နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိတတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ (၁၃-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ်ယပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ မှတ်တမ်းအကျဉ်းချုပ်(၁၃-၇-၂၀၂၆) တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး(၂၁)ရက်မြောက်နေ့သို့လာရောက်လေ့လာသည့်International Leadership College(ILC)မှဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများအားတွေ့ဆုံ
MY EN

(ဂ)- ဦးအောင်ဝင်းဆွေ(မြန်အောင်မဲဆန္ဒနယ်)-မေးခွန်း

2026-07-13
တတိယအကြိမ်
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးအောင်ဝင်းဆွေ(မြန်အောင်မဲဆန္ဒနယ်)

မြန်အောင်မြို့နယ်၊ ကနောင်မြို့တွင် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ (GTC၊ GTI)တည်ထောင်ဖွင့်လှစ် ပေးနိုင်ခြင်းရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မြန်အောင်မြို့နယ်အတွင်း မြို့အဖြစ် တည်ရှိနေသည့် ကနောင်မြို့သည် ရှေးဘုရင်မင်းများ လက်ထက်ကပင် စည်ပင်ဖွံ့ဖြိုးခဲ့ပြီး ကုန်းဘောင်ခေတ် စက်မှုကဏ္ဍဖွံ့ဖြိုးရေးဦးဆောင်သူ အိမ်ရှေ့စံ ကနောင်မင်းသားကြီး အပိုင်းစားခဲ့ရသည့် သမိုင်းဝင် အမည်ရှိသည့် မြို့လည်းဖြစ်ပါကြောင်း၊ မြန်အောင် မြို့နယ်အတွင်းတွင် မြန်အောင်နှင့်ရွှေပြည်သာ ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများတည်ရှိပြီး နိုင်ငံတော် အတွက် သယံဇာတ တူးဖော်ထုတ်လုပ်ရေးမှ ဝင်ငွေများရရှိအောင် စွမ်းဆောင်ပေးခဲ့သလို သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှလည်း နိုင်ငံတစ်ဝန်း လျှပ်စစ်မီးလင်းရေးကို ပေးစွမ်းနိုင်ခဲ့ပါ ကြောင်း၊ အလားတူ အနီးဆုံးဖြစ်သည့် ကြံခင်းမြို့တွင် မြင်းခေါင်းအမှတ်တံဆိပ်နှင့် ဘိလပ်မြေစက်ရုံ သည် နှစ်ပေါင်းများစွာ နိုင်ငံတော်၏ တည်ဆောက်ရေးကဏ္ဍတွင် လိုအပ်သည့် ဘိလပ်မြေကို ဖြည့်ဆည်းစွမ်းဆောင်ပေးခဲ့သည့် စက်ရုံကြီးလည်းဖြစ်ပါကြောင်း။

နိုင်ငံတော်အနေဖြင့် မြန်အောင်မြို့နယ်၏ဖွံ့ဖြိုးမှုကို ထည့်သွင်းစဉ်းစားခဲ့သည့်အခါတိုင်းတွင် အကြောင်းမညီညွတ်သည်များလည်း တွေ့ခဲ့ရပါကြောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရခေတ် ၌ ၁၉၈၇-၁၉၈၈ ခုနှစ် စီမံကိန်းများတွင် မြန်အောင်မြို့နယ်အတွက် စက်မှုလက်မှုသင်တန်းကျောင်း အစီအစဉ်တစ်ခု ပါရှိခဲ့ပါကြောင်း၊ သို့သော် ၁၉၈၈ ခုနှစ် နိုင်ငံရေးအပြောင်းအလဲအရ ခေတ်တစ်ခေတ်ကို ကူးပြောင်းသွားခဲ့သလို အစီအစဉ်လည်း ပျောက်ကွယ်ခဲ့ပါကြောင်း၊ ထို့နောက် တပ်မတော်အစိုးရကာလ တွင် ခရိုင်မြို့ကြီးတိုင်း၌ တက္ကသိုလ် ၃ ခု၊ သူနာပြုသင်တန်းကျောင်း၊ စက်မှုဇုန်စီမံကိန်းများ ပေါ်ထွက် လာခဲ့ပါကြောင်း၊ မြန်အောင်သည် ခရိုင်မဟုတ်သည့်အတွက် စီမံကိန်းသည် အကျုံးမဝင်ခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ပထမအကြိမ် လွှတ်တော်နှင့် အစိုးရများ ပေါ်ပေါက်လာသည့်အခါ လမ်းစဉ်ပါတီခေတ် က မြန်အောင်တွင် လျာထားခဲ့သည့် စက်မှုလက်မှုသိပ္ပံစီမံကိန်းကို မြန်အောင်မြို့မိမြိုဖများ၏ တင်ပြ ချက်အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆရာကြီး ဦးခင်မောင်ရီက စာဖြင့်မေးမြန်းခဲ့ရာ ခရိုင်မြို့မဟုတ်သည့်အတွက် ချထားပေးရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်ကြားခဲ့ပါကြောင်း။

ယခုအခါ မြန်အောင်မြို့နယ်သည် ခရိုင်မြို့အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော် နိုင်ငံတော်မှ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနည်းပညာကျောင်းပေါင်း GTHS ၃၅ ကျောင်း၊ အစိုးရနည်းပညာကောလိပ် GTC ၄ ကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း GTI ၃၅ ကျောင်းနှင့် နည်းပညာတက္ကသိုလ်(TU) ၂၆ ကျောင်း တည်ထောင်ထားပြီးဖြစ်သည့်အတွက် Filling Capacity ပြည့်မီရန်အတွက် ကျောင်းသားများပင် ပြည့်မီကောင်း၊ ပြည့်မီပါလိမ့်မည်၊ တည်ထောင်ထား သော တချို့ကျောင်းများသည် ဝေးကွာသည့်အနေအထား မဟုတ်ကြသော်လည်း လိုအပ်ချက်အရ စီမံ ကိန်းများတွင် ပါဝင်ခဲ့ကြပြီး အကောင်အထည်ဖော်တည်ထောင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ယခုအခါ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးနေရကြောင်းလည်း လေ့လာတွေ့ရှိရပါကြောင်း၊ မည်သို့ပင်ဆိုစေ နိုင်ငံတော်၏ အစီအမံများတွင် လက်ရှိကာလ ထည့်သွင်းလျာထားနိုင်ရန် မဖြစ်နိုင်သေး စေကာမူ ခေတ်အဆက်ဆက် မြန်အောင်မြို့နယ်ကိုယ်စားလှယ်များမှ တင်ပြခဲ့ကြသည့် အစဉ်အလာရှိ သည်ကလည်းတစ်ကြောင်း၊ အထက်ကတင်ပြခဲ့သည့် မြို့နယ်အတွင်း သယံဇာတများသည် နိုင်ငံတော် အတွက် နှစ်ကာလရှည်စွာ အကျိုးဖြစ်ထွန်းစေခဲ့ပြီး အခြေခံဒေသ၏ အခြေခံအဆောက်အဦ (Infrastructure) များ ကောင်းမွန်လာရန် နည်းပညာ၊ အတတ်ပညာဆိုင်ရာ သင်ကြားနိုင်သည့် Centre များရှိရန် အခွင့်အလမ်းများ ရသင့်သည်ဟု ပြည်သူများမှ ယူဆကြသည့်အတွက် တင်ပြပေးစေလို ကြောင်း အကြံပြုခဲ့ကြသည့်အတွက် မေးမြန်းခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီး (မြောက်ပိုင်း)ဒေသ၊ မြန်အောင်မြို့နယ် ကနောင်မြို့တွင် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ (GTC၊ GTI) တည်ထောင်ဖွင့်လှစ်ပေးနိုင်ရန် ဖြစ်နိုင်မည့်အခြေအနေ၊ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က 

ဆန်းစစ်ချက်များအရ မြန်အောင်မြို့နယ်အတွင်း၌  တက္ကသိုလ်ဝင်တန်းအောင်မြင်သူသည် ၂၀၂၅ ခုနှစ်တွင် ၄၄၄ ဦး၊ ၂၀၂၆ ခုနှစ်တွင် ၄၈၇ ဦးရှိကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် Polytechnic University(မအူပင်) ၁ ခု၊ နည်းပညာတက္ကသိုလ် (ဟင်္သာတ၊ ပုသိမ်) ၂ ခု၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်၊ ဝါးခယ်မ၊ လပွတ္တာ) ၃ ခု၊ အစိုးရ နည်းပညာအထက်တန်းကျောင်း (ပုသိမ်၊ မအူပင်၊ ဟင်္သာတ) ၃ ခု၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်ကျောင်း(ဒေးဒရဲ၊ ချင်းမြောင်၊ စက္ကော့၊ ကျုံပျော်၊ ဂုန်နီ၊ လပွတ္တာ၊ ပုသိမ်၊ ဟင်္သာ တ) ၈ ခု စုစုပေါင်း ၁၇ ကျောင်းကို ခရိုင် ၈ ခုနှင့် မြို့နယ် ၂၆ ခုရှိ ပြည်သူများ ပညာသင်ယူနိုင်ရေး ဖြန့်ကျက်ဖွင့်လှစ်ထားရှိကြောင်း၊ ထိုဟာသည် နိုင်ငံတော်အတွင်း ဖွင့်လှစ်ခဲ့သည့်အနက် တိုင်းဒေသ ကြီး ပြည်နယ်အတွင်းတွင် စတုတ္ထမြောက်အများဆုံး ဖွင့်လှစ်ထားရှိခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိအခြေအနေအရ  ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့တွင် အစိုးရနည်း ပညာကောလိပ် သို့မဟုတ် အစိုးရစက်မှုလက်မှုသိပ္ပံ၊ GTC သို့မဟုတ် GTI တည်ထောင်ဖွင့်လှစ် နိုင်ခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။