘဝ တိုးတက်ကောင်းမွန်လာသည့် အကျိုးကျေးဇူးများကို ရရှိခံစားလာခဲ့ရပါကြောင်း၊ ယခုအခါ မင်းရွာ- ကုက္ကို ရေနုတ်မြောင်းအဖျားတွင် စစ်တောင်းမြစ်မှသောင်ထွန်းလာသည်မှာ ၇ နှစ်ခန့်ရှိပြီ ဖြစ်သည့်အတွက် ရေစီးရေလာမကောင်း သဖြင့် ရေကြီးရေလျှံပြီး မိုးစပါများပျက်စီးဆုံးရှုံး၍ ဒေသခံတောင်သူများ စိုက်ပျိုး ထုတ်လုပ် မှုနှင့် ဝင်ငွေများအပေါ်ထိခိုက်နစ်နာမှုများ ရင်ဆိုင်နေကြရပါကြောင်း။ 

မြန်မာနိုင်ငံသည် ရေမြေသယယံဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည့်အားလျောစွာ သီးနှံအမျိုး ပေါင်းမြောက်များစွာကို အောင်မြင်ဖြစ်ထွန်းစွာ  စိုက်ပျိုးနေသောနိုင်ငံ တစ်နိုင်ငံလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးမှာလည်း စိုက်ပျိုးရေးကို  အခြေခံထားပါကြောင်း၊ စိုက်ပျိုးရေးကို အခြေခံစိုက်ပျိုးသည့် အထဲတွင် မိမိတို့သနပ်ပင် မြို့နယ်လည်းအပါအဝင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မင်းရွာကုက္ကိုရေနုတ်မြောင်းတစ်လျောက်ရှိ ကျေးရွာအုပ်စု ၇ အုပ်စုရွာဟောင်း၊ ကုလားကျောင်းကြီး၊ ကွင်းလျားရှည်ကုက္ကို၊ ရွှေအိုးကသစ်ဝိုင် ကပင်ကျေးရွာများမှ ကွင်းပေါင်း ၅၂ ကွင်း နှင့် သဘာဝစိုက်တောင်သူ ၂၀၂၀၀ ခန့်ရှိပါကြောင်း၊  မိုးစပါး စိုက်ဧက၂၀၀၀၀ ကျော် စိုက်ပျိုး ကြ၍ ရေစီးရေလာမကောင်းသဖြင့် စပါးပင်များရေနစ်မြုပ်၍ ပျက်စီးခြင်း၊ အထွက်နှုန်း နည်း၍ စိုက်စရိတ်ပင်ပြန်မရခြင်းတို့ကြောင့် တောင်သူလယ်သမားများ စီးပွားရေးနှင့်လူမှုရေးနိမ့်ကျ နေပြီး ဒုက္ခရောက်ရှိနေကြပါကြောင်း။

သို့ဖြစ်ပါ၍ ၇ နှစ်ခန့် ရေစီးရေလာမကောင်းတော့သည့် ရေကြီးရေလျှံပြီး မိုးစပါးများ ပျက်စီးဆုံးရှုံး၍ ဒေခံတောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဝင်ငွေများအပေါ် ထိခိုက်နစ်နာမှုများ ရင်ဆိုင်နေရခြင်းများ ကင်းဝေးနိုင်ရေး အတွက် မင်းရွာ- ကုက္ကိုရေနုတ်မြောင်း အဖျားရှိသောင် အတွင်း တိမ်ကောနေသည့် အလျား ၄.၅ မိုင်ခန့်ရှိသောရိုးချောင်းငယ်အား တူးဖော်ပေးရန် အစီအစဉ်ရှိ /မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော် က

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မင်းရွာ-ကုက္ကိုရေနုတ်မြောင်းသည် ပဲခူးစစ်တောင်း တူးမြောင်း၏ မင်းရွာရေလွှဲပေါက်မှ စတင်စီးဆင်းပြီး စစ်တောင်း မြစ်ဝအထိ အလျား ၁၁ မိုင် ခန့်ရှိပါ ကြောင်း၊ ရေကြီးကွင်း၊ ရေနက်ကွင်းများ၏ မိုးစပါးစိုက် ဧရိယာများ ဖြစ်သည့် ရွာဟောင်းကျေးရွာ ၂၂၈၀ ဧက၊ ကုလားချောင်းကြီးကျေးရွာ ၃၅၁၉ ဧက၊ ကွင်းလျား ရှည်ကျေးရွာ ၁၆၄၁ ဧက၊ ကုက္ကို ကျေးရွာ ၃၆၈၅ ဧက၊ ရွှေအိုးကျေးရွာ ၄၀၁၃ ဧက၊ ကသစ်ဝိုင်းကျေးရွာ ၂၀၇၀ ဧကနှင့် ကပင်ကျေးရွာ ၄၁၃၅ ဧက စုစုပေါင်းစိုက်ဧက ၂၁၃၅၃ ဧက အား ရေထုတ်နုတ်ပေးနိုင်ပြီး တောင်သူများ အတွက် အရေးပါသည့် ရေနုတ်မြောင်းဖြစ်ပါကြောင်း၊ မင်းရွာ-ကုက္ကို ရေနုတ်မြောင်းအား စိုက်ပျိုးမြေများ ရေကြီးနစ်မြုပ်မှုလျော့နည်းသက်သာစေရေးအတွက် လွန်ခဲ့သည့် နှစ်၃၀ ခန့်က ဌာနမှ တူးဖော် ပေးခဲ့ပြီး ယခုအခါ ရေနုတ်မြောင်းဖျားရှိ စစ်တောင်းမြစ်အတွင်း မြစ်ကြောင်းပြောင်းလဲပြီး သဲသောင်များ ပေါ်ထွန်းလာသဖြင့် ရေနုတ်မြောင်း၏ ရေစီးဆင်းနိုင်မှုနှင့် ရေထုတ်နုတ်နိုင်မှုတို့ အားနည်းလာခဲ့ကြောင်းတွေ့ရှိရပါကြောင်း၊ မင်းရွာ-ကုက္ကိုရေနုတ်မြောင်း အတွင်းစီးဆင်းသောရေ ပမာဏကို လုံလောက်စွာထုတ်နုတ်နိုင်ရန်အတွက် သောင်အတွင်း ရိုးချောင်းကို အလျား ၄.၅၀ မိုင်၊ အကျယ် ၃၀ ပေနှင့် အနက် ၈ ပေခန့်တူးဖော်ရန်လိုအပ်လျက်ရှိပြီး လုပ်ငန်းဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးမြေများ ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေမည် ဖြစ်ပါကြောင်း။ 

သို့ဖြစ်ပါ၍ သနပ်ပင်မြို့နယ်၊ ကျေးရွာအုပ်စု ၇ စုရှိ မိုးစပါးများ ရေကြီးနစ်မြုပ်မှု လျော့နည်း သက်သာစေရန်အတွက် သောင်အတွင်း တိမ်ကောနေသည့် ရိုးချောင်းတူးဖော်ခြင်း လုပ်ငန်းအား ၂၀၂၇- ၂၈ ခု ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေခဲ့ပါသည်။