နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့် မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း(MMIA) အဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ (၁၅-၇-၂၀၂၆) မေးခွန်းများဖြေကြားချက်နှင့် အဆိုဆွေးနွေးချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည် မြှင့်တင်ရေးဆိုင်ရာသင်တန်းသို့ တက်ရောက်အမှာစကားပြောကြား
MY EN

(ဂ)-ဒေါ်ဥမ္မာမို့မိုဇော်(သဲကုန်းမဲဆန္ဒနယ်)-မေးခွန်း

2026-07-15
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်ဥမ္မာမို့မိုဇော်(သဲကုန်းမဲဆန္ဒနယ်)

သဲကုန်းမြို့နယ်၊ အင်းမချောင်းကူးတံတားအနောက်ဘက်မှ မြို့တွင်းသို့ ၃ ဖာလုံခန့်အား လမ်းသား အမြင့် မြှင့်တင်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သဲကုန်း၊ ပုတီးကုန်း၊ အင်းမ၊ ဆင်မြီးဆွဲဟု တိုက်နယ် ၄ ခုရှိပါကြောင်း၊ တိုက်နယ် ၄ ခုရှိသည့် အနက် အင်းမမြို့သည် အခြား တိုက်နယ် များထက် စည်ပင်ဖွံ့ဖြိုးသည့် ဒေသတစ်ခုလည်းဖြစ်ပါကြောင်း၊ ရန်ကုန်-ပြည် လမ်းဘေး တွင်တည်ရှိပြီး ဖွံ့ဖြိုးတိုးတက်မှုအများဆုံးရှိသည့် ဒေသလည်းဖြစ်ပါကြောင်း၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးများတွင် တခြားတိုက်နယ်ထက် ပိုမိုဖွံ့ဖြိုးပြီး လယ်ယာစိုက်ပျိုးရေးအပြင် ငါးမွေးမြူ ရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်နေသည့် ဒေသတစ်ခုလည်းဖြစ်ပါကြောင်း၊ အင်းမမြို့ တွင် ဆိုရိုးစကားတစ်ခုရှိပါကြောင်း၊ “အင်းမဝက်ပုပ် လှည်းမဖြုတ်နှင့် ဖြုတ်သာဖြုတ်စေ မအိပ်လေ နဲ့” ဆိုသည့် ဆိုရိုးစကားအတိုင်း အင်းမမြို့သည် ဖွံ့ဖြိုးတိုးတက်သည့် ဒေသတစ်ခုဖြစ်ပါကြောင်း။

အင်းမမြို့၏ ရန်ကုန်-ပြည် ကားလမ်းမပေါ်တွင် အင်းမတံတားရှိပါကြောင်း၊ ထိုချောင်းကူး တံတားဘေးမှ အနောက်ဘက် အင်းမမြို့တွင်းသို့ ၃ ဖာလုံခန့်လမ်းပိုင်းသည် မိုးရာသီတွင် မိုးရေချိန် ၄ လက်မအထက် ရွာသွန်း၍လည်းကောင်း၊ သဲကုန်းမြို့၏ ချောင်းပေါင်းစုံမှလာသည့် တောင်ကျ ချောင်းရေများ စီးဆင်းမှုကြောင့်လည်းကောင်း၊  ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် ရေကြီးရေလျှံမှု များ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ၎င်းရေကြီးရေလျှံမှုသည် အချိန်ကြာမြင့်စွာ ရေလျှံခြင်း မဟုတ်ဘဲ တစ်ခါတစ်ရံ တစ်ရက်ခန့် ကြာမြင့်ကြောင်း၊ ယခုနှစ် ၆ လပိုင်းနှင့် ၇ လပိုင်းတွင်လည်း ရေကြီးရေလျှံပြီး လမ်းပေါ်သို့ ရေကျော်မှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း Max Highway Co.Ltd မှ B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်နေသော ရန်ကုန်-ပြည်-မန္တလေးကား လမ်းသည် ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲရသည့် လမ်းတစ်ခုဖြစ်ပါကြောင်း။

သဲကုန်းမြို့နယ်၊ အင်းမမြို့၊ အင်းမတံတားဘေးမှ အနောက်ဘက် သီရိမင်္ဂလာရပ်ကွက် ၁၅၃ မိုင်၊ ၃ ဖာလုံနှင့် ၁၅၃ မိုင်၊   ၆ ဖာလုံကြားရှိ ၃ ဖာလုံခန့်လမ်းပိုင်းသည် မိုးအဆက်မပြတ် ရွာသွန်း ပါက ပျမ်းမျှ ၉ လက်မခန့် ရေအမြင့် လမ်းပေါ်သို့ ကျော်မှုကြောင့်လည်းကောင်း၊ ယာဉ်များသွားလာ မှု ခေတ္တရပ်တန့်ရခြင်း၊ မိုးရွာသွန်းမှုရပ်ပါက လမ်းပေါ်သို့ ရေများပြန်လည် စီးဆင်းခြင်းတို့ ဖြစ်ပေါ်ခဲ့ ပါကြောင်း၊ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ နတ်တလင်းခရိုင်၊ သဲကုန်း မြို့နယ်၊ အင်းမမြို့၊ အင်းမတံတား အနောက်ဘက်မှ မြို့တွင်း ၃ ဖာလုံခန့်အား လမ်းသားအမြင့် ၂ ပေခွဲခန့် မြှင့်တင်ဆောင်ရွက်ပေးနိုင်မှု ရှိ မရှိမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က

         မေးခွန်းပါလမ်းအပိုင်းသည် ရန်ကုန်-ပြည်-မန္တလေးလမ်း၏ ပဲခူးတိုင်းဒေသကြီးအပိုင်းဖြစ် သော မိုင်တိုင် ၇၀/၆ မှ ၁၉၃/၅ အထိ ၁၂၂ မိုင်၊ ၇ ဖာလုံရှည်သည့်လမ်းပိုင်းတွင် ပါဝင်ပြီး ပြည်ထောင်စုမှ စီမံခန့်ခွဲသော B.O.T လမ်းတစ်ခုဖြစ်ပြီး အဆိုပါလမ်းသည် ကတ္တရာ၊ ကွန်ကရစ် လမ်း၊ AC လမ်းဖြစ်ပြီး ၂၄ ပေအကျယ် ကတ္တရာလမ်းကို ၁၇ မိုင်လောက်ပါဝင်ပါကြောင်း၊  အင်းမ ချောင်းကူး တံတားအနောက်ဘက်မှ အင်းမမြို့တွင်းသို့ ၃ ဖာလုံခန့်သည် လက်ရှိ ၂၄ ပေ အကျယ် ကတ္တရာကွန်ကရစ် AC လမ်းပိုင်းဖြစ်ပါကြောင်း။

အဆိုပါမေးခွန်းတွင် ပါဝင်သည့် အင်းမချောင်းကူးတံတားအနောက်ဘက်မှ မြို့တွင်းမိုင်တိုင် ၁၅၃ မိုင် ၃ ဖာလုံနှင့် ၁၅၃ မိုင် ၆ ဖာလုံကြား ရေကျော်နေသည့် ၃ ဖာလုံအား လမ်းသားမြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။