ဦးမျိုးမြင့်သိန်း(ဝမ်းတွင်းမဲဆန္ဒနယ်)
ဝမ်းတွင်းမြို့နယ်ရှိ ဆူးဖြူကန်-တောင်ဘို၊ သပြေရိုးကျေးရွာမှ ရန်ကုန်-မန္တလေးလမ်းသို့သွားလာသည့် ရိုးကူးတံတားကြီး၊ ပဲနံ့သာရွာနှင့် ရွှေတောင်ရွာ ဆက်သွယ်သော ရိုးကူးတံတားနှင့် ကံကြီးကျေးရွာနှင့် ဘုရားဖြူ-ရွှေပေါ်ကျွန်းလမ်းကို ဆက်သွယ်သောလမ်းပေါ်ရှိ ရိုးကူးတံတားများအား ဆောက်လုပ် ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ဆူးဖြူကန်ရွာ၊ တောင်ဘိုရွာ၊ ဖန်တောရွာ၊ အောင်သာရွာ၊ သပြေရိုး ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မိဘပြည်သူများသည် ရန်ကုန်-မန္တလေးလမ်းမသို့ သွားလာ ကြရာတွင် အကျယ် ၁၃၀ ပေခန့်ရှိ ရိုးကိုဖြတ်သန်းသွားလာကြရပါကြောင်း၊ အဆိုပါရိုးသည် မိုးတွင်း ကာလတွင် စီးဆင်းလာသည့်ရေသည် ရေစီးအလွန်ကြမ်းပြီး များပြားစွာစီးဆင်းလေ့ရှိပါကြောင်း၊ ၎င်းရိုးကို ဖြတ်သန်းရန် တည်ဆောက်ထားသော ရိုးကူးသစ်သားတံတားသည် ပြိုကျပျက်စီးနေပြီး ပြည်သူများခက်ခဲစွာ သွားလာနေကြရပါကြောင်း၊ အလားတူ ပဲနံ့သာရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များသည် ရန်ကုန်-မန္တလေးလမ်းရှိရာ ရွှေတောင်ရွာနှင့် ဆက်သွယ်ထားသော လမ်းပေါ်ရှိ အကျယ် ၁၃၀ ပေခန့်ရှိ သစ်သားရိုးကူးတံတားသည်လည်း အိုမင်းဟောင်းနွမ်း၍ ယာဉ်များမောင်းနှင်ရာတွင် စိတ်မချရသည့်အခြေအနေဖြစ်ပြီး အကြီးစားပြင်ဆင်ခြင်း သို့မဟုတ် အသစ်တည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ကံကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာမှ သွားလာသည့် ဘုရားဖြူ-ရွှေပေါ်ကျွန်းလမ်းမကြီးကို ဆက်သွယ်သော လမ်းပေါ်ရှိ အကျယ် ၈၀ ပေခန့်ရှိ ရိုးကူးရေကျော် နေရာတွင်လည်း မိုးရေစီးဆင်းရာတွင် ရေစီးကြမ်းပြီး အလွန်များပြား၍ တံတားတစ်စင်း တည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ပါ၍ ဥတုသုံးပါးလုံး မိဘပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် အဆိုပါတံတား ၃ စင်းအား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က
သပြေရိုးတံတားကို ကွန်ကရစ်တံတားအဖြစ် ပြန်လည်ပြုပြင်တည်ဆောက်ပေးမည်ဆိုပါက လိုက်မယ်ဆိုရင် တင်ပြပါ တံတားနှစ်ဖက်လုံးရှိ ကျေးရွာများများသည် တင်ပြပါတံတားမှ ရန်ကုန်-မန္တလေးလမ်းမပေါ်သို့ သွားရောက်နိုင်မည်ဖြစ်ပါကြောင်း၊ ဒုတိယတံတားသည် ပဲနံ့သာ-ရွှေတောင် ဖောင်ကျိုင်းရိုးတံတားဖြစ်ပြီး ဦးစားပေးအဆင့်သည် ပြင်ဆင်ထိန်းသိမ်းခြင်းကို ပထမတံတား ဆောက်လုပ်နေသည့်အချိန်တွင် ဒုတိယတံတားကို ပြင်ဆင်ထိန်းသိမ်းရေး ဆောင်ရွက်ပေးမည် ဆိုပါက ဒုတိယတံတားပြင်နေသည့်အချိန်အတွင်း သွားလာနိုင်ပြီး ကွန်ကရစ်တံတားပြီးလျှင် အကုန်လုံး သွားလာနိုင်မည်ဖြစ်ပါကြောင်း။
တင်ပြပါ တတိယတံတားသည် ရေကျော်သည့်အချိန်မှာသာ ရပ်နားရခြင်းဖြစ်ပြီး ရေမကျော် သည့်အချိန်တွင် သွားလာ၍ မရပါကြောင်း၊ အကယ်၍ ရေအများကြီးကျော်နေလျှင် တင်ပြပါ လမ်းများမှ တံတားပြီးလျှင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ပထမတင်ပြသည့် သပြေရိုးတံတား၏ လက်ရှိပျက်စီးနေသည့် မြေပြင်အနေအထားကို တင်ပြခြင်းဖြစ်ပါကြောင်း၊ ဝမ်းတွင်းမြို့နယ်၊ ဇီးဖြူကန်-တောင်ဘို-သပြေရိုးကျေးရွာကနေပြီး ရန်ကုန်- မန္တလေးလမ်းမကြီးကို ချိတ်ဆက်သည့် လမ်းမပေါ်ရှိ ရိုးကူးတံတားသည် တိုင်းဒေသကြီးမှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပြီး ပြည်ထောင်စုမှ ကြီးကြပ်ကွပ်ကဲသည့် တံတားဖြစ်ပါကြောင်း၊ အဆိုပါတံတားသည် ပေ ၈၀ ရှိပြီး အုတ်ခုံခံသစ်သား တံတားဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် ကျေးရွာမှ ကိုယ်ထူကိုယ်ထ တည်ဆောက်လျက်ရှိပါကြောင်း၊ ယခုအခါ ပျက်စီးလျက်ရှိပါကြောင်း၊ ရိုးကူးတံတားကို ပေ ၈၀ ကွန်ကရစ်တံတားအဖြစ် ဆောက်လုပ် မည်ဆိုလျှင် ကျပ်သန်း ၈၈၀ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ကွန်ကရစ်တံတား တည်ဆောက်ပြီး လျှင် အနီးပတ်ဝန်းကျင်မှ ကျေးရွာများသည် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်ဘဲ သွားလာ နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံ ငွေမှာ လျာထားတင်ပြပေးမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း၊ ထိုတံတားကောင်းသွားမည်ဆိုလျှင် ကျေးရွာ ၈ ရွာနှင့် အိမ်ခြေ ၁,၀၀၃ အိမ်၊ လူဦးရေ ၄,၈၇၄ ဦး အကျိုးပြုမည်ဖြစ်ပါကြောင်း။
ပဲနံ့သာ-ရွှေတောင် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဆောင်ကျန်းရိုးကူးတံတား ပေ ၁၃၀ သည် ပြည်ထောင်စုမှ စီမံခန့်ခွဲသည့် တံတားဖြစ်ပါကြောင်း၊ အရှည် ၁၃၀ ပေ အုတ်အောက်ခံခုံသစ်သား ကြမ်းခင်းတံတားဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ ဆိုင်ကယ်နှင့်အိမ်စီးကားများ ဖြတ်သန်းသွားလာနိုင်ပါ ကြောင်း၊ ထိုတံတားကို လက်ရှိမြေပြင်အနေအထားအရ ပြန်လည်ပြင်ဆင်အသုံးပြုနိုင်မည်ဖြစ်ပြီး ပြင်ဆင်ခြင်းအတွက် ငွေကျပ် သန်း ၄၀ ခန့်ကုန်ကျမည်ဖြစ်ပြီး ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ချောင်းကူးရေကျော်တံတားသည် တင်ပြပါနေရာ အလယ်နား လောက်သာ အနည်းငယ်ပျက်စီးနေသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ကံကြီးကျေးရွာနှင့် ဘုရားဖြူ-ရွှေပေါ်ကျွန်းကျေးရွာတွင် ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ တံတားဖြစ်ပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသည့် တံတားဖြစ်ပါကြောင်း၊ ပြည်ထောင်စုမှ ကြီးကြပ်ကွပ်ကဲသည့် တံတားဖြစ်ပါကြောင်း၊ တံတားပေါ်တွင် ညာဘက်၌ လူသွားလမ်း သစ်သားတံတားလေးရှိပါကြောင်း၊ အရှည် ၈၀ ပေနှင့် ယှဉ်ပြီး ရေကျော် ၁၀၀ ပေ ၁ စင်းတည်ဆောက်ထားပါကြောင်း၊ မိုးသည်းထန်စွာရွာသွန်းသည့် အချိန်၊ ရေများမြင့်တက်လာချိန်တွင် တစ်နှစ်၌ သုံးကြိမ်ခန့် ဖြတ်သန်းသွားလာရန်အတွက် စောင့် ဆိုင်းရပြီး ကျန်အချိန်တွင် ရေကျော်တံတားကို ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပျက်စီးမှုလည်း အနည်းငယ်သာရှိသည့်အတွက် ရေကျော်တံတား ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေမှ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
တံတား ၃ စင်းမှ ပဲနံ့သာရွာ- ရွှေတောင်ရွာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဆောင်ကျန်းကူးရိုး တံတား ၁၃၀ ပေနှင့် ကံကြီးရွာ၊ ဘုရားဖြူကျေးရွာပေါ်တွင် ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ ရေကျော်တံတားတို့ကို ပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေနှင့် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဆူးဖြူကန်-တောင်ဘို-သပြေရိုးကျေးရွာမှ ရန်ကုန်-မန္တလေးလမ်းမကို ဆက်သွယ်ထားသည့် လမ်းပေါ်မှာရှိ ရိုးကူးတံတား ၈၀ ပေကို ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးရေး မဟာဗျူဟာအရ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီတို့ ပေါင်းစပ်ပြီး ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေနှင့် ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်မှုနှုန်း လက်ရှိလိုအပ်မှုတို့ကို ဦးစားပေးရွေးချယ်မှုအပေါ် မူတည်၍ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။