နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိတတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ (၁၃-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ်ယပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ မှတ်တမ်းအကျဉ်းချုပ်(၁၃-၇-၂၀၂၆) တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး(၂၁)ရက်မြောက်နေ့သို့လာရောက်လေ့လာသည့်International Leadership College(ILC)မှဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများအားတွေ့ဆုံ
MY EN

(ဃ)- ဦးစောဟေသားကြီး(သံတောင်ကြီးမဲဆန္ဒနယ်)-မေးခွန်း

2026-07-13
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးစောဟေသားကြီး(သံတောင်ကြီးမဲဆန္ဒနယ်)

သံတောင်မြို့သစ် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံကို ပြန်လည်ဖွင့်လှစ်နိုင်မှုရှိ မရှိ၊ ရှိပါက မည်သည့် အချိန်တွင် ဖွင့်လှစ်မည်နှင့် မရှိပါက အဘယ်ကြောင့်မဖွင့်နိုင်ကြောင်းကို သိရှိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ ပြည်သူ့ဆေးရုံကို ၁၉၆၅ ခုနှစ်ကတည်းက တည်ဆောက် ဖွင့်လှစ်ခဲ့ပြီး ၂၅ ခုတင်ဆံ့ဆေးရုံဖြစ်ပြီး ယခင်မြို့နယ်ဆေးရုံကြီးလည်းဖြစ်ခဲ့ပါကြောင်း၊ ဆေးရုံအကျယ် အဝန်းသည် ၉.၉၃ ဧက ရှိပါကြောင်း၊ သံတောင်မြို့လူဦးရေ ၈,၀၀၀ ကျော်ရှိပြီး ပတ်ဝန်း ကျင်ကျေးရွာ ၁၀ ရွာမှ ပြည်သူများ အားကိုးကုသရသော ဆေးရုံကြီးလည်းဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဝန်ထမ်း အင်အားစာရင်း ၂၅ ဦးရှိသည်ကို သိရှိရပါကြောင်း၊ ထိုဆေးရုံသည် ဆေးသိုလှောင်ရုံ၊ အမျိုးသမီး လူနာဆောင်၊ ခွဲစိတ်ဆောင်၊ အမျိုးသားလူနာဆောင်၊ ဝန်ထမ်းအိမ်ရာ(၁)(၂)၊ ဆေးရုံဆရာ ဝန်နေအိမ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ ဝန်ထမ်းအိမ်ရာအသစ် ၄ ထပ်ဆောင် တစ်ဆောင်ရှိပါကြောင်း။

ဖေဖော်ဝါရီလ ၈.၂.၂၀၂၁ ရက်မှစ၍ မြို့နယ်ဆရာဝန်ကြီးအပါအဝင် ဝန်ထမ်းအားလုံး CDM လုပ်သွားကြသဖြင့် ထိုဆေးရုံကြီးကို ယခုအချိန်အထိ ပိတ်ထားရပါကြောင်း၊ ထိန်းသိမ်းစောင့်ရှောက်သူ မရှိတော့သဖြင့် မသမာသူများသည် ဆေးရုံမှပစ္စည်းဖြစ်သော ခွဲစိတ်ပစ္စည်းများ၊ သွားဘက်ဆိုင်ရာ ပစ္စည်းများ၊ သိုလှောင်ထားသော ဆေးများ၊ ဓာတ်မှန်ပစ္စည်းများ၊ မီးကြိုးများ၊ ရေမော်တာများ၊ မီးစက် ဒိုင်နမိုများ ခိုးယူခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် သံတောင်ကြီးမြို့နှင့် ပတ်ဝန်းကျင်တစ်ဝိုက် အကြမ်း ဖက် လက်နက်ကိုင်များနှင့် တပ်မတော်စစ်ကြောင်းများ မကြာခဏ ပစ်ခတ်မှုကြောင့် ပြည်သူများ စစ်ဘေးရှောင်ခဲ့ရပါကြောင်း၊ ယခုအခါ ပြန်လည်တည်ငြိမ်စပြုလာပြီဖြစ်သဖြင့် ပြည်သူများ နေရပ်သို့ ပြန်လည်နေထိုင်ကြပါကြောင်း၊ ထိုမြို့သည် ယခုခရိုင်ရုံးစိုက်ရာ မြို့လည်းဖြစ်ပါကြောင်း၊ ဒေသခံ ပြည်သူများသည် ဆေးရုံကြီးပိတ်ထားရသဖြင့် တောင်ငူဆေးရုံကြီးကိုသာ အားကိုးနေရသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊ ဒေသခံပြည်သူများမှ ဆေးရုံကြီးကို အမြန်ဆုံးပြန်လည် ဖွင့်လှစ်လိုပါသဖြင့် ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိပါက မည်သည့်အချိန်ကာလတွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဒေါက်တာအေးထွန်း(ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)

         ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၅ ခုတင်ဆံ့ သံတောင်ကြီးမြို့နယ် ပြည်သူ့ ဆေးရုံ၊ ၂၅ ခုတင်ဆံ့ သံတောင်မြို့ပြည်သူ့ဆေးရုံ၊ ၁၆ ခုတင်ဆံ့ လိပ်သိုနှင့် ဘောဂလိတိုက်နယ် ဆေးရုံများ ရှိကြပါကြောင်း၊ သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးရုံလုပ်ငန်းများ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁-၂၀၂၂ ခုနှစ်များတွင်လည်း ဆေးရုံပိတ်ထားခြင်း မရှိခဲ့ပါ ကြောင်း၊ လက်ရှိဝန်ထမ်း ၁၄ ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ မေးခွန်း ပါ ၂၅ ခုတင်ဆံ့ သံတောင်မြို့ပြည်သူ့ဆေးရုံသည် သံတောင်ကြီးမြို့မှ ၁၃ မိုင်ခန့်အကွာတွင် ရှိပါ ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ဝန်ထမ်းများ လုပ်ငန်းခွင်စွန့်ခွာ DCS လုပ်ခဲ့သဖြင့် ဆေးရုံလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရခြင်းဖြစ်ပါကြောင်း၊  နယ်မြေအခြေအနေ တိုးတက်လာပြီဖြစ်သော်လည်း ဆေးရုံဝန်း အတွင်း စနစ်တကျ ရှင်းလင်းဆောင်ရွက်ရန် လိုအပ်ချက်ရှိနေသေးခြင်း၊ ဆက်လက်၍ အဆောက် အဦပြုပြင်မှုနှင့် ဆေးရုံသုံးပစ္စည်းများ စိစစ်ဖြည့်တင်းခြင်းများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိနေသေး သဖြင့် ဆေးရုံအား လတ်တလော ပြန်လည်ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် အမြန်ဆုံး ပြန်လည် ဖွင့်လှစ်၍ ဆေးရုံလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရန်အတွက် ပြည်နယ်အစိုးရ၊ လုံခြုံရေးအဖွဲ့ အစည်းများနှင့် စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းနေပါကြောင်း။

         သံတောင်မြို့မှာ ၂၅ ခုတင်ဆံ့ဆေးရုံအပြင် မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိပြီး ၎င်းဌာနကို ပြန်လည်ရှင်းလင်း ဆောင်ရွက်ထားပြီးဖြစ်သည့်အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်နိုင်သည့် အခြေအနေရှိလာခဲ့ပါကြောင်း၊ ထို့ကြောင့် ယင်းဌာနတွင် ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်း၊ ကိုယ်ဝန်ဆောင်ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် တခြားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သားဖွားဆရာမ ၂ ဦးကို သံတောင်ကြီးမြို့မှ အပတ်စဉ် စေလွှတ်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သံတောင်မြို့ပြည်သူ့ဆေးရုံ မဖွင့်လှစ်သေး နိုင်သည့်အချိန်အတွင်း သံတောင်မြို့ မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ပြင်ပလူနာများ နေ့စဉ် ကုသနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ တာဝန်ပေးအပ်ချထားရန် စီစဉ်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ 

မေးခွန်း
မေးခွန်း

ဦးစောဟေသားကြီး(သံတောင်ကြီးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

သံတောင်ကြီးဆေးရုံသည် ခရိုင်ရုံးစိုက်သည့် ဆေးရုံဖြစ်သည့်အတွက် ဆေးခန်းလောက်နှင့် အဆင်မပြေပါကြောင်း၊ ထိုဆေးရုံကို မည်သည့်အချိန်ဖွင့်လှစ်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း၊ ထို့နောက် ဆေးရုံတွင် လိုအပ်သည့် ဆေးဝါး၊ ခွဲစိတ်ကိရိယာ၊ သွားဘက်ဆိုင်ရာပစ္စည်း၊ ဓာတ်မှန် တို့ကို မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က

အဓိကအားဖြင့် ပြည်သူ့ဆေးရုံအတွင်းတွင် ပေါက်ကွဲစေနိုင်သည့်ပစ္စည်းများ ရှိနိုင်သည့် အတွက် စနစ်တကျရှင်းလင်းရန် အချိန်ယူ ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း၊ အထဲရှိ ဆေးရုံသုံး ပစ္စည်းများ ပျက်စီးမှုအခြေအနေကိုလည်း အသေးစိတ်မသိရှိရသေးပါကြောင်း၊ မိမိတို့အနေဖြင့် ၂၅ ခုတင်ဆံ့ဆေးရုံအတွက် လိုအပ်မည့် ခွဲစိတ်ခန်းသုံးပစ္စည်း၊ ဓာတ်ခွဲ၊ ဓာတ်မှန်ပစ္စည်းများကို ပေးပို့ ရန် အဆင်သင့်ရှိနေ‌ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။