ဒေါက်တာနေလင်း(မှော်ဘီမဲဆန္ဒနယ်)
မင်းရွာ-လယ်ပြင်စုရွာ-လိပ်ချောင်းရွာ-ရိုးကြီးရွာများသို့ ကျေးရွာချင်းဆက်လမ်းနှင့် လယ်ပြင်စုရွာ-မိုးကြိုးပစ်ရွာ-သာယာကုန်းကျေးရွာများသို့ ကျေးရွာချင်းဆက်လမ်းတို့အား အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ (၁) မင်းရွာ- လယ်ပြင်စု-လိပ်ချောင်း-ရိုးကြီးရွာကျောက်ကြမ်းလမ်း အဆင့်မြှင့်တင်ရေး၊ (၂) လယ်ပြင်စု- မိုးကြိုးပစ်-သာယာ ကုန်းကျေးရွာဂဝံလမ်း အဆင့်မြှင့်တင်ရေးဖြစ်ပါကြောင်း၊ အဓိကမေးခွန်းသည် မင်းရွာကျေးရွာအုပ်စုနှင့် မိုးကြိုးပစ်ကျေးရွာအုပ်စုနှစ်ခုကို ဆက်သွယ်နေသည့်လမ်းများဖြစ်ပါကြောင်း၊ မင်းရွာ-လယ်ပြင်စု-လိပ်ချောင်း-ရိုးကြီးဆိုသည့် လမ်းကြောင်းသည် ၃.၇ မိုင်ရှိပြီး လယ်ပြင်စု-မိုးကြိုးပစ်-သာယာကုန်းသည် ပေ ၂၀,၀၀၀ လောက်ရှည်ပါကြောင်း၊ ထိုကျေးရွာချင်းဆက်လမ်းသည် မင်းရွာ-လယ်ပြင်စု-လိပ်ချောင်း-ရိုးကြီးကျေးရွာလမ်းသည် လက်ရှိ ကျောက်ကြမ်းလမ်းဖြစ်ပါကြောင်း၊ လမ်းအရှည် ၃.၇ မိုင်ရှိပြီး လမ်း အကျယ် ပေ ၃၀ ရှိပါကြောင်း၊ ဒုတိယဖြစ်သည့် လယ်ပြင်စု-မိုးကြိုးပစ်-သာယာကုန်းကျေးရွာသည် ဂဝံလမ်းဖြစ်ပြီး လက်ရှိပျက်စီးနေပြီး လမ်းအရှည် ၂၀,၀၀၀ တွင် လက်ရှိဂဝံခင်းထားပြီးသား ၁၈,၀၀၀ လောက်ရှိပါကြောင်း။
လက်ရှိ တင်ပြပါလမ်းပေါ်တွင် မှီခိုနေရသည့် ကျေးရွာပေါင်း ၆ ရွာရှိပါကြောင်း၊ ကျေးရွာပေါင်း ၆ ရွာတွင် အိမ်ခြေပေါင်း ၁,၀၇၉ အိမ်ရှိပြီး လူဦးရေပေါင်း ၄,၁၈၃ ဦးလောက် ထိုလမ်းပေါ်တွင် သွားလာ ပြီး စီးပွားရေးလုပ်ကိုင်နေကြရသည့် ကျေးရွာများဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် အဓိက မက်ဆေ့ပေးချင်သည်မှာ Road Construction is the Valuation of the Nation၊ နောက် Road Construction Save the Money၊ Saved the Time၊ Saved the Life၊ Roat Construction က Create Opportunities ဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်လမ်းနှင့် ဂဝံလမ်းများကို အဆင့်မြှင့်တင်ရန် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
သမဝါယနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က
မှော်ဘီမြို့နယ်၊ မင်းရွာ-လယ်ပြင်စုရွာ-လိပ်ချောင်းရွာ-ရိုးကြီးရွာများကို ဆက်သွယ်တဲ့လမ်းဟာ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနပိုင်လမ်းအရှည် ၄ မိုင် ၅ ဖာလုံရှိပြီး တိုင်းဒေသကြီးမှစီမံခန့်ခွဲ သည့် ကျောက်လမ်းဖြစ်ပါကြောင်း၊ ကျောက်လမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မည်ဆို လျှင် ၃.၉ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ပြီး ၁ မိုင်ကွန်ကရစ်လမ်းခင်းမည်ဆိုလျှင် ကျပ်သန်း ၈၆၀ ခန့်လောက် ကုန်ကျမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး၏ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများပေါင်းစပ်ပြီး ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေနှင့် ကျေးလက် နေ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုအကျိုးပြုနှုန်း လက်ရှိလိုအပ်မှုတို့ကို ဦးစားပေး ရွေးချယ် မှုအပေါ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ၁ မိုင်ကွန်ကရစ်လမ်းခင်းခြင်းကို ရန်ပုံငွေလျာထား တင်ပြ သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
မှော်ဘီမြို့နယ်၊ လယ်ပြင်စုရွာ-မိုးကြိုးပစ်ရွာ-သာယာကုန်းများကို ဆက်သွယ်သည့်လမ်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် လမ်းအရှည် ၂ မိုင် ၇ ဖာလုံရှိပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ ထို ၂ မိုင် ၇ ဖာလုံတွင် ကတ္တရာလမ်း ၆ ဖာလုံနှင့် ကျန် ၂ မိုင်သည် ကျောက်လမ်း အမျိုးအစားဖြစ်ပါကြောင်း၊ မြေပြင်အခြေအနေအရ ကတ္တရာလမ်းပိုင်းတွင် ယာဉ်များသွားလာမှုအနေ ဖြင့် ကတ္တရာအပွန်းခံလွှာ ပျက်စီးနေပြီး ကျောက်ချောလမ်းအပိုင်းသည် ချိုင့်ခွက်ဖြစ်နေပါကြောင်း၊ ကျောက်ချောလမ်းကို ၂ လက်မ တူးဖိုးကျောက်ဖြင့် ၃၀ ရာခိုင်နှုန်းအနိမ့်အမြင့်ဖြေညှိခြင်းနှင့် အပွန်းပဲ့ ခင်းနိုင်မည့် အလွှာခင်းမည်ဆိုလျှင် ခန့်မှန်းကုန်ကျငွေ ၁၅၄ သန်းဖြစ်ပါကြောင်း၊ ကတ္တရာခင်းခြင်း အပိုင်းကို ထပ်ပိုးလွှာခင်းမည်ဆိုလျှင် ၅၈၂ သန်း စုစုပေါင်း ၇၃၆.၇၃၂ သန်း ကုန်မည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီများ ပေါင်းစပ်၍ ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေ၊ ကျေးလက်နေပြည်သူလူထု၏ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်မှုအကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့ကို ရွေးချယ်၍ ကတ္တရာလမ်း ၆ ဖာလုံကို ထပ်ပိုးလွှာခင်း ခြင်းနှင့် ကျန်အပိုင်း ၂ မိုင်၊ ၁ ဖာလုံကျောက်လမ်းအား ၂ လက်မ၊ ၄ လက်မကျောက်ဖြင့် ၃၀ ရာခိုင်နှုန်း အနိမ့်အမြင့်ဖြေညှိခြင်းနှင့် ပွန်းလွှာကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေနှင့် လျာထားတင်ပြသွားမည်ဖြစ်ပြီး လျာထားတင်ပြမှုအပေါ် မူတည်၍ ဆက်လက် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။