နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိတတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ (၁၃-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ်ယပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ မှတ်တမ်းအကျဉ်းချုပ်(၁၃-၇-၂၀၂၆) တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး(၂၁)ရက်မြောက်နေ့သို့လာရောက်လေ့လာသည့်International Leadership College(ILC)မှဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများအားတွေ့ဆုံ
MY EN

(ခ)- ဦးစိုးဝင်း(မိုးညှင်းမဲဆန္ဒနယ်)-မေးခွန်း

2026-07-13
တတိယအကြိမ်
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးစိုးဝင်း(မိုးညှင်းမဲဆန္ဒနယ်)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ GTI အဆင့်ရှိကျောင်းအား GTC အဆင့်သို့ ပြန်လည်မြှင့်တင်ရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မိုးညှင်းမြို့သည် ကချင်ပြည်နယ်အတွင်း ပညာရေးကိုအထူးအားပေးသော မြို့ဖြစ်ပြီး ဆန်၊ ရေ၊ စပါးပေါများခြင်း၊ နေထိုင်စားသောက်မှုကုန်ကျစရိတ်သက်သာခြင်း၊ရာသီဥတု မျှတခြင်း၊ စီးပွား ရေးအလုပ်အကိုင်အခွင့်အလမ်းပေါများခြင်း၊သွားလာရေး အဆင်ပြေခြင်း တို့ကြောင့် အခြေချနေထိုင်သူများပြားပါကြောင်း၊ နေထိုင်သူဦးရေများပြားသည်နှင့်အညီ မိဘ များ၏ပညာရေးအပေါ် အလေးထားမှုကြောင့်လည်း နှစ်စဉ်ပညာထူးချွန်သူများစွာ ပေါ်ထွက် လျက်ရှိနေပါကြောင်း၊ ထူးချွန်မှု ကြောင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသို့ တက်ရောက် နိုင်သူများရှိသကဲ့သို့ အခြေအနေအရ မိမိတို့မြို့ရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းများသို့ တက်ရောက် သင်ကြား သူများလည်းရှိကြပါကြောင်း၊ နည်းပညာတက္ကသိုလ်သို့ မသွား ရောက်နိုင်သူများအနေဖြင့် နည်းပညာ ဘာသာရပ်များ အား စိတ်ပါဝင်စားသော လူငယ်လူရွယ် များအတွက် မိုးညှင်းမြို့ရှိ နည်းပညာကျောင်းသည် အလွန် အရေးပါသော နေရာတစ်ခု ဖြစ်ပါကြောင်း။ 

မိုးညှင်းမြို့၌ ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ မြေဧရိယာအကျယ် အဝန်း ၅.၃၉ ဧကပေါ်တွင် GTI အဆင့်ရှိကျောင်းအား စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ၃ နှစ်တက်ရသော ဒီပလိုမာ ကျောင်းအဆင့်မှ ၂၀၀၇ ခုနှစ်တွင် B.Tech နှင့် B.E အဆင့်သို့တက်ရောက်နိုင်ပြီး GTC ကျောင်းအဆင့်သို့ပြောင်းလဲ မြှင့်တင်ခဲ့ရာမှ ၂၀၁၇-၂၀၁၈ ခုနှစ်အထိသာ B.E နောက်ဆုံး တက်ရောက်ခဲ့ရပြီး ၂၀၁၇ ခုနှစ်မှစ၍ ၃ နှစ်တက်ရသော ဒီပလိုမာကျောင်း GTI အဆင့်သို့ ပြန်လည်ရောက်ရှိခဲ့ပါကြောင်း၊ မိုးညှင်းမြို့နယ် အတွင်း ကျောင်းပေါင်းစုံနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း ၂၂ ကျောင်းရှိပြီး နှစ်စဉ်တက္ကသိုလ် ဝင်တန်းဖြေဆိုသူဦးရေ ၂,၀၀၀ ခန့် ရှိပါကြောင်း၊ ထို့ပြင် ကသာ၊ ပင်လည်ဘူး၊ ဗန်းမောက်၊ အင်းတော် စသည့် နီးစပ်ရာမြို့နယ်များရှိ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူတချို့ လည်း မိုးညှင်းမြို့ GTI ကျောင်းသို့ တက်ရောက်လာကြပါကြောင်း၊ မိုးညှင်းမြို့ အ..က ၂ကျောင်း သည် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းဖြစ်ပြီး ၃ နှစ်တက်ရောက်၍ ထူးချွန်စွာ အောင်မြင်သည့် ကျောင်းသားလူငယ်များအတွက် မိုးညှင်းမြို့ GTI ကျောင်းအားအဆင့်မြှင့်တင် ဆောင်ရွက် ပေးနိုင်ပါက B.Tech တက်ရောက်နိုင်မည့်အခွင့်အရေးတစ်ခုဖြစ်ပါကြောင်း၊အကယ်၍ GTC ကျောင်းအဆင့်သို့ တိုးမြှင့်ပါက စာသင်ဆောင်ကျောင်းသား ကျောင်းသူအိပ်ဆောင်များ လိုအပ် လျက်ရှိပြီး ကျောင်းသား ကျောင်းသူ လက်ခံသင်ကြားမည့် စာသင်ဆောင် ၂ ဆောင်ရှိပါကြောင်း၊ စာသင်ဆောင်၊ Laboratory၊ ကွန်ပျူတာ၊ စာကြည့်တိုက်များလည်း ပြည့်စုံစွာရှိကြောင်း၊ ယခင်က မိုးညှင်းမြို့၌ အစိုးရနည်းပညာကောလိပ်တည်ရှိခဲ့ပြီး နည်းပညာဘွဲ့များ ရရှိ နိုင်ခဲ့ပါကြောင်း၊သို့သော် ယခုအခါ GTC သည် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအဖြစ် ပြောင်းလဲ သွားပြီး ၃ နှစ်တက်ရသော ဒီပလိုမာသာ ရရှိနိုင်ပြီး B.Tech ရယူလိုပါက ရွှေဘို၊ မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့ ၄ မြို့သို့ သွားရောက် တက်ရောက်ကြရမည်ဖြစ်ပါကြောင်း၊ သွားရောက်ရန် စရိတ်စကမြင့်မာခြင်း၊ လုံခြုံရေး အခြေအနေအရ လမ်းခရီးခက်ခဲခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရခြင်းများကြောင့် B.Tech ရယူရန်အခွင့်အရေးများကို လက်လွှတ်ကြရပြီး အများစုသည် မိုးညှင်းမြို့ အဝေးသင် တက္ကသိုလ်တို့သာ တက်ရောက် ကြကြောင်း။

ယခင်နှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် B.Tech နည်းပညာဘွဲ့၄ နှစ်သင်တန်း၏ ဝင်ခွင့်သတ်မှတ်ချက်များ၌ သင်တန်းကာလ ၄ နှစ်လုံး အောင်မြင်သည့်အခါ B.Tech ဘွဲ့ကို တိုက်ရိုက်အပ်နှင်းချီးမြှင့်မည်ဆိုသောအချက်ကိုဖတ်ရှုရပါကြောင်း၊ GTC တစ်ကျောင်းလျှင် (Civil EP Mechanical) မေဂျာ ၃ ခုအတွက် ကျောင်းသား ကျောင်းသူ ၆၀ ဦး လက်ခံသွားမည်ကိုလည်း သိရှိရပါကြောင်း၊ ကချင်ပြည်နယ်အတွင်း၌ တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်အရ ရမှတ်များသော ဒေသခံကျောင်းသား ကျောင်းသူများသည် B.E ဘွဲ့ရယူ ချင်ပါက ပြည်နယ်အတွင်း တစ် ကျောင်းထဲရှိသော မြစ်ကြီးနားနည်းပညာတက္ကသိုလ်တို့သာ တက်ရောက်ကြရပါကြောင်း၊ စုစုပေါင်း ရမှတ်နည်းသော ကျောင်းသား ကျောင်းသူများအနေဖြင့် မိုးညှင်းမြို့ရှိ နည်းပညာကျောင်း သို့သာ တက်ရောက်ကြရပါကြောင်း၊ သို့ဖြစ်ပါ၍ ကချင် ပြည်နယ်ရှိ ကျောင်းသား ကျောင်းသူများ၏ ပညာရေးလုံခြုံစိတ်ချစွာ တက်ရောက်နိုင်ရေး အတွက် မိုးညှင်းမြို့ရှိ GTI ကျောင်းကို GTC အဖြစ် ပြန်လည်အဆင့်မြှင့်တင်ပေးရန် လိုအပ် လျက်ရှိပါကြောင်း၊ အဆင့်မြှင့်တင်ခြင်းဖြင့် ပညာ သင်လူငယ်များ၏ အနာဂတ်ကာလ ဝင်ခွင့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့်ဒေသခံ ကျောင်း သား ကျောင်းသူများသည် ၄ နှစ်သင်တန်း B.Tech နည်းပညာဘွဲ့ ရရှိနိုင်မည်ဖြစ်သည့်အတွက် မိုးညှင်းမြို့ GTI အဆင့်ရှိကျောင်းအား GTC အဆင့်သို့ ပြန်လည်မြှင့်တင်ပေးနိုင်ပါရန် အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က

         သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်အတွင်းတွင် Polytechnic University (မြစ်ကြီးနား၊ဗန်းမော်၂ ခု ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မိုးညှင်း၊ ပူတာအို၂ ခု ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို၃ ခု ၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (မိုးညှင်း) ၁ ခု စုစုပေါင်း အင်ဂျင်နီယာနှင့်သက်မွေးပညာ ၈ ကျောင်း ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊တင်ပြသည့် အစိုးရနည်းပညာကောလိပ်ဖွင့်မည် ဆိုလျှင် အစိုးရနည်းပညာကောလိပ် ၁ ကျောင်း၌ ဘာသာရပ်တစ်ခုတွင် ကျောင်းသား ၄၀ ဦးနှင့်  ဘာသာရပ်၃ ခု ဖွင့်လှစ်သည့်အတွက် အကယ်၍ အစိုးရနည်းပညာကောလိပ် (မိုးညှင်း) ဖွင့်လှစ်မည်ဆိုပါက မိုးညှင်းဒေသခံနှစ်စဉ် ၁၂၀ ဦးကို B.Tech ဘွဲ့သင်တန်းများ တက်ရောက်စေနိုင် မည်ဖြစ်ပါကြောင်း၊ လက်ရှိ အစိုးရ စက်မှု လက်မှုသိပ္ပံ(မိုးညှင်း)အနေဖြင့် ဖွင့်လှစ်ထားပြီး ဘာသာရပ် တစ်ခုလျှင် ၄၀ ဦးနှင့် အထူးပြု ဘာသာရပ် (Civil,EC,EP,Mechanical,IT) ၅ ခုတို့ကို ဖွင့်လှစ် သင်ကြားပေး လျက်ရှိသည့် အတွက်  အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် နှစ်စဉ်ဝင်ခွင့် ၂၀၀ ဦးထိ ခေါ်ယူ လျက် ရှိ ကြောင်း။

 ထို့အပြင်အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)မှ A.G.T.I ၃နှစ် သင်တန်းများကို တက်ရောက်အောင်မြင်ပြီး ဆက်လက်ပညာသင်ကြားရန် အဆင့်မီသူများသည် B.Tech သင်တန်းများ သာမက B.E သင်တန်းများသို့ပါ ဆက်လက်ပညာ သင်ကြားခွင့် ရရှိကြမည် ဖြစ်ပါ ကြောင်း၊၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ ယခုအချိန်ထိ အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်းကျောင်း ဆင်း ၂၅၂ ဦးရှိသည့် အနက် B.E သင်တန်းသို့ ဆက်လက်တက်ခွင့်ရရှိသူ စုစုပေါင်း ကျောင်းသား များ၏ ၁၇ ရာခိုင်နှုန်း ဖြစ်သည့် ၄၁ ဦးနှင့် B.Tech သင်တန်းသို့ စုစုပေါင်းကျောင်းသားများ၏ ၆ ရာခိုင်နှုန်းဖြစ်သည့် ဆက်လက်တက်ရောက်ခွင့်ရရှိသူ ၁၃ ဦးရှိကြောင်း၊ ထို့အပြင် GTI ကျောင်းများ၏ သဘောသဘာ ဝသည် B.Tech၏ သဘောသဘာဝနှင့်နှိုင်းယှဉ်ပါက သက်ဆိုင်ရာ ပညာရပ်နယ်ပယ်တွင် လက်တွေ့ ကျွမ်းကျင်ရန် ပိုမိုဦးစားပေးသည့် သဘာဝရှိသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းအရလည်း ပိုမိုအားသာမှုရှိကြောင်း။

ထို့ကြောင့် မိုးညှင်းတွင် GTIသင်တန်းများ ဆက်လက်ဖွင့်လှစ်ခြင်းဖြင့် နှစ်စဉ်ကျောင်းသား အရေအတွက် ပိုမိုများပြားစွာတက်ရောက်နိုင်သည့် အခွင့်အရေးရှိသည့်အပြင် အဆင့်မီပါက B.Tech သင်တန်းများ B.E သင်တန်းများသို့လည်း ဆက်လက်တက်ရောက်နိုင်သည့် အခွင့် အလမ်း များ စသည့် အားသာချက်များရှိသဖြင့် လက်ရှိ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ GTI အဆင့် ရှိသော ကျောင်း အား GTC အဆင့်သို့မြှင့်တင်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။