MY EN

(ည)- ဦးစန်းမြင့်(မြစ်သားမဲဆန္ဒနယ်)-မေးခွန်း

2026-07-13
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးစန်းမြင့်(မြစ်သားမဲဆန္ဒနယ်)

မြင်းခြံ-မြစ်သားလမ်းနှင့်ဆက်သွယ်ထားသော ခရိုင်ပတ်လမ်း(နွားလျှာရိုးကျေးရွာအထိအား ကွန်ကရစ် လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ဖောက်လုပ်ပေးရန်အစီအစဉ်ရှိ မရှိနှင့် ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ယခုတင်ပြမည့်လမ်းသည် မြင်းခြံ-မြစ်သား ကတ္တရာ လမ်းမကြီးမှ တမာပင်ကျေးရွာအုပ်စု၊ ညောင်ဂျစ်ကျေးရွာအုပ်စု၊ နွားလျှာရိုးကျေးရွာအုပ်စုများသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ကျောက်ချောလမ်းဖြစ်ပါကြောင်း၊ ယင်းကျေးရွာများသည် လွတ်လပ်ရေး ရပြီးကာလမှစ၍ ခေတ် အဆက်ဆက် မြို့ပြနှင့်လမ်းပန်းဆက်သွယ်မှု မလွယ်ကူခဲ့သည့်အတွက် မိသားစုတိုင်း၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးများတွင် နောက်ကျခဲ့ရသည့်ဒေသလည်းဖြစ်ပါကြောင်း၊ ယင်း ဖွံ့ဖြိုးမှု နောက်ကျ ခြင်းမှ ကုစားနိုင်ရန်အတွက် ပထမခြေလှမ်းအဖြစ် ၁၉၉၃-၁၉၉၄ ခုနှစ်ခန့်က နဝတ အစိုးရကာလ တွင်သာ ဖော်ပြပါကျေးရွာအုပ်စု ၃ အုပ်စုမှ အိမ်ထောင်စု ၉၀၀ ကျော်သည် အိမ်ထောင်စုတစ်စုလျှင် အရှည်ပေ ၂၀၊ အကျယ် ၁၈ ပေ၊ အမြင့် ၂ ပေနှုန်း ခွဲတမ်းယူပြီး ယခုလမ်းကို မြေသားလမ်းအဖြစ် ကိုယ်ထူကိုယ်ထ စုပေါင်းလုပ်အားနှင့် ဖောက်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့နောက် နယကအစိုးရ ကာလတွင် မြေသားလမ်းမှဂျင်းလမ်းအဖြစ်လည်းကောင်း၊ ဒီမိုကရေစီ အစိုးရသမ္မတကြီးဦးသိန်းစိန် ကာလ ၂၀၁၃-၂၀၁၄ ခုနှစ်ခန့်တွင် ကျောက်ချောလမ်း အဖြစ် လည်းကောင်း၊ ဒေသ၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်အရ အဆင့်ဆင့် တိုးမြှင့်ဖောက်လုပ်ပေးခဲ့သည့် လမ်းပိုင်းလည်း ဖြစ်ပါကြောင်း။

အဆိုပါလမ်းကို အသုံးပြုသွားလာနေကြသည့် ကျေးရွာများမှာ အိမ်ထောင်စု အားဖြင့် ၁,၅၃၆ စု၊ လူဦးရေအားဖြင့် ၇,၄၂၂ ဦးရှိပြီး ကင်းတားဆည်ရေသောက်မိုးစပါးအပါအဝင် သီးနှံစုံစိုက်ပျိုး နိုင်သည့်  လယ်မြေ ၆,၀၀၀ ကျော်ဧက၊ အ..ကကျောင်း ၁ ကျောင်း၊ မူလတန်းလွန် ကျောင်း ၁ ကျောင်း၊ မူလတန်းကျောင်း ၃ ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၂ ခု၊ မြစ်ရေတင် စီမံကိန်း ရေပေးဝေရေး ၂ ခု၊ အသားထုတ်လုပ်သော အသားစားကြက်ခြံငယ်များ၊ ငါးမွေးမြူရေး ကန်ငယ်များ နှင့် မိသားစုနွားမွေးမြူရေးလုပ်ငန်းပေါင်း ၁၀၀ ခန့်ရှိပါကြောင်း၊ ထိုကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများတွင် ဖွံ့ဖြိုးတိုးတက်သောဒေသမှ ပြည်သူများသည် မြို့ပြကို ဆက်သွယ်သည့်အခါတွင် တင်ပြပါလမ်းကိုသာ အသုံးပြုနေကြရတာဖြစ်၍ ၎င်းလမ်းသည် ရာသီမ ရွေး သွားလာနိုင်ရေးအတွက် အထူးလိုအပ်လျက်ရှိပါကြောင်း။

အဆိုပါလမ်းသည် မိုးရာသီမိုးများသည့်ကာလတွင် ရေကြီးရေလျှံမှုကြောင့်လမ်းပေါ် ရေဖြတ် ကျော်ခြင်းများ၊ တချို့လမ်းပိုင်းများ နိမ့်ဆင်းပြီး ရေဝပ်ခြင်းတို့ကြောင့်သွားလာရေးတွင် ခက်ခဲမှု များ၊ ကြန့်ကြာမှုများ နှစ်စဉ်ဆိုသလို ကြုံတွေ့ရပါကြောင်း၊ အကယ်၍ ယခုကျောက်ချောလမ်းကို ကတ္တရာလမ်း အဖြစ်အဆင့်မြှင့်တင် ဖောက်လုပ်ပေးလိုက်ပါက ဒေသခံကျေးရွာနေပြည်သူများ အတွက် ဘဝကူးစရာမလိုဘဲ လောကနိဗ္ဗာန်ကောင်းကျိုးကို ရရှိခံစားကြရမည်မှာ အမှန်သာ ဖြစ်လို့ မိမိ အနေဖြင့် ကျောက်ချောလမ်းမှ ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ဖောက်လုပ်ပေးရန် တင်ပြတောင်းဆိုရခြင်းဖြစ်ပါကြောင်း၊ သို့ပါ၍ မြစ်သား မြို့နယ်၊ မြင်းခြံ-မြစ်သားကတ္တရာလမ်းမှ တမာပင်ကျေးရွာ၊ ညောင်ဂျစ်ကျေးရွာ၊ နွားလျှာရိုး ကျေးရွာများသို့ ဆက်သွယ် ဖောက်လုပ်ထားသော အရှည် ၃ မိုင်ကျော်ခန့်ရှိ ကျောက်ချောလမ်းအား ကတ္တရာ သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ မရှိနှင့် အစီ အစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး

မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြားသွားမည်ဖြစ်ပါကြောင်း။

မန္တလေး တိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မြင်းခြံလမ်းကနေပြီး နွားလျှာရိုးရွာကိုသွားသည့် တည်နေရာပြ မြေပုံဖြစ်ပြီး ရွာအဝင်မှ ညောင်ဂျစ်ရွာအဝင်ထိ ၁ မိုင်နှင့် ၂ ဖာလုံ တင်ပြ ပါနေရာသည် ကျောက်ချောလမ်းဖြစ်ပါကြောင်း၊ အဝင်လမ်းမှ တင်ပြပါနေရာ ညောင်ဂျစ်ကျေးရွာ အထိ၂မိုင်ရှိ ပါကြောင်း၊ ညောင်ဂျစ်ရွာအဝင်မှ နွားလျှာရိုးရွာ အဝင်ထိ ၁ မိုင်နှင့် ၄ ဖာလုံ ဖြစ်ပါကြောင်း၊ စုစုပေါင်း ပြောမည်ဆိုလျှင် ညောင်ဂျစ်ရွာအတွင်း နှင့် ညောင်ဂျစ်ရွာအဝင်ထိ ၃ မိုင်နှင့် ၄ ဖာလုံ ဒါကို ကတ္တရာလမ်းခင်းခိုင်းခြင်းဖြစ်ပါကြောင်း၊ ညောင်ဂျစ်ရွာအတွင်းနှင့် ညောင်ဂျစ်ရွာအဝင်မှ နွားလျှာ ရိုးရွာ အထိ တင်ပြပါလမ်းသည် ၁၃ ပေ အကျယ်ခန့်သာရှိသည့်နေရာဖြစ်သည်ကို စိစစ်တွေ့ရှိ ရပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊မြစ်သားမြို့နယ်၊ နွားလျှာရိုး၏ လက်ရှိမြေသား လမ်း သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ကျေးလက်လမ်းဦးစီးဌာနပိုင်၊ တိုင်းဒေသကြီးမှ စီမံခန့်ခွဲပြီး Class(A)အဆင့်ရှိသည့် လမ်းဖြစ်ပါကြောင်း၊ မြင်းခြံလမ်းမှ နွားလျှာရိုး အထိ၂ မိုင်နှင့် ၆ ဖာလုံကို ကတ္တရာခင်းမည်ဆိုလျှင် ၁.၄ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ပါ ကြောင်း၊ မြင်းခြံ-မြစ်သား ကတ္တရာလမ်းမှ နွားလျှာရိုးအထိ ကတ္တရာလမ်းအဆင့်မြှင့်တင်မည်ဆိုလျှင် လက်ရှိ ရရှိ သည့်လမ်းကို လမ်းအကျယ်သတ်မှတ်ချက်ရအောင် လမ်းတာပေါင်ချဲ့ခြင်း၊ အမာခံခင်း ခြင်းတို့ ဦးစွာ ဆောင်ရွက် ရပါကြောင်း၊ထိုသို့ တာပေါင်ချဲ့မည်ဆိုလျှင် ငွေကျပ် ၅၇ သန်းခန့်နှင့် အမာခံ ဂျင်းကျောက် ၄ လက်မ ခင်း မည်ဆိုလျှင် ၃၉ သန်း စုစုပေါင်း ၉၆ သန်းခန့် ကုန်ကျမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေနှင့် ၁ မိုင်၊ ၄ ဖာလုံကို မြေသားလမ်းချဲ့ခြင်း၊ မြေနီခင်းခြင်းကို ဦးစွာလျာထားပေးမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး လမ်း၏လိုအပ်မှု အခြေအနေ၊ ဦးစားပေးမှုအလိုက်ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီးဦးစားပေးရွေးချယ်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ဖြေကြားခဲ့ပါသည်။