နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိတတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ (၁၃-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ်ယပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ မှတ်တမ်းအကျဉ်းချုပ်(၁၃-၇-၂၀၂၆) တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး(၂၁)ရက်မြောက်နေ့သို့လာရောက်လေ့လာသည့်International Leadership College(ILC)မှဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများအားတွေ့ဆုံ
MY EN

(င)- ဦးမျိုးမြင့်သိန်း(ဝမ်းတွင်းမဲဆန္ဒနယ်)-မေးခွန်း

2026-07-13
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးမျိုးမြင့်သိန်း(ဝမ်းတွင်းမဲဆန္ဒနယ်)

ဝမ်းတွင်းမြို့နယ်၊ တမာကုန်းကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့် ပေးရန်၊ မြို့နယ်နှင့်တိုက်နယ်ဆေးရုံများ၊ကျေးလက်ကျန်းမာရေးဌာနခွဲများတွင်သတ်မှတ် ဝန်ထမ်း များ ပြည့်မီ စွာခန့်ထားပေးရန်နှင့် မြွေဆေးနှင့် ခွေးရူးပြန်ကာကွယ်ဆေးအပါအဝင် ဆေးဝါးများ ဖြန့်ဝေ ထားရှိပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဝမ်းတွင်းမြို့နယ်၊ တမာကုန်း RHD သည် ကျေးရွာအုပ်စုပေါင်း ၇ အုပ်စု၊ ကျေးရွာပေါင်း ၂၂ ရွာရှိ လူဦးရေ ၂၉,၀၈၇ ဦးကို ကျန်းမာရေး စောင့်ရှောက်ပေးနေပြီးဝမ်းတွင်း မြို့နယ်၏ အနောက်တောင်ဘက်အရပ်တွင် တည်ရှိပါကြောင်း၊ ဒေသခံမိဘပြည်သူများသည် ရက်ကန်း လုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြပါကြောင်း၊ ယခုအခါ ဒေသခံမိဘ ပြည်သူများ မှကျန်းမာရေးစောင့်ရှောက်မှုအတွက် သွားလာရလွယ်ကူသော တမာကုန်း ကျေးလက် ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ပါရန်လိုလားတောင့်တ လျက်ရှိ ပါကြောင်း၊ တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိပါက ယခု လက်ရှိဌာနပိုင်မြေ နေရာ အပြင် တမာကုန်းကျေးရွာမှ အလှူရှင် ဦးစန်းဝင်း+ဒေါ်သန်းမွန် မိသားစုက တိုက်နယ်ဆေးရုံ အဆင့် အသုံးပြုနိုင်ရန်လိုအပ်သောမြေဧရိယာကိုလည်း လှူဒါန်းထားပါကြောင်း၊ယခုအခါအလှူရှင် မိသားစု နှင့်ကျေးရွာရပ်မိရပ်ဖများက လှူဒါန်းထားသောယာမြေကို အခြားနည်းသုံးစွဲခွင့်နှင့် ကျန်းမာ ရေး ဌာနအမည်ပေါက်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါကြောင်း၊တိုက်နယ်ဆေးရုံကြီးပေါ်ပေါက် လာလျှင် ဒေသ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမို အကျိုးပြု လာနိုင်မည် ဖြစ်ပါ ကြောင်း၊၎င်းအပြင် ဝမ်းတွင်းမြို့နယ်ရှိ မြို့နယ်ဆေးရုံနှင့် တိုက်နယ် ဆေးရုံများ၊ ကျေးလက် ကျန်းမာ ရေးဌာနခွဲ ၄၉ ခုတို့တွင် သတ်မှတ်ဆရာဝန်၊ သူနာပြုနှင့် သတ်မှတ်ဝန်ထမ်းများ ပြည့်မီစွာ ခန့်ထားပေးနိုင်ရေး လိုအပ်နေသည်ကို သိရှိရပါကြောင်း။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ မိဘပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပိုမိုလျင်မြန် လွယ်ကူစွာရရှိနိုင်ရန်အတွက် မြွေဆေး၊ ခွေးရူးပြန်ကာကွယ်ဆေးနှင့် ဌာနသတ်မှတ်ဆေးဝါးများကို ပြည့်မီလုံလောက်စွာထားရှိပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တမာကုန်းကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ရန်အစီအစဉ်ရှိ မရှိ၊ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ဆရာဝန်၊ သူနာပြု နှင့် သတ်မှတ်ဝန်ထမ်းများ ပြည့်မီစွာခန့်ထားပေးနိုင်ရေး၊ မြွေဆေးနှင့် ခွေးရူးပြန်ကာကွယ်ဆေးများ အပါ ဌာနသတ်မှတ်ဆေးဝါးများ ပြည့်မီလုံလောက်စွာသိုလှောင်ဖြန့်ဝေပေးနိုင်ရေး အစီအစဉ် ရှိ မရှိ ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်း

         မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူဦးရေ ၂၅၉,၀၀၀ ကျော်နေထိုင်လျက်ရှိပြီး ခုတင် ၅၀ ဆံ့ မြို့နယ်ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၄ ရုံ၊ ဒေသန္တရကျန်းမာရေးဌာန ၁ ခု၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၁၁ ခု၊ ကျေးလက် ကျန်းမာရေး ဌာနခွဲ ၄၉ ခုတို့နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ တမာကုန်း ကျေးလက်ကျန်းမာရေးဌာနသည် ဝမ်းတွင်းမြို့နယ်၊ ပဲခင်းကျော်ကျေးရွာအုပ်စု၊ တမာကုန်းကျေးရွာ တွင်တည်ရှိပြီး ကျန်းမာရေးဝန်ထမ်း ၆ ဦးဖြင့် ကျေးရွာအုပ်စုပေါင်း ၇ အုပ်စု၊ ကျေးရွာပေါင်း ၂၂ ရွာ၊ အိမ်ခြေ ၆,၈၆၆ အိမ်၊ လူဦးရေ ၂၉,၀၈၇ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါ ကြောင်း၊ အဆိုပါ ကျေးလက်ကျန်းမာရေးဌာနသည် ရန်ကုန်မန္တလေးလမ်းဟောင်းမှ မိုင်ဝက်ခန့် အကွာ တွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ ရာသီမရွေးသွားလာနိုင်ပါကြောင်း၊ ဝမ်းတွင်းမြို့နယ် ပြည်သူ့ ဆေးရုံနှင့် ၇ မိုင်ခန့်အကွာတွင်တည်ရှိပြီး ကားဖြင့် ၁၅ မိနစ်ခန့် သာသွားရောက်ရပါကြောင်း၊ ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း ပြင်ပလူနာပေါင်း ၄,၈၈၂ ဦး လာရောက် ကုသမှုခံယူခဲ့ သောကြောင့် ဒေသလူဦးရေ၏ ၁၇ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ နေ့စဉ် ပျမ်းမျှမှာ ၁၃ ဦးခန့် ဖြစ်ပါကြောင်း၊ လူနာများ အရေးပေါ်ကုသခြင်းနှင့်လိုအပ်ပါက မြို့နယ် ဆေးရုံသို့ ညွှန်းပို့ခြင်း များကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ပြင်ပလူနာ ၁၃၄ ဦးနှင့် ကိုယ်ဝန်ဆောင် ၂၁၉ ဦးကို တိုက်နယ်နှင့် မြို့နယ်ဆေးရုံများတွင် ဆက်လက်ကုသမှုခံယူရေး လွှဲပြောင်းပေးနိုင်ခဲ့ပါကြောင်း၊ ပျမ်းမျှအားဖြင့် ၁ ရက် လျှင် တစ်ဦးခန့် တိုက်နယ်၊ မြို့နယ်ဆေးရုံသို့ ဆက်လက်လွှဲပို့ရသည်ကို တွေ့ရှိရပါကြောင်း။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုက်နယ်ဆေးရုံများ အသစ်ဖွင့်လှစ်ခြင်း ဆောင်ရွက်ရာ တွင် ဒေသလိုအပ်ချက်၊ လက်ရှိကျေးလက်ကျန်းမာရေးဌာန၏ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု အခြေအနေ၊ ဝန်ကြီးဌာန၏ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်တို့အပေါ်မူတည်ပြီး ဦးစားပေး အစီအစဉ်ဖြင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် လိုအပ်ချက်ရှိနေသေးသောဆရာဝန်၊ သူနာပြု၊ သားဖွား၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေး ထုတ်ဖြည့် တင်း ခြင်းကို အားစိုက်ဆောင်ရွက် နေရချိန်ဖြစ်သည့်အတွက် လက်ရှိဖွင့်လှစ်ထားသည့် ဆေးရုံများ၊ နယ်မြေတည်ငြိမ်အေးချမ်းမှုနှင့်အတူ ပြန်လည်ဖွင့်လှစ်ရမည့် ဆေးရုံများတွင် ဝန်ထမ်း အင်အား ဖြည့်တင်းခြင်းကိုသာ ဦးစားပေးဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တမာကုန်း ကျေးလက်ကျန်းမာရေးဌာနအား ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားခဲ့ပါသည်။

မြို့နယ်နှင့် တိုက်နယ်ဆေးရုံများတွင် ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများ အပြည့်အစုံ ခန့်ထား ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ဆက်လက်ဖြေကြားမည် ဖြစ်ပါကြောင်း၊ ခုတင် ၅၀ ဆံ့ ဝမ်းတွင်းမြို့နယ် ဆေးရုံတွင် လက်ရှိဆရာဝန် ၃ ဦး၊ သူနာပြု ၁၀ ဦး၊ ကျွမ်းကျင်နှင့်အခြားဝန်ထမ်း ၂၄ ဦး စုစုပေါင်း ၃၇ ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး နေ့စဉ်ပျမ်းမျှအတွင်းလူနာ ၄၁ ဦး၊ ပြင်ပလူနာ ၂၈ ဦးတို့အား ဆေးကုသမှုပေးနေတာဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းတွင် အောင်ချမ်းသာ၊ နေပူကုန်း၊ ညောင်အုပ်ဖီး၊ ပင်းတလဲတိုက်နယ်ဆေးရုံ၄ ရုံရှိပြီး တိုက်နယ်ဆေးရုံတိုင်းတွင် ဆရာဝန် ၁ ဦးစီ တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ယင်းတိုက်နယ်ဆေးရုံများတွင် သူနာပြု ၁၄ ဦး၊ အခြား ဝန်ထမ်း ၁၅ ဦးတို့လည်း တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ဝမ်းတွင်းမြို့နယ်ပြည်သူ့ဆေးရုံ၏ ဆေးကုသမှု လုပ်ငန်းများ ပိုမိုထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယခုလအတွင်း လက်ထောက်ဆရာဝန် ၃ ဦး အား ဖြည့်ဆည်းပေးရန်စီစဉ်ပြီးဖြစ်ပါကြောင်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ များတွင် ဖွဲ့စည်းပုံအရ သားဖွားဆရာမ ၁ ဦးနှင့် ကျန်းမာရေး ကြီးကြပ် ၁ ဦး စုစုပေါင်း ၂ ဦးရှိရမည် ဖြစ်သော်လည်း ဝန်ထမ်းအင်အားဖြည့်တင်းနိုင်မှုအခြေအနေအရ ချို့သော ဌာနခွဲ အနည်းငယ်မှာ အနည်းဆုံး ၁ ဦးစီသာရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မှထောက်ပံ့သော သာမန်အသုံးစရိတ် ရန်ပုံငွေဖြင့် အခြေခံဆေးဝါးများ၊ မြွေဆိပ်ဖြေဆေး၊ ခွေးရူးပြန်ကာကွယ်ဆေးနှင့် ကလေးငယ်များ ထိုးနှံပေးသော ပုံမှန်ကာကွယ်ဆေးများကို ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများသို့ အအေး လမ်းကြောင်းမပျက် ပို့ဆောင်၍ သိုလှောင်ထားရှိနိုင်ရေးစီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ၁၀--၂၀၂၆ ရက်တွင် မြွေဆိပ် ဖြေဆေးအနေဖြင့် ဝမ်းတွင်းမြို့နယ်ဆေးရုံတွင် ၉၅ လုံး၊ တိုက်နယ်ဆေးရုံ ၄ ရုံတွင် ၁၇၀ လုံးရှိပါကြောင်း၊ တမာကုန်းကျေးလက်ကျန်းရေးဌာနတွင်လည်း မြွေဆိပ်ဖြေဆေး ၂ လုံးရှိပါကြောင်း၊ ခွေးရူးပြန် ကာကွယ်ဆေးအနေဖြင့် မြို့နယ်ဆေးရုံတွင် ၅၀ လုံးနှင့် တိုက်နယ် ဆေးရုံ ၄ ရုံတွင် ၁၀၀ လုံး လက်ကျန် ရှိနေပါကြောင်း ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးမျိုးမြင့်သိန်း(ဝမ်းတွင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံ များ၏ပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှုများကို လေ့လာကြည့် သည့်အခါအလွန်အားရစရာ စောင့်ရှောက်မှုဆောင်ရွက်ပြီး တိုးတက်ခေတ်မီသည် ကိုသိရှိရပါ ကြောင်း၊ ဖွံ့ဖြိုးဆဲ မိမိတို့မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးရုံများလည်း ယခုအခါ ကျန်းမာရေးစောင့်ရှောက်မှုသည် တိုးတက်ကောင်းမွန် လာပြီဖြစ်ကာ ပိုပြီးတိုးတက်အောင်မြင် နေသည်မှာ ပုဂ္ဂလိကဆေးရုံများ ဖြစ်နေသည်ကို အားလုံးသိရှိသည့် အတိုင်းဖြစ်ကြောင်း၊ ၎င်းဆေးရုံများတွင် ကုသလျှင် ကုန်ကျစရိတ်သည် ကြောက်ခမန်းလိလိအလွန်များပြား ပါကြောင်း၊ ပညာရေးဌာနမှ ဝင်ငွေနည်းသည့် ကျောင်းဆရာ၊ ဆရာမတွေက ကျူရှင်ပြခွင့်မရှိသော်လည်း နိုင်ငံ့ ဝန်ထမ်းချင်း အတူတူ ဆရာဝန်လိုအပ်နေသည်ဟုဆိုသော်လည်း ၎င်းပုဂ္ဂလိကဆေးရုံများတွင် တာဝန်ယူကုသပေးနေသည့် သူများသည် ဝန်ကြီးဌာနမှ ဆရာဝန်များနှင့် CDM ပြုလုပ်ထား သည့်ပုဂ္ဂိုလ် များဖြစ်သည်ကို မည်သည့်မြို့တွင် ဖွင့်လှစ်ထားသည့်အပြင်ဆေးရုံဖြစ်ပြီး စိစစ် ကြည့်လျှင်သိရှိနိုင်ပါကြောင်း၊ ထို့ကြောင့် အခြေခံလူတန်းစားအလွှာများ သက်သာ လွယ်ကူစွာ ကုသနိုင်ရန်အတွက် ဝမ်းတွင်းမြို့နယ်၊ တမာကုန်းတိုက်နယ်ဆေးရုံ အဆင့်တိုးမြှင့်ရေးအပါအဝင် နိုင်ငံအတွင်းရှိလိုအပ်သည့်နေရာများတွင် ဝန်ကြီးဌာနချမှတ်ထားသည့် မူဝါဒများကို လျှော့ပေါ့ သက်ညှာစဉ်းစားပြီး ခွင့်ပြုပေးနိုင်ပါရန်နှင့် အနီးစပ်ဆုံးခုနှစ်တွင် တမာကုန်းတိုက်နယ်ဆေးရုံအဖြစ် ခွင့်ပြုပေးနိုင်ခြင်းရှိ မရှိမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်းမှ 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးရုံများအဆင့်မြှင့်တင်ခြင်း၊ အသစ်ဖွင့်လှစ်ခြင်း တို့နှင့်စပ်လျဉ်း၍ မူဝါဒတရားသေကိုင်စွဲထားမှုမရှိပါကြောင်း၊ ဦးစားပေးအစီအစဉ်အရသာ ဆောင်ရွက် တာဖြစ်ပါကြောင်း၊ (ဒေသလိုအပ်ချက်ရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသည့် တမာကုန်းသည်  အမှန်တကယ် ကျေးလက်ကျန်းမာရေးဌာနတွင် လူဦးရေ (Population) အရ ၂၀,၀၀၀ ကျော်ရှိသည့် အတွက် တိုက်နယ်ဆေးရုံတစ်ရုံဆောက်မည်ဆိုလျှင် ဖြစ်နိုင် မည့်အနေအထားရှိပါကြောင်း၊ ()အချက်မှာ ကျန်းမာရေးစောင့်ရှောက်မှု လက်ရှိပေး နေသည့်အခြေအနေမှာ တစ်နေ့ကို ပြင်ပ လူနာ ၁၃ ဦးခန့်ရှိပြီးဆေးရုံတင်ရန်လိုအပ်ပြီး ဆက်လက်ကုသမှုခံယူရန် လွှဲအပ်သည့် လူနာ မှာ တစ်နေ့ကို ၁ ဦးနှုန်းသာ စိစစ်တွေ့ရှိရပါကြောင်း၊ တိုက်နယ်ဆေးရုံ ၁ ရုံမှာ ၁၆ ခုတင်ဆံ့ ဆေးရုံဖြစ်ပြီး အတွင်းလူနာများ ပိုမိုကုသနိုင်မည့် အခြေအနေရှိကြောင်း။

နောက်တစ်ချက်‌မှာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ၊ ယခင်ပြောသကဲ့သို့ အင်အား ပြုန်းတီးမှုနှင့် အင်အားနည်းနေသေးသည့် အခြေအနေကြောင့် ပြန်လည်ဖြည့်တင်းခြင်းကို စနစ် တကျ ဆောင်ရွက်၍ ဖွင့်လှစ်ထားရှိပြီးဖြစ်သည့် ဆေးရုံများမှ အင်အားပြည့်ဆောင်ရွက် နိုင်ရန် အတွက် ဦးစားပေးဆောင်ရွက်နေရချိန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လတ်တလော ဦးစားပေးနိုင်ခြင်းမရှိသေးကြောင်းသာ ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။